Home News ခလောက်မြွေကို နမ်းပြဖို့ ကြိုးစားရာမှ လျှာတွင် မြွေပေါက်ခံလိုက်ရသူ

ခလောက်မြွေကို နမ်းပြဖို့ ကြိုးစားရာမှ လျှာတွင် မြွေပေါက်ခံလိုက်ရသူ

0

မြွေတွေကို နမ်းပြဖို့ကြိုးစားတယ်၊ မြွေနဲ့အတူ ကစားပြတယ်ဆိုတာ ရုပ်ရှင်ထဲမှာ၊ ဆပ်ကပ်ပြပွဲတွေမှာ တွေ့ဖူးပေမယ့် လက်တွေ့ဘဝကြီးထဲမှာ မြွေအရိုင်းတစ်ကောင်ကို ယဉ်သွားအောင်လုပ်ပြီး နမ်းပြဖို့ဆိုတာ အတော့်ကို မလွယ်တဲ့ကိစ္စပါ။

ဖလော်ရီဒါ ပြည်နယ်မှ အမျိုးသားတစ်ယောက်ဟာ ခလောက်မြွေကို နမ်းပြဖို့ကြိုးစားခဲ့ပါတယ်။ ကာလီဂေါ့ဖ် အမည်ရတဲ့ အမျိုးသားဟာ သူ့အိမ်နီးနားတစ်ယောက်ရဲ့ အကူအညီနဲ့ ခလောက်မြွေတစ်ကောင်ကို ဖမ်းဆီးခဲ့ပြီး မြွေကို နမ်းပြလိုက်တဲ့အခါ မြွေမှ ငြိမ်ခံမနေနဲ့ဘဲ ပေါက်ချလိုက်တာ ဖြစ်ပါတယ်။

မြွေကို နမ်းနမ်းပြီးချင်း ချက်ချင်းပြန်ဆုတ်ပေမယ့် မြွေရဲ့ လှုပ်ရှားမှုက လူထက်မြန်တဲ့အတွက် ကာလီဂေါ့ဖ်ရဲ့ လျှာကို ပေါက်မိပါတယ်။ ချက်ချင်းဘဲ ဆေးရုံကို ရဟတ်ယာဉ်အကူအညီနဲ့ ပို့လိုက်ရပြီး ကုသမှုခံယူလိုက်ရပါတယ်။ ကံကောင်း ထောက်မစွာနဲ့ဘဲ အသက်မသေဘဲ ချမ်းသာရာရခဲ့ပါတယ်။

Zawgyi Font : ခလောက်မြွေကို နမ်းပြဖို့ ကြိုးစားရာမှ လျှာတွင် မြွေပေါက်ခံလိုက်ရသူ




LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: