Home News လိုဂိုအမှတ်တံဆိပ်ဆင်တူနေတာကြောင့် PayPal မှ Pandora အား တရားစွဲ

လိုဂိုအမှတ်တံဆိပ်ဆင်တူနေတာကြောင့် PayPal မှ Pandora အား တရားစွဲ

0

လုပ်ငန်းအမှတ်တံဆိပ်ဆင်တူရိုးမှား လုပ်မှုဖြင့် PayPal မှ Pandora အား တရားစွဲလိုက်ကြောင်း သိရှိရသည်။ PayPal သည် အွန်လိုင်းငွေချေမှုဆိုင်ရာဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်ပြီး Pandora မှာ တေးဂီတဆိုင်ရာ ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီဖြစ်သည်။

paypal vs pandora

Pandora ကုမ္ပဏီ၏ အမှတ်တံဆိပ်မှာ PayPal ကုမ္ပဏီ၏ အမှတ်တံဆိပ်နှင့် အလွန်ဆင်တူနေတာဖြစ်တဲ့အတွက် PayPal မှ တရားစွဲခြင်း ဖြစ်ကြောင်း သိရှိရသည်။ PayPal မှ Pandora ကုမ္ပဏီအား တရားမစွဲခင် အသိပေးစာ ပို့ခဲ့သော်လည်း Pandora ဘက်မှ ငြင်းပယ်လိုက်သည့်အတွက် တရားစွဲခြင်း ဖြစ်သည်။ အမှတ်တံဆိပ်မှာ ကုမ္ပဏီ နာမည်မပါလျှင် PayPal အမှတ်တံဆိပ်ဟုသာ လူတိုင်းထင်မြင်နိုင်မည့် ဒီဇိုင်းဖြစ်သောကြောင့် တရားစွဲခြင်း ဖြစ်သည်။

Zawgyi Font : လိုဂိုအမှတ်တံဆိပ်ဆင်တူနေတာကြောင့် PayPal မှ Pandora အား တရားစွဲ



LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: