Home News ဒေါ်လာ ၄သိန်းကျော်အထိ တန်ဖိုးတက်ခဲ့တဲ့ ၁၃ ဒေါ်လာတန် စိန်လက်စွပ်

ဒေါ်လာ ၄သိန်းကျော်အထိ တန်ဖိုးတက်ခဲ့တဲ့ ၁၃ ဒေါ်လာတန် စိန်လက်စွပ်

0

၁၃ ဒေါ်လာတန် စိန်လက်စွပ်တစ်ကွင်းဟာ ယခုအချိန်မှာ ဒေါ်လာ ၄သိန်းခွဲကျော်အထိ တန်ဖိုးမြင့်တက်သွားတယ်ဆိုတာ တစ်ကယ့်ကို အံ့သြစရာပါ။ အဲ့ဒါက ဘာကြောင့်လဲဆိုတော့ ရှေးဟောင်းပစ္စည်းဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဈေးတက်သွားတာဘဲ ဖြစ်ပါတယ်။

စိန်လက်စွပ်ပိုင်ရှင်ဟာ ၁၉၈၀ ခုနှစ်က လက်ဝတ်ရတနာဆိုင်ကနေ ၁၃ ဒေါ်လာနဲ့ ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်မှာ လေလံတင်ပြန်လည်ရောင်းချတာ ဖြစ်ပါတယ်။ ဒီအတိုင်းကြည့်မယ်ဆိုရင် စိန်လက်စွပ်သက်တမ်းဟာ ၃၇ နှစ်ဘဲ ရှိမယ်လို့ ထင်ရပေမယ့် တစ်ကယ်တမ်း စိန်လက်စွပ်ရဲ့ လက်ရာဟာ ၁၉ ရာစုခေတ်က လက်ရာဖြစ်နေပါတယ်။ ဒါကြောင့် အဆိုပါ စိန်လက်စွပ်ဟာ ၁၈၀၀ ခုနှစ်ဝန်းကျင်ခန့်က လက်ရာမျိုးဖြစ်ပြီး စိန်သားကို ဖြတ်တောက်ထားတဲ့ ဒီဇိုင်းကလည်း ရှေးဟောင်းဒီဇိုင်းဖြစ်နေလို့ ဈေးတက်သွားတာ ဖြစ်ပါတယ်။

စိန်ရဲ့ အရောင်ဟာ ဖယောင်းတိုင်မီးထွန်းတဲ့အခါ ထွက်လာတဲ့ အရောင်ဖြစ်နေပြီး ယနေ့ခေတ်ကဲ့သို့ လျှပ်စစ်မီးရောင် တစ်လက်လက်ထွက်တဲ့ အရောင်မျိုးမဟုတ်ပါဘူး။ ဒါကြောင့် စိန်ဝါ အမျိုးအစားဖြစ်နိုင်ပြီး အနောက်တိုင်းမှာ လူကြိုက်များတဲ့ အရောင်လည်း ဖြစ်ပါတယ်။

အဆိုပါ စိန်လက်စွပ်ကို လေလံတင်ထားပြီး ဂျွန်လ ၇ ရက်နေ့ဆို လေလံပိတ်သိမ်းမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ၁၃ ဒေါ်လာတန် စိန်လက်စွပ်လေးဟာ အမေရိကန်ဒေါ်လာ ၃၂၅၀၀၀ ကနေ ၄၅၆၀၀၀ ကြား ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာငွေနဲ့ တွက်မယ်ဆိုရင် ၁၇၀၀၀ ကျပ်တန် စိန်လက်စွပ်လေးဟာ ယခုအချိန်မှာ မြန်မာကျပ်ငွေ သိန်း ၆၂၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။

Source :CNN

Zawgyi Font : ေဒၚလာ ၄သိန္းေက်ာ္အထိ တန္ဖိုးတက္ခဲ့တဲ့ ၁၃ ေဒၚလာတန္ စိန္လက္စြပ္

၁၃ ေဒၚလာတန္ စိန္လက္စြပ္တစ္ကြင္းဟာ ယခုအခ်ိန္မွာ ေဒၚလာ ၄သိန္းခြဲေက်ာ္အထိ တန္ဖိုးျမင့္တက္သြားတယ္ဆိုတာ တစ္ကယ့္ကို အံ့ၾသစရာပါ။ အဲ့ဒါက ဘာေၾကာင့္လဲဆိုေတာ့ ေရွးေဟာင္းပစၥည္းျဖစ္ေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႕ ေစ်းတက္သြားတာဘဲ ျဖစ္ပါတယ္။

စိန္လက္စြပ္ပိုင္ရွင္ဟာ ၁၉၈၀ ခုႏွစ္က လက္၀တ္ရတနာဆိုင္ကေန ၁၃ ေဒၚလာနဲ႕ ၀ယ္ယူခဲ့ျခင္း ျဖစ္ျပီး ယခုအခ်ိန္မွာ ေလလံတင္ျပန္လည္ေရာင္းခ်တာ ျဖစ္ပါတယ္။ ဒီအတိုင္းၾကည့္မယ္ဆိုရင္ စိန္လက္စြပ္သက္တမ္းဟာ ၃၇ ႏွစ္ဘဲ ရွိမယ္လို႕ ထင္ရေပမယ့္ တစ္ကယ္တမ္း စိန္လက္စြပ္ရဲ႕ လက္ရာဟာ ၁၉ ရာစုေခတ္က လက္ရာျဖစ္ေနပါတယ္။ ဒါေၾကာင့္ အဆိုပါ စိန္လက္စြပ္ဟာ ၁၈၀၀ ခုႏွစ္၀န္းက်င္ခန္႕က လက္ရာမ်ိဳးျဖစ္ျပီး စိန္သားကို ျဖတ္ေတာက္ထားတဲ့ ဒီဇိုင္းကလည္း ေရွးေဟာင္းဒီဇိုင္းျဖစ္ေနလို႕ ေစ်းတက္သြားတာ ျဖစ္ပါတယ္။

စိန္ရဲ႕ အေရာင္ဟာ ဖေယာင္းတုိင္မီးထြန္းတဲ့အခါ ထြက္လာတဲ့ အေရာင္ျဖစ္ေနျပီး ယေန႕ေခတ္ကဲ့သို႕ လွ်ပ္စစ္မီးေရာင္ တစ္လက္လက္ထြက္တဲ့ အေရာင္မ်ိဳးမဟုတ္ပါဘူး။ ဒါေၾကာင့္ စိန္၀ါ အမ်ိဳးအစားျဖစ္ႏုိင္ျပီး အေနာက္တိုင္းမွာ လူၾကိဳက္မ်ားတဲ့ အေရာင္လည္း ျဖစ္ပါတယ္။

အဆိုပါ စိန္လက္စြပ္ကို ေလလံတင္ထားျပီး ဂြ်န္လ ၇ ရက္ေန႕ဆို ေလလံပိတ္သိမ္းမွာ ျဖစ္တယ္လို႕ သိရပါတယ္။ လက္ရွိမွာေတာ့ ၁၃ ေဒၚလာတန္ စိန္လက္စြပ္ေလးဟာ အေမရိကန္ေဒၚလာ ၃၂၅၀၀၀ ကေန ၄၅၆၀၀၀ ၾကား ရရွိမွာ ျဖစ္တယ္လို႕ သိရပါတယ္။ ျမန္မာေငြနဲ႕ တြက္မယ္ဆိုရင္ ၁၇၀၀၀ က်ပ္တန္ စိန္လက္စြပ္ေလးဟာ ယခုအခ်ိန္မွာ ျမန္မာက်ပ္ေငြ သိန္း ၆၂၀၀ အထိ ေပါက္ေစ်းရွိေနပါတယ္။

Source :CNN

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: