Home News တောင်တရုတ်ပင်လယ် အရေးကိစ္စနဲ့ ပတ်သတ်ပြီး စစ်သင်္ဘောတစ်စီး စေလွှတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အမိန့်ချ

တောင်တရုတ်ပင်လယ် အရေးကိစ္စနဲ့ ပတ်သတ်ပြီး စစ်သင်္ဘောတစ်စီး စေလွှတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အမိန့်ချ

0

တောင်တရုတ်ပင်လယ်အရေးကိစ္စဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာထဲက ပြဿနာတွေ အငြင်းပွားမှုတွေနဲ့ တရုတ်က နိုင်ငံနယ်နမိတ်ကို တိုးချဲ့ဖို့ပြုလုပ်ခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်ပြင်ဟာ မည်သည့်နိုင်ငံမှ မပိုင်သော ပင်လယ်ပြင် တစ်ခုဖြစ်ပြီး အပြည်ပြည်ဆိုင်ရာရေပိုင်နက်တစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် တရုတ်ကတော့ ဒါကိုပြောင်းလဲပစ်ဖို့ကြိုးစားလာပြီး ပင်လယ်ပြင်အတွင်းမှာ ကျွန်းအတုတွေ ဖန်တီးတည်ဆောက်လာပါတယ်။ ပင်လယ်ပြင်မှာ ကျွန်းမြေဖြစ်ပေါ်လာတဲ့အတွက် အဆိုပါ နေရာတွေကို တရုတ်က ပိုင်ဆိုင်ကြောင်း ထုတ်ပြန်ကြေငြာလိုက်ပြီး အပြင်းပွားမှုများ တစ်ချိန်ထဲမှာ ဖြစ်ပေါ်လာပါတယ်။ အဆိုပါရေပြင်ဟာ တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဘရူနိုင်း နှင့် မလေးရှားနိုင်ငံတို့အားလုံးနဲ့ သက်ဆိုင်တာ ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာရေပိုင်နက်တစ်ခုအဖြစ်သာ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ တရုတ်မှ နယ်မြေချဲ့ထွင်ခြင်းကိစ္စနှင့် ပတ်သတ်ပြီး ဖီလစ်ပိုင်၊ ဗီယက်နမ် နှင့် ထိုင်ဝမ်နိုင်ငံတို့နှင့်လည်း နိုင်ငံရေးတင်းမာမှုများ ဖြစ်ခဲ့ပါတယ်။

china-island3

လက်ရှိမှာ ဧရိယာပေါင်း ၃၀၀၀ ကျော်အထိ နယ်မြေချဲ့ထွင်ခဲ့ပြီး အမေရိကန်ကတော့ တရုတ်ကို သတိပေးလာတာ အိုဘားမားလက်ထက်ထဲက ဖြစ်ပါတယ်။ အဆိုပါ တောင်တရုတ်ပင်လယ်ပြင်၏ ရေပြင်နှင့် လေထုမှာ အပြည်ပြည်ဆိုင်ရာ နေရာတစ်ခု ဖြစ်ပြီး တရုတ်မှ နယ်မြေချဲ့ထွင်ခြင်းကြောင့် အမေရိကန် မဖြစ်မနေ ဝင်ပါတော့မည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ ထုတ်ပြန်လိုက်သည်။ အပြည်ပြည်ဆိုင်ရာ ဥပဒေသတ်မှတ်ချက်ကို ဖောက်ဖျက်တဲ့ အကြောင်းပြချက်နဲ့ အမေရိကန် စစ်သင်္ဘောတစ်စီးကို တောင်တရုတ်ပင်လယ်ပြင်ထဲသို့ စေလွှတ်ရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်မှ အမိန့်ချမှတ်ခဲ့သည်။ လက်ရှိတွင် အမေရိကန်စစ်သင်္ဘော USS Dewey သည် တောင်တရုတ်ပင်လယ်ပြင်အတွင်းသို့ ခုတ်မောင်းနေပြီ ဖြစ်ပါတယ်။

china-island-2

ဒါကြောင့် တရုတ် နဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးဟာ အဆင်ပြေချောမွေ့နေရာကနေ ပြန်လည်အေးစက်သွားနိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူများက မှတ်ချက်ပြုကြသည်။

Zawgyi Font : ေတာင္တရုတ္ပင္လယ္ အေရးကိစၥနဲ႕ပတ္သတ္ျပီး စစ္သေဘၤာတစ္စီးေစလႊတ္ရန္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ အမိန္႕ခ်

ေတာင္တရုတ္ပင္လယ္အေရးကိစၥဟာ လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာထဲက ျပႆနာေတြ အျငင္းပြားမႈေတြနဲ႕ တရုတ္က ႏိုင္ငံနယ္နမိတ္ကို တိုးခ်ဲ႕ဖို႕ျပဳလုပ္ခဲ့ပါတယ္။ ေတာင္တရုတ္ပင္လယ္ျပင္ဟာ မည္သည့္ႏိုင္ငံမွ မပိုင္ေသာ ပင္လယ္ျပင္ တစ္ခုျဖစ္ျပီး အျပည္ျပည္ဆိုင္ရာေရပိုင္နက္တစ္ခု ျဖစ္ပါတယ္။

china-island

ဒါေပမယ့္ တရုတ္ကေတာ့ ဒါကိုေျပာင္းလဲပစ္ဖို႕ၾကိဳးစားလာျပီး ပင္လယ္ျပင္အတြင္းမွာ ကြ်န္းအတုေတြ ဖန္တီးတည္ေဆာက္လာပါတယ္။ ပင္လယ္ျပင္မွာ ကြ်န္းေျမျဖစ္ေပၚလာတဲ့အတြက္ အဆိုပါ ေနရာေတြကို တရုတ္က ပိုင္ဆိုင္ေၾကာင္း ထုတ္ျပန္ေၾကျငာလိုက္ျပီး အျပင္းပြားမႈမ်ား တစ္ခ်ိန္ထဲမွာ ျဖစ္ေပၚလာပါတယ္။ အဆိုပါေရျပင္ဟာ တရုတ္၊ ဗီယက္နမ္၊ ဖိလစ္ပိုင္၊ ထိုင္၀မ္၊ ဘရူႏိုင္း ႏွင့္ မေလးရွားႏိုင္ငံတို႕အားလံုးနဲ႕ သက္ဆိုင္တာ ျဖစ္ျပီး အျပည္ျပည္ဆိုင္ရာေရပိုင္နက္တစ္ခုအျဖစ္သာ သတ္မွတ္ထားတာ ျဖစ္ပါတယ္။ တရုတ္မွ နယ္ေျမခ်ဲ႕ထြင္ျခင္းကိစၥႏွင့္ ပတ္သတ္ျပီး ဖီလစ္ပိုင္၊ ဗီယက္နမ္ ႏွင့္ ထိုင္၀မ္ႏိုင္ငံတို႕ႏွင့္လည္း ႏုိင္ငံေရးတင္းမာမႈမ်ား ျဖစ္ခဲ့ပါတယ္။

လက္ရွိမွာ ဧရိယာေပါင္း ၃၀၀၀ ေက်ာ္အထိ နယ္ေျမခ်ဲဲ႕ထြင္ခဲ့ျပီး အေမရိကန္ကေတာ့ တရုတ္ကို သတိေပးလာတာ အိုဘားမားလက္ထက္ထဲက ျဖစ္ပါတယ္။ အဆိုပါ ေတာင္တရုတ္ပင္လယ္ျပင္၏ ေရျပင္ႏွင့္ ေလထုမွာ အျပည္ျပည္ဆိုင္ရာ ေနရာတစ္ခု ျဖစ္ျပီး တရုတ္မွ နယ္ေျမခ်ဲ႕ထြင္ျခင္းေၾကာင့္ အေမရိကန္ မျဖစ္မေန ၀င္ပါေတာ့မည္ ျဖစ္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္မွ ထုတ္ျပန္လိုက္သည္။ အျပည္ျပည္ဆိုင္ရာ ဥပေဒသတ္မွတ္ခ်က္ကို ေဖာက္ဖ်က္တဲ့ အေၾကာင္းျပခ်က္နဲ႕ အေမရိကန္ စစ္သေဘၤာတစ္စီးကို ေတာင္တရုတ္ပင္လယ္ျပင္ထဲသို႕ ေစလႊတ္ရန္ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္မွ အမိန္႕ခ်မွတ္ခဲ့သည္။ လက္ရွိတြင္ အေမရိကန္စစ္သေဘၤာ USS Dewey သည္ ေတာင္တရုတ္ပင္လယ္ျပင္အတြင္းသို႕ ခုတ္ေမာင္းေနျပီ ျဖစ္ပါတယ္။

china-island-4

ဒါေၾကာင့္ တရုတ္ နဲ႕ အေမရိကန္တို႕ရဲ႕ ဆက္ဆံေရးဟာ အဆင္ေျပေခ်ာေမြ႕ေနရာကေန ျပန္လည္ေအးစက္သြားႏုိင္ေၾကာင္း ႏိုင္ငံေရးသံုးသပ္သူမ်ားက မွတ္ခ်က္ျပဳၾကသည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: