Home News မြောက်ကိုးရီးယားတို့၏ နူကလိယား စမ်းသပ်မှုသည် အမေရိကန်၏ အချုပ်အခြာ အာဏာကို ထိပါးနိုင်ကြောင်းထုတ်ပြန်
မြောက်ကိုးရီးယားတို့၏ နူကလိယား စမ်းသပ်မှုသည် အမေရိကန်၏ အချုပ်အခြာ အာဏာကို ထိပါးနိုင်ကြောင်းထုတ်ပြန်
0
မြောက်ကိုးရီးယားတို့ရဲ့ နူကလိယားလက်နက်စမ်းသပ်ဖန်တီးမှုကို ဂရုမစိုက်ဘဲ နေပါက အမေရိကန်နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးလာနိုင်ကြောင်း အမေရိကန်ထောက်လှမ်းရေးဌာနမှ တရားဝင်ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ လက်ရှိမှာ မြောက်ကိုးရီးယားဟာ ICBM ဒုံးကျည်အမျျိုးအစားကို စမ်းသပ်ပစ်လွှတ်နေပြီး နောင်တစ်ချိန်မှာ နူကလိယားထိပ်ဖူးတွေတပ်ဆင်ပြီး ပစ်လွှတ်နိုင်တော့မှာ ဖြစ်ကြောင်း အမေရိကန်မှ သုံးသပ်လိုက်သည်။
မြောက်ကိုးရီးယားမှလည်း ဒုံးကျည်စမ်းသပ်မှုသည် ကျေနပ်အားရနှစ်သက်ဖွယ်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာထားပြီး နူကလိယားထိပ်ဖူးတပ်ဆင်ဖို့ရန်သာ ကျန်ရှိတော့သည်ဟု နိုင်ငံပိုင် သတင်းစာဖြစ်သော KCNA မှ တရားဝင် ထုတ်ပြန်ကြေငြာထားသည်။ ဒါ့အပြင် အမေရိကန် နှင့် ပစိဖိတ်ဒေသကြီးတို့သည် မြောက်ကိုးရီးယားတို့၏ ဒုံးကျည်ပစ်လွှတ်နိုင်သော အကွာအဝေးအတွင်း ရောက်ရှိနေပြီဟုလည်း ကြေငြာခဲ့သည်။
လက်ရှိတွင် အမေရိကန်ထောက်လှမ်းရေးဌာနမှ နိုင်ငံတော်၏ အချုပ်အခြာအာဏာထိပါးမှုနှင့် နီးစပ်လာပြီဖြစ်သည့်အတွက် သွေးအေးမနေသင့်ကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ လက်ရှိတွင် မြောက်ကိုးရီးယားမှ စမ်းသပ်အောင်မြင်သော ဒုံးကျည်မှာ တာဝေးမဟုတ်သော်လည်း မိုင် ၃၀၀ ခန့်ပျံသန်းနိုင်သည့် အမျိုးအစားဖြစ်သည်။ သတင်းပေါက်ကြားချက်များအရ သူရိယနေဝန်းနေ့တွင် စမ်းသပ်သော ဒုံးကျည်မအောင်မြင်ရခြင်းမှာ ဒုံးကျည်စနစ်ကိုထိန်းချုပ်သော စနစ်များအား အမေရိကန် ဟက်ကာများက ထိန်းချုပ်ထားခြင်းကြောင့် ဖြစ်သည်ဟု သိရှိရသည်။
ထို့အပြင်  မြောက်ကိုးရီးယားတို့၏ ကွန်ပြူတာစနစ်များကို အမေရိကန်ဟက်ကာများမှ လွန်ခဲ့သော နှစ်ပေါင်းများစွာထဲက ပရိုဂရမ်အချို့တို့ဖြင့် ထောက်လှမ်းနေသည်ဟု သိရှိရသည်။
Zawgyi Font : မြောက်ကိုးရီးယားတို့၏ နူကလိယားစမ်းသပ်မှုသည် အမေရိကန်၏ အချုပ်အခြာအာဏာကို ထိပါးနိုင်ကြောင်းထုတ်ပြန်
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: