Home News အမေရိကန်စစ်သင်္ဘော ကို တောင်တရုတ်ပင်လယ်ပြင်မှ ထွက်ခွာရန် တရုတ်သတိပေး

အမေရိကန်စစ်သင်္ဘော ကို တောင်တရုတ်ပင်လယ်ပြင်မှ ထွက်ခွာရန် တရုတ်သတိပေး

0

တောင်တရုတ်ပင်လယ်မှာ အငြင်းပွားနေတဲ့ ရေပိုင်နက်ပိုင်ဆိုင်မှုအရေးကိစ္စနဲ့ ပတ်သတ်ပြီး တရုတ်ဟာ အပြည်ပြည်ဆိုင်ရာဥပဒေသတ်မှတ်ချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်စစ်သင်္ဘောတစ်စီးကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ စေလွှတ်ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ပြင် ရေပိုင်နက်ဟာ အပြည်ပြည်ဆိုင်ရာ ရေကြောင်းသတ်မှတ်ချက်အရ မည်သူမှ မပိုင်သော အပြည်ပြည်ဆိုင်ရာရေပိုင်နက်အဖြစ် သတ်မှတ်ထားပါတယ်။ သို့သော်လည်း တရုတ်ဟာ လူလုပ် ကျွန်းအတုများ တည်ဆောက်ပြီး နိုင်ငံ၏ ပိုင်နက်ကိုချဲ့ထွင်သဖြင့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူးနိုင်း၊ မလေးရှားနဲ့ ထိုင်ဝမ် တို့နှင့် နိုင်ငံရေးတင်းမာမှုများ ဖြစ်ခဲ့ပါတယ်။

တစ်ချိန်ထဲမှာဘဲ တရုတ်က အပြည်ပြည်ဆိုင်ရာ ဥပဒေသတ်မှတ်ချက်ကို ချိုးဖောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်စစ်သင်္ဘော USS Dewey ကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်မှလည်း အမေရိကန်၏ လုပ်ရပ်သည် တရုတ်နိုင်ငံ၏ လုံခြုံရေး ၊ ကိုယ်ကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို ထိပါးနေသဖြင့် စစ်သင်္ဘောအား ပြန်လည်ဆုတ်ခွာရန် သတိပေးခဲ့သည်။ ထို့အပြင် အမေရိကန်နှင့် တရုတ်တို့၏ စီးပွားရေးလုပ်ငန်းများကိုလည်း ထိခိုက်လာနိုင်ကြောင်း သတိပေးလိုက်သည်။

Zawgyi Font : အမေရိကန်စစ်သင်္ဘော ကို တောင်တရုတ်ပင်လယ်ပြင်မှ ထွက်ခွာရန် တရုတ်သတိပေး




LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: