Home News Xiaomi Mi Max 2 ရဲ့ ထူးခြားချက်က ဘာလဲ ?

Xiaomi Mi Max 2 ရဲ့ ထူးခြားချက်က ဘာလဲ ?

0

Xiaomi ဟာ မျက်နှာပြင်ကြီးကြီးနဲ့ စမတ်ဖုန်းအသုံးပြုသူများအတွက် Mi Max ကို ၂၀၁၆ ခုနှစ်ထဲက စတင်မိတ်ဆက်ရောင်းချခဲ့ပြီး အောင်မြင်မှုများရယူခဲ့ပါတယ်။ Xiaomi အနေနဲ့ Mi Max ရဲ့ အောင်မြင်မှုကို ထပ်မံမြှင့်တင်ဖို့ ၂၀၁၇ ခုနှစ် မေလ ၂၅ ရက်နေ့မှာ Mi Max 2 ဆိုတဲ့ Mi Max series ရဲ့ ဒုတိယမြောက်မျိုးဆက်အဖြစ်နဲ့ ထပ်မံ မိတ်ဆက်လိုက်ပါတယ်။

Mi Max 2 ဟာ Mi Max series ကို upgrade လုပ်ထားတဲ့ စမတ်ဖုန်းအမျိုးအစားဖြစ်ပြီး ဒုတိယမြောက်မျိုးဆက်အဖြစ်နဲ့ လုပ်ဆောင်ချက်အသစ်တွေကို ထပ်မံပေါင်းစပ်ထားပါတယ်။ ထူးခြားချက်ကအနေနဲ့ အရင်ဆုံး ကင်မရာပိုင်းကို ပြောချင်ပါတယ်။

ကင်မရာပိုင်းစွမ်းဆောင်ရည်

Mi Max 2 ရဲ့ ကင်မရာပိုင်းစွမ်းဆောင်ချက်ဟာ မြင့်မားလာပါတယ်။ အရင် Mi Max ရဲ့ ကင်မရာပိုင်းနဲ့ကို ဘာမှ မဆိုင်ပါဘူး။ Back camera ကို 12 MP ရှိတဲ့ Sony IMX 386 သုံးထားပေးတာ ကြောင့် အလန်းစားဓာတ်ပုံတွေ ရိုက်နိုင်မှာပါ။ Mi 6 မှာသုံးထားပေးတဲ့ ကင်မရာအမျိုးအစားတူတူဘဲ ဖြစ်တာကြောင့် ဓာတ်ပုံရိုက်လိုတဲ့ လုပ်ဆောင်ချက် တစ်ခုထဲနဲ့ Mi 6 ကို ဝယ်စရာမလိုပါဘူး။ Selfie ကတော့ 5MP ဖြစ်ပါတယ်။

sony imx 386

ဘတ်ထရီစွမ်းဆောင်ရည်

Mi Max 2 ဟာ 5300 mAh ပမာဏ ဘတ်ထရီသိုလှောင်နိုင်ပြီး အင်တာနက်ဆက်တိုက်သုံးမယ်ဆိုရင် ၂၁ နာရီအထိ ခံနိုင်ရည်ရှိပါတယ်။ ဗီဒီယိုဆက်တိုက်ကြည့်ရင်တော့ ၁၈ နာရီ ခံနိုင်မှာဖြစ်ပြီး Game ဆက်တိုက်ကစားမယ်ဆိုရင် ၉ နာရီအထိ ကစားနိုင်မှာပါ။ ဖုန်းဆက်တိုက်ပြောမယ်ဆိုရင် ၅၇ နာရီ ခံနိုင်မှာ ဖြစ်ပြီး သီချင်းနားထောင်ရုံဘဲဆိုရင်တော့ ၁၀ ရက်တိတိ ဘတ်ထရီခံနိုင်ပါတယ်။

Quick Charge 3.0

Xiaomi Mi Max 2 ဟာ ဘတ်ထရီသိုလှောင်မှု ပမာဏများလာတာဖြစ်တဲ့အတွက် သူ့ကို အားပြန်သွင်းဖို့ အချိန်ကလည်း သာမန်ထက် ပိုကြာပါလိမ့်မယ်။ အဲ့ဒီအတွက် Quick Charge ဆိုတဲ့ ဘတ်ထရီကို အမြန်အားသွင်းနိုင်မယ့် နည်းပညာ ထည့်သွင်းပေးလာပါတယ်။ ဒါကြောင့် ၁နာရီအတွင်း ၆၈ ရာခိုင်နှုန်းအားပြန်ပြည့်စေမှာပါ။ အားသွင်းဖို့ USB Type-C အဖြစ် မြှင့်တင်လိုက်ပါတယ်။

typec

Hardware Specifications

Hardware ပိုင်းဆိုင်ရာအနေနဲ့ Mi Max 2 ကို Snapdragon 625 တပ်ဆင်ထားပေးပြီး RAM 4GB နဲ့ 6GB နှစ်မျိုး ဝယ်ယူနိုင်မှာပါ။ Storage ကိုလည်း 64GB နဲ့ 1258GB ဆိုပြီး နှစ်မျိုးထုတ်လုပ်ထားတာဖြစ်တဲ့အတွက် မိမိရဲ့ လိုအပ်ချက်နဲ့အညီ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ မျက်နှာပြင်ကိုတော့ ၆.၄၄ လက်မအကျယ်ရှိပြီး Full HD ဖြစ်တဲ့အတွက် ပုံရိပ်တွေကို ပြတ်သားစွာမြင်နိုင်မှာပါ။ ဖုန်းရဲ့ မျက်နှာပြင်ပိုင်းဆိုင်ရာ အနည်းငယ်ပြောင်းလဲချက်ရှိပါတယ်။ Redmi Pro, Mi 5 လိုမျိုး မျက်နှာပြင်ထောင့်ဘက်တွေ အနည်းငယ်ပိုခုံးလာပါတယ်။ Android version 7.0 Nougat ကို MIUI 8 နဲ့ ထောက်ပံ့ပေးထားမှာ ဖြစ်ပါတယ်။

Software Feature

Mi Max 2 ကို MIUI 9 နဲ့ ထွက်လာဖို့ မျှော်လင့်မိခဲ့ပေမယ့် MIUI 8 မှာ feature အချို့ထပ်ပေါင်းထည့်ထားပေးပါတယ်။ ဒါပေမယ့် အဲ့ဒီ feature တွေက Mi Max 2 အတွက်ဘဲ ဖြစ်ပါတယ်။ Split Screen ဆိုတဲ့ လုပ်ဆောင်ချက်ထည့်သွင်းပေးလာပြီး Work Space View တွေဖန်တီးနိုင်မှာပါ။ ဒါ့အပြင် MIUI 9 ထွက်တဲ့အခါ အရင်ဆုံး MIUI 9 ကို ရရှိနိုင်မယ်လို့ ယူဆရပါတယ်။

split-screen

ဈေးနှုန်း

Mi Max 2 ကို ဈေးနှုန်းမြင့်မားခဲ့မယ်ထင်ပေမယ့် ဈေးနှုန်းကတော့ သင့်တင့်ပါတယ်။ RAM 4GB/ 64GB version ကို ၁၆၉၉ ယွမ်ဖြင့် ဝယ်ယူနိုင်ပြီး RAM 6GB/128GB version ကို ၁၉၉၉ ယွမ်ဖြင့် ဝယ်ယူနိုင်ပါတယ်။ မြန်မာငွေဖြင့် တွက်မယ်ဆိုရင် RAM 4GB/64GB ကို ၃သိန်းခွဲကျော်ခန့်ရှိပြီး RAM 6GB/128GB ကို ၄သိန်းကျော်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် စစထွက်ခြင်း မြန်မာပြည်ဈေးကွက်ထဲမှာ ဝယ်မယ်ဆိုရင်တော့ လက်ရှိဖော်ပြထားတဲ့ ဈေးနှုန်းထက် ၆သောင်း ၇ သောင်းဝန်းကျင်ခန့် ဈေးကွာခြားနိုင်ပါတယ်။

Zawgyi Font : Xiaomi Mi Max 2 ရဲ႕ ထူးျခားခ်က္က ဘာလဲ ?

Xiaomi ဟာ မ်က္ႏွာျပင္ၾကီးၾကီးနဲ႕ စမတ္ဖုန္းအသံုးျပဳသူမ်ားအတြက္ Mi Max ကို ၂၀၁၆ ခုႏွစ္ထဲက စတင္မိတ္ဆက္ေရာင္းခ်ခဲ့ျပီး ေအာင္ျမင္မႈမ်ားရယူခဲ့ပါတယ္။ Xiaomi အေနနဲ႕ Mi Max ရဲ႕ ေအာင္ျမင္မႈကို ထပ္မံျမွင့္တင္ဖို႕ ၂၀၁၇ ခုႏွစ္ ေမလ ၂၅ ရက္ေန႕မွာ Mi Max 2 ဆိုတဲ့ Mi Max series ရဲ႕ ဒုတိယေျမာက္မ်ိဳးဆက္အျဖစ္နဲ႕ ထပ္မံ မိတ္ဆက္လိုက္ပါတယ္။

Mi Max 2 ဟာ Mi Max series ကို upgrade လုပ္ထားတဲ့ စမတ္ဖုန္းအမ်ိဳးအစားျဖစ္ျပီး ဒုတိယေျမာက္မ်ိဳးဆက္အျဖစ္နဲ႕ လုပ္ေဆာင္ခ်က္အသစ္ေတြကို ထပ္မံေပါင္းစပ္ထားပါတယ္။ ထူးျခားခ်က္ကအေနနဲ႕ အရင္ဆံုး ကင္မရာပိုင္းကို ေျပာခ်င္ပါတယ္။

ကင္မရာပိုင္းစြမ္းေဆာင္ရည္

Mi Max 2 ရဲ႕ ကင္မရာပိုင္းစြမ္းေဆာင္ခ်က္ဟာ ျမင့္မားလာပါတယ္။ အရင္ Mi Max ရဲ႕ ကင္မရာပိုင္းနဲ႕ကို ဘာမွ မဆိုင္ပါဘူး။ Back camera ကို 12 MP ရွိတဲ့ Sony IMX 386 သံုးထားေပးတာ ေၾကာင့္ အလန္းစားဓာတ္ပံုေတြ ရိုက္ႏုိင္မွာပါ။ Mi 6 မွာသံုးထားေပးတဲ့ ကင္မရာအမ်ိဳးအစားတူတူဘဲ ျဖစ္တာေၾကာင့္ ဓာတ္ပံုရိုက္လိုတဲ့ လုပ္ေဆာင္ခ်က္ တစ္ခုထဲနဲ႕ Mi 6 ကို ၀ယ္စရာမလိုပါဘူး။ Selfie ကေတာ့ 5MP ျဖစ္ပါတယ္။

ဘတ္ထရီစြမ္းေဆာင္ရည္

Mi Max 2 ဟာ 5300 mAh ပမာဏ ဘတ္ထရီသိုေလွာင္ႏုိင္ျပီး အင္တာနက္ဆက္တိုက္သံုးမယ္ဆိုရင္ ၂၁ နာရီအထိ ခံႏိုင္ရည္ရွိပါတယ္။ ဗီဒီယုိဆက္တိုက္ၾကည့္ရင္ေတာ့ ၁၈ နာရီ ခံႏိုင္မွာျဖစ္ျပီး Game ဆက္တိုက္ကစားမယ္ဆိုရင္ ၉ နာရီအထိ ကစားႏုိင္မွာပါ။ ဖုန္းဆက္တိုက္ေျပာမယ္ဆိုရင္ ၅၇ နာရီ ခံႏိုင္မွာ ျဖစ္ျပီး သီခ်င္းနားေထာင္ရံုဘဲဆိုရင္ေတာ့ ၁၀ ရက္တိတိ ဘတ္ထရီခံႏုိင္ပါတယ္။

Quick Charge 3.0

Xiaomi Mi Max 2 ဟာ ဘတ္ထရီသိုေလွာင္မႈ ပမာဏမ်ားလာတာျဖစ္တဲ့အတြက္ သူ႕ကို အားျပန္သြင္းဖို႕ အခ်ိန္ကလည္း သာမန္ထက္ ပိုၾကာပါလိမ့္မယ္။ အဲ့ဒီအတြက္ Quick Charge ဆိုတဲ့ ဘတ္ထရီကို အျမန္အားသြင္းႏုိင္မယ့္ နည္းပညာ ထည့္သြင္းေပးလာပါတယ္။ ဒါေၾကာင့္ ၁နာရီအတြင္း ၆၈ ရာခိုင္ႏႈန္းအားျပန္ျပည့္ေစမွာပါ။ အားသြင္းဖို႕ USB Type-C အျဖစ္ ျမွင့္တင္လိုက္ပါတယ္။

Hardware Specifications

Hardware ပိုင္းဆိုင္ရာအေနနဲ႕ Mi Max 2 ကို Snapdragon 625 တပ္ဆင္ထားေပးျပီး RAM 4GB နဲ႕ 6GB ႏွစ္မ်ိဳး ၀ယ္ယူႏုိင္မွာပါ။ Storage ကိုလည္း 64GB နဲ႕ 1258GB ဆိုျပီး ႏွစ္မ်ိဳးထုတ္လုပ္ထားတာျဖစ္တဲ့အတြက္ မိမိရဲ႕ လိုအပ္ခ်က္နဲ႕အညီ ေရြးခ်ယ္၀ယ္ယူႏုိင္မွာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ကိုေတာ့ ၆.၄၄ လက္မအက်ယ္ရွိျပီး Full HD ျဖစ္တဲ့အတြက္ ပံုရိပ္ေတြကို ျပတ္သားစြာျမင္ႏုိင္မွာပါ။ ဖုန္းရဲ႕ မ်က္ႏွာျပင္ပိုင္းဆိုင္ရာ အနညး္ငယ္ေျပာင္းလဲခ်က္ရွိပါတယ္။ Redmi Pro, Mi 5 လိုမ်ိဳး မ်က္ႏွာျပင္ေထာင့္ဘက္ေတြ အနည္းငယ္ပိုခံုးလာပါတယ္။ Android version 7.0 Nougat ကို MIUI 8 နဲ႕ ေထာက္ပံ့ေပးထားမွာ ျဖစ္ပါတယ္။

Software Feature

Mi Max 2 ကို MIUI 9 နဲ႕ ထြက္လာဖို႕ ေမွ်ာ္လင့္မိခဲ့ေပမယ့္ MIUI 8 မွာ feature အခ်ိဳ႕ထပ္ေပါင္းထည့္ထားေပးပါတယ္။ ဒါေပမယ့္ အဲ့ဒီ feature ေတြက Mi Max 2 အတြက္ဘဲ ျဖစ္ပါတယ္။ Split Screen ဆိုတဲ့ လုပ္ေဆာင္ခ်က္ထည့္သြင္းေပးလာျပီး Work Space View ေတြဖန္တီးႏုိင္မွာပါ။ ဒါ့အျပင္ MIUI 9 ထြက္တဲ့အခါ အရင္ဆံုး MIUI 9 ကို ရရွိႏိုင္မယ္လို႕ ယူဆရပါတယ္။

ေစ်းႏႈန္း

Mi Max 2 ကို ေစ်းႏႈန္းျမင့္မားခဲ့မယ္ထင္ေပမယ့္ ေစ်းႏႈန္းကေတာ့ သင့္တင့္ပါတယ္။ RAM 4GB/ 64GB version ကို ၁၆၉၉ ယြမ္ျဖင့္ ၀ယ္ယူႏိုင္ျပီး RAM 6GB/128GB version ကို ၁၉၉၉ ယြမ္ျဖင့္ ၀ယ္ယူႏုိင္ပါတယ္။ ျမန္မာေငြျဖင့္ တြက္မယ္ဆုိရင္ RAM 4GB/64GB ကို ၃သိန္းခြဲေက်ာ္ခန္႕ရွိျပီး RAM 6GB/128GB ကို ၄သိန္းေက်ာ္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ စစထြက္ျခင္း ျမန္မာျပည္ေစ်းကြက္ထဲမွာ ၀ယ္မယ္ဆိုရင္ေတာ့ လက္ရွိေဖာ္ျပထားတဲ့ ေစ်းႏႈန္းထက္ ၆ေသာင္း ၇ ေသာင္း၀န္းက်င္ခန္႕ ေစ်းကြာျခားႏုိင္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: