Home News အမည်မသိ အရာတစ်ခု မြောက်ကိုးရီးယားမှ တောင်ကိုးရီးဘက်သို့ ပျံဝဲလာ

အမည်မသိ အရာတစ်ခု မြောက်ကိုးရီးယားမှ တောင်ကိုးရီးဘက်သို့ ပျံဝဲလာ

0

အမျိုးအမည်မသိ အရာတစ်ခု မြောက်ကိုးရီးယားမှ တောင်ကိုးရီးယားဘက်သို့ ပျံဝဲလာကြောင်း တောင်ကိုးရီးယား စစ်ဌာနချုပ်မှာ အတည်ပြုပြောဆိုလိုက်သည်။ အဆိုပါ အမျိုးအမည်မသိ အရာတစ်ခုသည် နှစ်နိုင်ငံ စစ်မဲ့ဇုံအဖြစ် သတ်မှတ်ထားသော နေရာအထိ ရောက်ရှိလာပြီး တောင်ကိုးရီးယားနယ်စပ်အထိ ပျံသန်းခြင်း ဖြစ်သည်။

ထို့ကြောင့် တောင်ကိုးရီးယားမှ အဆိုပါ အမျိုးအမည်မသိ ပျံဝဲနေသော အရာဝတ္ထုအား သတိပေးသည့်အနေဖြစ် စတင် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။ မည်သည့် ယာဉ်အမျိုးအစားမှန်း ခွဲခြား၍ မရဘဲ အလွန်သေးငယ်သော အရာဝတ္ထုအဖြစ်သာ သတ်မှတ်ထားသည်။

လွန်ခဲ့သော ၂ ရက်ခန့်တွင် မြောက်ကိုးရီးယားမှ ဒုတိယအကြိမ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်ထားပြီး အကြာတွင် တောင်ကိုးရီးယားဘက်သို့ အမျိုးအမည် မသိ အရာတစ်ခုပျံသန်းစေခဲ့ခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ် အမေရိကန် စစ်လက်နက်ဆိုင်ရာ ထုတ်ပြန်ချက်များအရ မြောက်ကိုးရီးယားသည် မောင်းသူမဲ့ ဝေဟင်ယာဉ်များကို တီထွင်ဖန်တီးထားသည်ဟု သိရှိရသည်။

အမေရိကန်မှ မြောက်ကိုးရီးယားတို့၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုနှင့် အမျိုးအမည်မသိ ပျံသန်းနေသော အရာတစ်ခု ကြောင့် အစည်းအဝေးပြုလုပ်သွားမည်ဖြစ်ပြီး ဆုံးဖြတ်ချက်များအရ ပြန်လည်တုံ့ပြန်ပြင်ဆင်သွားမည်ဟု သိရှိရသည်။

Zawgyi Font: အမည္မသိ အရာတစ္ခု ေျမာက္ကိုးရီးယားမွ ေတာင္ကိုးရီးဘက္သို႕ ပ်ံ၀ဲလာ

အမ်ိဳးအမည္မသိ အရာတစ္ခု ေျမာက္ကိုးရီးယားမွ ေတာင္ကိုးရီးယားဘက္သို႕ ပ်ံ၀ဲလာေၾကာင္း ေတာင္ကိုးရီးယား စစ္ဌာနခ်ဳပ္မွာ အတည္ျပဳေျပာဆိုလိုက္သည္။ အဆိုပါ အမ်ိဳးအမည္မသိ အရာတစ္ခုသည္ ႏွစ္ႏုိင္ငံ စစ္မဲ့ဇံုအျဖစ္ သတ္မွတ္ထားေသာ ေနရာအထိ ေရာက္ရွိလာျပီး ေတာင္ကိုးရီးယားနယ္စပ္အထိ ပ်ံသန္းျခင္း ျဖစ္သည္။

ထို႕ေၾကာင့္ ေတာင္ကိုးရီးယားမွ အဆိုပါ အမ်ိဳးအမည္မသိ ပ်ံ၀ဲေနေသာ အရာ၀တၳဳအား သတိေပးသည့္အေနျဖစ္ စတင္ ပစ္ခတ္ခဲ့ေၾကာင္း သိရွိရသည္။ မည္သည့္ ယာဥ္အမ်ိဳးအစားမွန္း ခြဲျခား၍ မရဘဲ အလြန္ေသးငယ္ေသာ အရာ၀တၳဳအျဖစ္သာ သတ္မွတ္ထားသည္။

လြန္ခဲ့ေသာ ၂ ရက္ခန္႕တြင္ ေျမာက္ကိုးရီးယားမွ ဒုတိယအၾကိမ္ ဒံုးက်ည္စမ္းသပ္ပစ္လႊတ္ထားျပီး အၾကာတြင္ ေတာင္ကိုးရီးယားဘက္သို႕ အမ်ိဳးအမည္ မသိ အရာတစ္ခုပ်ံသန္းေစခဲ့ျခင္း ျဖစ္သည္။ ၂၀၁၅ ခုႏွစ္ အေမရိကန္ စစ္လက္နက္ဆိုင္ရာ ထုတ္ျပန္ခ်က္မ်ားအရ ေျမာက္ကိုးရီးယားသည္ ေမာင္းသူမဲ့ ေ၀ဟင္ယာဥ္မ်ားကို တီထြင္ဖန္တီးထားသည္ဟု သိရွိရသည္။

အေမရိကန္မွ ေျမာက္ကိုးရီးယားတို႕၏ ဒံုးက်ည္စမ္းသပ္ပစ္လႊတ္မႈႏွင့္ အမ်ိဳးအမည္မသိ ပ်ံသန္းေနေသာ အရာတစ္ခု ေၾကာင့္ အစည္းအေ၀းျပဳလုပ္သြားမည္ျဖစ္ျပီး ဆံုးျဖတ္ခ်က္မ်ားအရ ျပန္လည္တုံ႕ျပန္ျပင္ဆင္သြားမည္ဟု သိရွိရသည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: