Home News မြောက်ကိုးရီးယားတို့၏ ဒုံးကျည်ကို တိုက်ချင်းပစ်ဒုံးကျည်စနစ်ဖြင့် ကာကွယ်ရန် အမေရိကန်စီစဉ်
မြောက်ကိုးရီးယားတို့၏ ဒုံးကျည်ကို တိုက်ချင်းပစ်ဒုံးကျည်စနစ်ဖြင့် ကာကွယ်ရန် အမေရိကန်စီစဉ်
0
ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့မှာ မြောက်ကိုးရီးယားဟာ ဒုတိယအကြိမ် ဒုံးကျည်စမ်းသပ်မှုပြုလုပ် အောင်မြင်ပြီးနောက်မှာ အမေရိကန်နိုင်ငံကိုပါ ခြိမ်းခြောက်လာခဲ့ပါတယ်။ မြောက်ကိုးရီးယားတို့ရဲ့ ICBM ဒုံးကျည်ဟာ နူကလိယားထိပ်ဖူး သယ်ဆောင်နိုင်ပြီ ဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်ကြေငြာထားပြီး အမေရိကန်နဲ့ ပစိဖိတ်ဒေသကြီးတို့ဟာ မြောက်ကိုးရီးယားတို့ရဲ့ စက်ကွင်းအတွင်း ရောက်ရှိနေပြီလို့ ခြိမ်းခြောက်ထားခြင်း ဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန်အနေနဲ့ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲြ့ပီး မြောက်ကိုးရီးယားတို့၏ လက်နက်စမ်းသပ်မှုဟာ အရှိန်အဟုန်မြင့်စွာနဲ့ တိုးတက်လာတာကို ငြင်းဆန်၍ မရကြောင်း အမေရိကန်ထောက်လှမ်းရေး ဌာနမှ အတည်ပြုပေးခဲ့ပါတယ်။ ဒါ့အပြင် မြောက်ကိုးရီယားတို့ရဲ့ နူကလိယားလက်နက်စမ်းသပ်မှုကို အချိန်မှီမတားဆီးပါက အမေရိကန်၏ အချုပ်အခြာအာဏာနှင့် အကျိုးစီးပွားကို ထိခိုက်လာနိုင်ကြောင်း အမေရိကန်ထောက်လှမ်းရေးဌာနမှ ပင်တဂွန်စစ်ဌာနချုပ်အား သတိပေးခဲ့ပါတယ်။
လက်ရှိမှာ ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် တိုက်ချင်းပစ်ဒုံးခွင်းစနစ်များအား ပြင်ဆင်နေပြီ ဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ မြောက်ကိုးရီးယားတို့၏ ဒုံးကျည်များ အမေရိကန်သို့ ပစ်လွှတ်ပါက တိုက်ချင်းပစ်ဒုံးကျည်များဖြင့် ပြန်လည်ခုခံ ဖျက်စီးနိုင်ကြောင်း ကြေငြာလိုက်ပါတယ်။
အမေရိကန်တို့၏ တိုက်ချင်းပစ်ဒုံးကျည်စနစ်မှာ ၁၉၉၉ ခုနှစ်ထဲက စမ်းသပ် အောင်မြင်ခဲ့ပြီး စစ်ပွဲများတွင်လည်း အသုံးပြုခဲ့ပါတယ်။ နောက်ဆုံးအကြိမ်စမ်းသပ်ထားတာကတော့ ၂၀၁၄ ခုနှစ်ကဖြစ်ပါတယ်။ တိုက်ချင်းပစ်ဒုံးခွင်းဒုံးကျည်များမှာ မြောက်ကိုးရီးယားတို့၏ ICBM ဒုံးကျည်ကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သို့သော်လည်း အမေရိကန်မှ ပို၍ သေချာအောင် လက်ရှိအခြေအနေမှာ တိုက်ချင်းပစ်ဒုံးကျည်များအား ပြင်ဆင်နေပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။
Zawgyi Font : မြောက်ကိုးရီးယားတို့၏ ဒုံးကျည်ကို တိုက်ချင်းပစ်ဒုံးကျည်စနစ်ဖြင့် ကာကွယ်ရန် အမေရိကန်စီစဉ်
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: