တောင်ကိုးရီးယား သရုပ်ဆောင်မင်းသား ကင်ဝူဘင်ဟာ လည်ချောင်းကင်ဆာ ဝေဒနာကို ခံစားနေရကြောင်း သူ့ရဲ့ ပရိသတ်တွေကို တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Nasopharynx ကင်ဆာ အမျိုးအစားဖြစ်ပြီး နှာခေါင်းအနောက်ဘက် လည်ချောင်းအပေါ်ဘက်ခြမ်းကနေ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
လည်ချောင်းကင်ဆာဝေဒနာဖြစ်နေတာကို အချိန်မှီစောစီးစွာ သိရှိတဲ့အတွက် ကုသမှု ခံယူသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ လက်ရှိမှာတော့ မင်းသား ကင်ဝူဘင်ရဲ့ ပရိတ်သတ်တွေဟာ ဆုတောင်းမေတ္တာပို့ပေးကြပြီး အမြန်ကျန်းမာလာစေဖို့ ဆန္ဒပြုလိုက်ကြောင်း သိရှိရပါတယ်။
Source : Koreaboo
Zawgyi Font : လည်ချောင်းကင်ဆာ ဝေဒနာ ခံစားနေရတဲ့ ကိုးရီးယား သရုပ်ဆောင်မင်းသား ကင်ဝူဘင်
Source : Koreaboo