Home News အင်္ဂလန် နိုင်ငံ မန်ချက်စတာမြို့ရှိ မန်ချက်စတာ အရီးနား နေရာတွင် ဖောက်ခွဲမှုဖြစ်၊ အနည်းဆုံး လူ ၁၉ ဦးသေဆုံး

အင်္ဂလန် နိုင်ငံ မန်ချက်စတာမြို့ရှိ မန်ချက်စတာ အရီးနား နေရာတွင် ဖောက်ခွဲမှုဖြစ်၊ အနည်းဆုံး လူ ၁၉ ဦးသေဆုံး

0

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ရှိ မန်ချက်စတာ အရီးနား တွင် ကျင်းပသည့် ဖျော်ဖြေပွဲတစ်ခုတွင် ဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့သည်။ Pop အဆိုတော် Ariana Grande ၏ သီဆိုဖျော်ဖြေမှု အပြီးတွင် ဖောက်ပွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဗုံးဖောက်ခွဲမှုကြောင့် ထိခိုက်သေကျေမှုများဖြစ်ခဲ့ပြီး ဒဏ်ရာရရှိသူများကို မန်ချက်စတာမြို့မှာရှိတဲ့ ဆေးရုံ ၆ ခုသို့ ပို့ဆောင်ပေးထားတယ်လို့ ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားပြီး သံသယရှိသူကို ဖမ်းဆီးဖို့အတွက် အရေးပေါ်အစီအစဉ်အနေနဲ့ ဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။

ဗုံးဖောက်ခွဲမှုကြောင့် အနည်းဆုံး လူ ၁၉ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအရေအတွက်ကိုတော့ အတိအကျထုတ်ဖော်ထားခြင်း မရှိပါဘူး။ ည ၁၀နာရီခွဲမှာ ဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး ဘယ်သူဖောက်လဲဆိုတာကိုတော့ အတိအကျ ဘယ်သူမှ မသိခဲ့ပါဘူး။

လက်ရှိမှာတော့ သံသယရှိသူ အမျိုးသားတစ်ဦးအား ထိန်းသိမ်းထားပြီး စစ်ဆေးစုံစမ်းသွားမယ်လို့ သိရပါတယ်။ ဗြိတိန် ဝန်ကြီးချုပ်ကတော့ အဆိုပါ ဖောက်ခွဲမှုဟာ အကြမ်းဖက်တိုက်ခိုက်သူများရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး IS အကြမ်းဖက် အဖွဲ့အား ရည်ညွှန်းဟန်ရှိပါတယ်။ အင်္ဂလန်နိုင်ငံဟာ လွန်ခဲ့သော ၂ လခန့်ကလဲ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သေးပါတယ်။

Zawgyi Font : အဂၤလန္ ႏုိင္ငံ မန္ခ်က္စတာျမိဳ႕ရွိ မန္ခ်က္စတာ အရီးနားေနရာတြင္ ေဖာက္ခြဲမႈျဖစ္၊ အနည္းဆံုး လူ ၁၉ ဦးေသဆံုး

အဂၤလန္ႏုိင္ငံ မန္ခ်က္စတာျမိဳ႕ရွိ မန္ခ်က္စတာ အရီးနား တြင္ က်င္းပသည့္ ေဖ်ာ္ေျဖပြဲတစ္ခုတြင္ ဗံုးေဖာက္ခြဲမႈျဖစ္ပြားခဲ့သည္။ Pop အဆိုေတာ္ Ariana Grande ၏ သီဆိုေဖ်ာ္ေျဖမႈ အျပီးတြင္ ေဖာက္ပြဲမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

ဗံုးေဖာက္ခြဲမႈေၾကာင့္ ထိခိုက္ေသေက်မႈမ်ားျဖစ္ခဲ့ျပီး ဒဏ္ရာရရွိသူမ်ားကို မန္ခ်က္စတာျမိဳ႕မွာရွိတဲ့ ေဆးရံု ၆ ခုသို႕ ပို႕ေဆာင္ေပးထားတယ္လို႕ ဂရိတ္မန္ခ်က္စတာ ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားျပီး သံသယရွိသူကို ဖမ္းဆီးဖို႕အတြက္ အေရးေပၚအစီအစဥ္အေနနဲ႕ ေဆာင္ရြက္ေနတယ္လို႕ ေျပာခဲ့ပါတယ္။

ဗံုးေဖာက္ခြဲမႈေၾကာင့္ အနည္းဆံုး လူ ၁၉ ဦးေသဆံုးခဲ့ျပီး ဒဏ္ရာရရွိသူအေရအတြက္ကိုေတာ့ အတိအက်ထုတ္ေဖာ္ထားျခင္း မရွိပါဘူး။ ည ၁၀နာရီခြဲမွာ ဗံုးေဖာက္ခြဲမႈျဖစ္ပြားခဲ့ျပီး ဘယ္သူေဖာက္လဲဆိုတာကိုေတာ့ အတိအက် ဘယ္သူမွ မသိခဲ့ပါဘူး။

လက္ရွိမွာေတာ့ သံသယရွိသူ အမ်ိဳးသားတစ္ဦးအား ထိန္းသိမ္းထားျပီး စစ္ေဆးစံုစမ္းသြားမယ္လို႕ သိရပါတယ္။ ျဗိတိန္ ၀န္ၾကီးခ်ဳပ္ကေတာ့ အဆိုပါ ေဖာက္ခြဲမႈဟာ အၾကမ္းဖက္တိုက္ခိုက္သူမ်ားရဲ႕ လုပ္ရပ္ျဖစ္တယ္လုိ႕ ထုတ္ျပန္ထားျပီး IS အၾကမ္းဖက္ အဖြဲ႕အား ရည္ညႊန္းဟန္ရွိပါတယ္။ အဂၤလန္ႏုိင္ငံဟာ လြန္ခဲ့ေသာ ၂ လခန္႕ကလဲ အၾကမ္းဖက္မႈ ျဖစ္ပြားခဲ့ေသးပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: