ပလစ်စတစ်အမှိုက်တွေကြောင့် ပင်လယ်ပြင်အတွင်းမှာ အမှိုက်တွေစုပုံနေတာကို လူတိုင်းသိရှိကြပေမယ့် ယခုအချိန်ထိတော့ သေချာတဲ့ ဖြေရှင်းချက် မရရှိသေးပါဘူး။ ထုတ်ပြန်ချက်များအရ ကျနော်တို့ နေထိုင်ရာ ကမ္ဘာကြီးရဲ့ ပင်လယ်ပြင်ထဲမှာ ပလစ်စတစ်ပေါင်း သန်း ၁၅၀ မက်ထရစ် ပမာဏကျော် ရှိနေပါတယ်။ ပလစ်စတစ်အမှိုက်တွေကြောင့် ပင်လယ်ပြင်အတွင်း ဂေဟစနစ်ပျက်စီးယိုယွင်းလာပြီး ၂၀၅၀ ခုနှစ်ရောက်ခဲ့ရင် ပလစ်စတစ်အမှိုက်စုစုပေါင်း အလေးချိန်ဟာ ပင်လယ်ပြင်အတွင်းမှာရှိတဲ့ ငါးများရဲ့ အလေးချိန်ထက် ပိုမိုများပြားတော့မှာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် ပင်လယ်ပြင်အတွင်းမှ ပလစ်စတစ်တွေကို ဖယ်ရှားဖို့ အစီအစဉ်ရေးဆွဲနိုင်သူကို ဆုကြေးအဖြစ် အမေရိကန် ဒေါ်လာ ၂ မီလီယံ ပေးမယ်လို့ ကြေငြာခဲ့ပါတယ်။ ဆုကြေးရဖို့ စိန်ခေါ်မှု အချက် ၂ ချက်ရှိပါတယ်။ အဲ့ဒါတွေကတော့
၁။ ပြန်လည်အသုံးချမှု ဒီဇိုင်း
လူအတော်များများသိထားတာကတော့ ပလစ်စတစ်အမှိုက်တွေကို ပြန်လည်အသုံးချခြင်း ဖြစ်ပါတယ်။ Recycled လို့ လွယ်လွယ်ပြောနိုင်ပေမယ့် လက်တွေ့မှာ ကျနော်တို့သိသလောက်အသိဉာဏ်နဲ့ recycled process လုပ်လို့မရပါဘူး။ ပင်လယ်ပြင်ထဲက ပလပ်စတစ်အမှိုက်တွေကို ဘယ်လိုနေရာမှာ ဘယ်လို ထုတ်ကုန်အဖြစ် စီးပွားဖြစ် ထုတ်လုပ်နိုင်မလဲဆိုတာပါ။ စက်ရုံအတော်များများကတော့ ပလစ်စတစ်အမှိုက်တွေကို စီးပွားဖြစ်ထုတ်လုပ်ဖို့ တော်ရုံ မကြိုးစားကြပါဘူး။ နိုင်ငံအတော်များများမှာလည်း recycled လုပ်တယ်ဆိုတာ စီးပွားဖြစ်မဟုတ်ဘဲ လိုအပ်တဲ့ နေရာတွေကို ပြန်လည် အစားထိုး ဖြည့်ဆည်း ထုတ်ကုန်အဖြစ် လုပ်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အကြံဉာဏ်မျိုး ဒီဇိုင်းဆွဲနိုင်မလို့ အတော်လေး ကြိုးစားရပါမယ်။ အကယ်၍များ ပြန်လည်အသုံးချမှုဒီဇိုင်းနဲ့ပတ်သတ်ပြီးတော့ ဆုကြေး အမေရိကန် ဒေါ်လာ ၁ မီလီယံ ပေးထားပါတယ်။
၂။ အသုံးပြုမည့် ပလစ်စတစ်ကုန်ကြမ်း
ထုတ်ကုန်တစ်ခုကို ပလပ်စ်စတစ်အမှိုက်နေ ထုတ်မယ်လို့ အကြမ်းဖျဉ်းပြောလို့ရပေမယ့် တွေ့သမျှ ပလစ်စတစ်တွေနဲ့ ထုတ်လို့မရသေးပါဘူး။ ဓာတုဗေဒ အရ ပလစ်စတစ် ၇ မျိုး ရှိပြီး တစ်ခုခြင်းဆီမှာ မတူညီတဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒါ့အပြင် အလွှာပေါင်းများစွာပါဝင်တဲ့ ပလပ်စ်စတစ်တွေကို ပြန်လည်အသုံးပြုရာမှာ အချို့ပလပ်စ်စတစ် အမျိုးအစားတွေဟာ အစားအသောက်ထုတ်ပိုးမှုအတွက် ပြန်လည် အသုံးပြုနိုင်တာ ရှိသလို လုံးဝအသုံးမပြုသင့်တဲ့ အမျိုးအစားတွေလည်းရှိပါတယ်။ ဒါပေမယ့် ပင်လယ်ထဲကနေ သယ်ယူလိုက်တဲ့ ပလပ်စ်စတစ်အမှိုက်တွေကတော့ ရောသွားပြီ ဖြစ်တဲ့အတွက် ဒါတွေကို ခွဲခြားနိုင်ဖို့ နည်းပညာ ဒီဇိုင်းလိုအပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်တော်မယ့် ထုတ်ကုန်ပစ္စည်းအမျိုးအစားတိုင်းအတွက် မတူညီတဲ့ ပလပ်စ်စတစ်အမျိုးအစားတွေကို ခွဲခြားပေးဖို့လိုမှာပါ။
ဒါ့အပြင် အခြားသော ထုတ်ကုန်ပစ္စည်းအသစ်တစ်ခုတီထွင်ဖန်တီးနိုင်ဖို့အတွက်လည်း ဒီဇိုင်းပိုင်းဆိုင်ရာ ဆွဲပေးရအုံးမှာ ဖြစ်ပါတယ်။ အကျဉ်းချုပ်အနေနဲ့ပြောရမယ်ဆိုရင် ပင်လယ်ပြင်ထဲက ပလပ်စ်စတစ်အမှိုက်တွေဟာ စီးပွားဖြစ်အနေနဲ့ ပြန်လည်လုပ်ကိုင်နိုင်ဖို့အထိ ဒီဇိုင်းဆွဲအကြံဉာဏ်တောင်းခံလိုက်တာဘဲ ဖြစ်ပါတယ်။
ဆန်းသစ်မြန်မာကို ဖတ်ရှုနေတဲ့ ပရိတ်သတ်ကြီးလည်း အကြံဉာဏ်ပေးနိုင်တယ်ဆိုရင်တော့ ဆုကြေးငွေရရှိအုံးမှာပါ။ ဆုကြေးနဲ့ ပရိုဂမ်အစီအစဉ်ကို အသေးစိတ်သိချင်ရင်တော့ www.ellenmacarthurfoundation.org မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။
Zawgyi Font : ဆုေၾကးေငြ အေမရိကန္ေဒၚလာ ၂ မီလီယံရရွိမယ့္ ပင္လယ္ျပင္အတြင္းမွ ပလစ္စတစ္မ်ားကို ဖယ္ရွားမယ့္ အစီအစဥ္
ပလစ္စတစ္အမိႈက္ေတြေၾကာင့္ ပင္လယ္ျပင္အတြင္းမွာ အမိႈက္ေတြစုပံုေနတာကို လူတိုင္းသိရွိၾကေပမယ့္ ယခုအခ်ိန္ထိေတာ့ ေသခ်ာတဲ့ ေျဖရွင္းခ်က္ မရရွိေသးပါဘူး။ ထုတ္ျပန္ခ်က္မ်ားအရ က်ေနာ္တို႕ ေနထိုင္ရာ ကမၻာၾကီးရဲ႕ ပင္လယ္ျပင္ထဲမွာ ပလစ္စတစ္ေပါင္း သန္း ၁၅၀ မက္ထရစ္ ပမာဏေက်ာ္ ရွိေနပါတယ္။ ပလစ္စတစ္အမိႈက္ေတြေၾကာင့္ ပင္လယ္ျပင္အတြင္း ေဂဟစနစ္ပ်က္စီးယိုယြင္းလာျပီး ၂၀၅၀ ခုႏွစ္ေရာက္ခဲ့ရင္ ပလစ္စတစ္အမိႈက္စုစုေပါင္း အေလးခ်ိန္ဟာ ပင္လယ္ျပင္အတြင္းမွာရွိတဲ့ ငါးမ်ားရဲ႕ အေလးခ်ိန္ထက္ ပိုမိုမ်ားျပားေတာ့မွာ ျဖစ္တယ္လို႕ ထုတ္ျပန္ခဲ့ပါတယ္။
ဒါေၾကာင့္ ပင္လယ္ျပင္အတြင္းမွ ပလစ္စတစ္ေတြကို ဖယ္ရွားဖို႕ အစီအစဥ္ေရးဆြဲႏုိင္သူကုိ ဆုေၾကးအျဖစ္ အေမရိကန္ ေဒၚလာ ၂ မီလီယံ ေပးမယ္လို႕ ေၾကျငာခဲ့ပါတယ္။ ဆုေၾကးရဖို႕ စိန္ေခၚမႈ အခ်က္ ၂ ခ်က္ရွိပါတယ္။ အဲ့ဒါေတြကေတာ့
၁။ ျပန္လည္အသံုးခ်မႈ ဒီဇိုင္း
လူအေတာ္မ်ားမ်ားသိထားတာကေတာ့ ပလစ္စတစ္အမိႈက္ေတြကို ျပန္လည္အသံုးခ်ျခင္း ျဖစ္ပါတယ္။ Recycled လို႕ လြယ္လြယ္ေျပာႏိုင္ေပမယ့္ လက္ေတြ႕မွာ က်ေနာ္တို႕သိသေလာက္အသိဥာဏ္နဲ႕ recycled process လုပ္လို႕မရပါဘူး။ ပင္လယ္ျပင္ထဲက ပလပ္စတစ္အမိႈက္ေတြကို ဘယ္လိုေနရာမွာ ဘယ္လို ထုတ္ကုန္အျဖစ္ စီးပြားျဖစ္ ထုတ္လုပ္ႏုိင္မလဲဆိုတာပါ။ စက္ရံုအေတာ္မ်ားမ်ားကေတာ့ ပလစ္စတစ္အမိႈက္ေတြကို စီးပြားျဖစ္ထုတ္လုပ္ဖို႕ ေတာ္ရံု မၾကိဳးစားၾကပါဘူး။ ႏုိင္ငံအေတာ္မ်ားမ်ားမွာလည္း recycled လုပ္တယ္ဆိုတာ စီးပြားျဖစ္မဟုတ္ဘဲ လိုအပ္တဲ့ ေနရာေတြကို ျပန္လည္ အစားထိုး ျဖည့္ဆည္း ထုတ္ကုန္အျဖစ္ လုပ္ၾကတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီလို အၾကံဥာဏ္မ်ိဳး ဒီဇိုင္းဆြဲႏုိင္မလို႕ အေတာ္ေလး ၾကိဳးစားရပါမယ္။ အကယ္၍မ်ား ျပန္လည္အသံုးခ်မႈဒီဇိုင္းနဲ႕ပတ္သတ္ျပီးေတာ့ ဆုေၾကး အေမရိကန္ ေဒၚလာ ၁ မီလီယံ ေပးထားပါတယ္။
၂။ အသံုးျပဳမည့္ ပလစ္စတစ္ကုန္ၾကမ္း
ထုတ္ကုန္တစ္ခုကို ပလပ္စ္စတစ္အမိႈက္ေန ထုတ္မယ္လို႕ အၾကမ္းဖ်ဥ္းေျပာလို႕ရေပမယ့္ ေတြ႕သမွ် ပလစ္စတစ္ေတြနဲ႕ ထုတ္လို႕မရေသးပါဘူး။ ဓာတုေဗဒ အရ ပလစ္စတစ္ ၇ မ်ိဳး ရွိျပီး တစ္ခုျခင္းဆီမွာ မတူညီတဲ့ ဂုဏ္သတၱိရွိပါတယ္။ ဒါ့အျပင္ အလႊာေပါင္းမ်ားစြာပါ၀င္တဲ့ ပလပ္စ္စတစ္ေတြကို ျပန္လည္အသံုးျပဳရာမွာ အခ်ိဳ႕ပလပ္စ္စတစ္ အမ်ိဳးအစားေတြဟာ အစားအေသာက္ထုတ္ပိုးမႈအတြက္ ျပန္လည္ အသံုးျပဳႏုိင္တာ ရွိသလို လံုး၀အသံုးမျပဳသင့္တဲ့ အမ်ိဳးအစားေတြလည္းရွိပါတယ္။ ဒါေပမယ့္ ပင္လယ္ထဲကေန သယ္ယူလိုက္တဲ့ ပလပ္စ္စတစ္အမိႈက္ေတြကေတာ့ ေရာသြားျပီ ျဖစ္တဲ့အတြက္ ဒါေတြကို ခြဲျခားႏုိင္ဖို႕ နည္းပညာ ဒီဇိုင္းလိုအပ္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္ေတာ္မယ့္ ထုတ္ကုန္ပစၥည္းအမ်ိဳးအစားတိုင္းအတြက္ မတူညီတဲ့ ပလပ္စ္စတစ္အမ်ိဳးအစားေတြကို ခြဲျခားေပးဖို႕လိုမွာပါ။
ဒါ့အျပင္ အျခားေသာ ထုတ္ကုန္ပစၥည္းအသစ္တစ္ခုတီထြင္ဖန္တီးႏုိင္ဖို႕အတြက္လည္း ဒီဇိုင္းပိုင္းဆိုင္ရာ ဆြဲေပးရအံုးမွာ ျဖစ္ပါတယ္။ အက်ဥ္းခ်ဳပ္အေနနဲ႕ေျပာရမယ္ဆိုရင္ ပင္လယ္ျပင္ထဲက ပလပ္စ္စတစ္အမိႈက္ေတြဟာ စီးပြားျဖစ္အေနနဲ႕ ျပန္လည္လုပ္ကိုင္ႏိုင္ဖို႕အထိ ဒီဇိုင္းဆြဲအၾကံဥာဏ္ေတာင္းခံလိုက္တာဘဲ ျဖစ္ပါတယ္။
ဆန္းသစ္ျမန္မာကို ဖတ္ရႈေနတဲ့ ပရိတ္သတ္ၾကီးလည္း အၾကံဥာဏ္ေပးႏုိင္တယ္ဆိုရင္ေတာ့ ဆုေၾကးေငြရရွိအံုးမွာပါ။ ဆုေၾကးနဲ႕ ပရိုဂမ္အစီအစဥ္ကို အေသးစိတ္သိခ်င္ရင္ေတာ့ www.ellenmacarthurfoundation.org မွာ ၀င္ေရာက္ ေလ့လာႏုိင္ပါတယ္။