Home News ဖိလစ်ပိုင်တောင်ပိုင်းတွင် မွတ်စလင်အကြမ်းဖက်များနှင့် စစ်တပ်တို့ ထိပ်တိုက်ထိုးစစ်ဆင်

ဖိလစ်ပိုင်တောင်ပိုင်းတွင် မွတ်စလင်အကြမ်းဖက်များနှင့် စစ်တပ်တို့ ထိပ်တိုက်ထိုးစစ်ဆင်

0

ဖိလစ်ပိုင်တောင်ပိုင်းဒေသရှိ မာရာဝီမြို့ကို မွတ်စလင်အကြမ်းဖက်သမားများအုပ်စုမှ သိမ်းပိုက်ထားပြီး အဆိုပါ နေရာကို ပြန်လည်ရယူရန် ဖိလစ်ပိုင်စစ်တပ်မှ စစ်ဆင်ရေးဆင်နွှဲခဲ့သည်။ အဆိုပါ မွတ်စလင်သူပုန်များမှာ IS အကြမ်ဖက် အဖွဲ့များ၏ သစ္စာခံဖြစ်ပြီး ဖိလစ်ပိုင်တောင်ပိုင်း မာရဝီမြို့အား သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်အစိုးရအနေဖြင့် မွတ်စလင်အကြမ်းဖက်များ သိမ်းပိုက်လိုက်သည့် မာရာဝီမြို့အား စစ်ဆင်ရေး ဆင်နွှဲရန် အတွက် အထူးလေ့ကျင့်ရေးတပ်သား ၁၀၀ ခန့်ကို ကို စေလွှတ်တပ်ဖြန့်လိုက်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် အင်္ဂါနေ့တွင် ဖိလစ်ပိုင်စစ်တပ်နှင့် အကြမ်းဖက်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မာရာဝီမြို့အား ပြန်လည် မရရှိသေး ကြောင်း သိရှိရသည်။

ထို့ကြောင့် ဖိလစ်ပိုင်စစ်တပ်အနေဖြင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် အထူးစစ်သားများအား မေရာဝီမြို့တွင် တပ်ဖြန့်ကာ မြို့တော်အား ပြန်လည် သိမ်းပိုက်မည် ဖြစ်သည်။ မွတ်စလင်အကြမ်းဖက်သမားများ မေရာဝီမြို့အပြင် နောက်ထပ် အခြားမြို့များဆီ မပျံ့နှံ့ရေးအတွက် စစ်အုပ်ချုပ်မှုဥပဒေ သတ်မှတ်ခဲ့သည်။ ထို့ကြောင့် တစ်ခုခုဖြစ်ပါက စစ်တပ်မှ အသေပစ်သတ်ပိုင်ခွင့်ရှိသည်။

မွတ်စလင်အကြမ်းဖက်အဖွဲ့များသည် ခရစ်ယာန်ဘာသာဝင်များအား လူသားဒိုင်းအဖြစ် အသုံးချကာ တိုက်စစ်ဆင်ခဲ့သည့် အတွက် ပြီးခဲ့သည့် အင်္ဂါနေ့တွင် ဖိလစ်ပိုင်စစ်တပ်အနေဖြင့် မေရာဝီမြို့အား ပြန်လည် မသိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။

Zawgyi Font : ဖိလစ္ပိုင္ေတာင္ပိုင္းတြင္ မြတ္စလင္အၾကမ္းဖက္မ်ားႏွင့္ စစ္တပ္တို႕ ထိပ္တိုက္ထိုးစစ္ဆင္

ဖိလစ္ပိုင္ေတာင္ပိုင္းေဒသရွိ မာရာ၀ီျမိဳ႕ကို မြတ္စလင္အၾကမ္းဖက္သမားမ်ားအုပ္စုမွ သိမ္းပိုက္ထားျပီး အဆိုပါ ေနရာကို ျပန္လည္ရယူရန္ ဖိလစ္ပိုင္စစ္တပ္မွ စစ္ဆင္ေရးဆင္ႏႊဲခဲ့သည္။ အဆိုပါ မြတ္စလင္သူပုန္မ်ားမွာ IS အၾကမ္ဖက္ အဖြဲ႕မ်ား၏ သစၥာခံျဖစ္ျပီး ဖိလစ္ပိုင္ေတာင္ပိုင္း မာရ၀ီျမိဳ႕အား သိမ္းပိုက္လိုက္ျခင္း ျဖစ္သည္။

ဖိလစ္ပိုင္အစိုးရအေနျဖင့္ မြတ္စလင္အၾကမ္းဖက္မ်ား သိမ္းပိုက္လိုက္သည့္ မာရာ၀ီျမိဳ႕အား စစ္ဆင္ေရး ဆင္ႏႊဲရန္ အတြက္ အထူးေလ့က်င့္ေရးတပ္သား ၁၀၀ ခန္႕ကို ကို ေစလႊတ္တပ္ျဖန္႕လိုက္ေၾကာင္း သိရွိရသည္။ ျပီးခဲ့သည့္ အဂၤါေန႕တြင္ ဖိလစ္ပိုင္စစ္တပ္ႏွင့္ အၾကမ္းဖက္မ်ား တုိက္ပြဲျပင္းထန္စြာ ျဖစ္ပြားခဲ့ျပီး မာရာ၀ီျမိဳ႕အား ျပန္လည္ မရရွိေသး ေၾကာင္း သိရွိရသည္။

ထို႕ေၾကာင့္ ဖိလစ္ပိုင္စစ္တပ္အေနျဖင့္ တိုက္ခိုက္ေရး ရဟတ္ယာဥ္မ်ားႏွင့္ အထူးစစ္သားမ်ားအား ေမရာ၀ီျမိဳ႕တြင္ တပ္ျဖန္႕ကာ ျမိဳ႕ေတာ္အား ျပန္လည္ သိမ္းပိုက္မည္ ျဖစ္သည္။ မြတ္စလင္အၾကမ္းဖက္သမားမ်ား ေမရာ၀ီျမိဳ႕အျပင္ ေနာက္ထပ္ အျခားျမိဳ႕မ်ားဆီ မပ်ံ႕ႏွံ႕ေရးအတြက္ စစ္အုပ္ခ်ဳပ္မႈဥပေဒ သတ္မွတ္ခဲ့သည္။ ထို႕ေၾကာင့္ တစ္ခုခုျဖစ္ပါက စစ္တပ္မွ အေသပစ္သတ္ပိုင္ခြင့္ရွိသည္။

မြတ္စလင္အၾကမ္းဖက္အဖြဲ႕မ်ားသည္ ခရစ္ယာန္ဘာသာ၀င္မ်ားအား လူသားဒိုင္းအျဖစ္ အသံုးခ်ကာ တိုက္စစ္ဆင္ခဲ့သည့္ အတြက္ ျပီးခဲ့သည့္ အဂၤါေန႕တြင္ ဖိလစ္ပိုင္စစ္တပ္အေနျဖင့္ ေမရာ၀ီျမိဳ႕အား ျပန္လည္ မသိမ္းပိုက္ႏိုင္ျခင္း ျဖစ္သည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: