Home Knowledge လူတစ်ယောက်၏ ဆွဲဆောင်မှုတွင် အသံသည် အဓိကအရေးပါတယ်ဆိုတာ သင်သိပါသလား

လူတစ်ယောက်၏ ဆွဲဆောင်မှုတွင် အသံသည် အဓိကအရေးပါတယ်ဆိုတာ သင်သိပါသလား

0

First Impression အနေနဲ့ လူတွေ အတော်များများ သိထားကြတာကတော့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဝတ်စားဆင်ယင်မှု အပိုင်းဖြစ်ပါတယ်။ လူတစ်ယောက်ကို ဆွဲဆောင်နိုင်ဖို့ ရုပ်ရည်ရူပကာ တင့်တယ်ရုံတစ်ခုထဲနဲ့ မပြီးပါဘူး။ လေ့လာချက်များအရ လူတစ်ယောက်ရဲ့ အသံ ပါဝါ ဟာ ရုပ်ရည်ရူပကာထက် ပိုမို ဆွဲဆောင်အား ကောင်းတယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် လူတစ်ယောက်ရဲ့ အသံ ကိုနားထောင်ကြည့်ရုံဖြင့် ဆွဲဆောင်မှု၊ အသက်၊ စိတ်ခံစားချက်၊ ခံယူချက် နဲ့ ကျန်းမာရေး အခြေအနေတို့ကိုလည်း ခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်။ လူတွေရဲ့ ယုံကြည်ချက်၊ အားကိုးမှု စတဲ့ အချက်အများဟာ ရုပ်ရည်ရူပကာနဲ့ မသက်ဆိုင်ဘဲ အသံပါဝါနဲ့ သက်ဆိုင်တယ်လို့ စိတ်ပညာရှင်တို့က သတ်မှတ်ပါတယ်။

အသံအနေအထားကလည်း ရုပ်ရည်ရူပကာအပေါ် ကြည့်တဲ့ အမြင်ကိုလည်း ပြောင်းလဲစေပါတယ်။ သာမန်အားဖြင့် လူတစ်ယောက်ရဲ့ စကားသံကို နားမထောင်ဘဲ ရုပ်ရည်ရူပကာချောမောမှုကို ကြည့်လိုက်ရင် စွဲလမ်းစရာကောင်းတယ်လို့ ထင်ရပေမယ့် စကားပြောကြည့်လိုက်တဲ့အခါ အသံပါဝါကြောင့် အထင်ကြီးမှု ပိုမို တိုးလာနိုင်သလို ပိုမိုလည်း လျော့ကျသွားနိုင်တယ်လို့ ဟားဗက်တက္ကသိုလ်မှ သုတေသီတို့က မှတ်ချက်ပြုကြပါတယ်။

Zawgyi Font : လူတစ္ေယာက္၏ ဆြဲေဆာင္မႈတြင္ အသံသည္ အဓိကအေရးပါတယ္ဆိုတာ သင္သိပါသလား

First Impression အေနနဲ႕ လူေတြ အေတာ္မ်ားမ်ား သိထားၾကတာကေတာ့ ရုပ္ပုိင္းဆိုင္ရာနဲ႕ ၀တ္စားဆင္ယင္မႈ အပိုင္းျဖစ္ပါတယ္။ လူတစ္ေယာက္ကို ဆြဲေဆာင္ႏုိင္ဖို႕ ရုပ္ရည္ရူပကာ တင့္တယ္ရံုတစ္ခုထဲနဲ႕ မျပီးပါဘူး။ ေလ့လာခ်က္မ်ားအရ လူတစ္ေယာက္ရဲ႕ အသံ ပါ၀ါ ဟာ ရုပ္ရည္ရူပကာထက္ ပိုမို ဆြဲေဆာင္အား ေကာင္းတယ္လို႕ ဆိုၾကပါတယ္။

ဒါ့အျပင္ လူတစ္ေယာက္ရဲ႕ အသံ ကိုနားေထာင္ၾကည့္ရံုျဖင့္ ဆြဲေဆာင္မႈ၊ အသက္၊ စိတ္ခံစားခ်က္၊ ခံယူခ်က္ နဲ႕ က်န္းမာေရး အေျခအေနတို႕ကိုလည္း ခန္႕မွန္းႏိုင္တယ္လို႕ ဆိုပါတယ္။ လူေတြရဲ႕ ယံုၾကည္ခ်က္၊ အားကိုးမႈ စတဲ့ အခ်က္အမ်ားဟာ ရုပ္ရည္ရူပကာနဲ႕ မသက္ဆိုင္ဘဲ အသံပါ၀ါနဲ႕ သက္ဆိုင္တယ္လို႕ စိတ္ပညာရွင္တို႕က သတ္မွတ္ပါတယ္။

အသံအေနအထားကလည္း ရုပ္ရည္ရူပကာအေပၚ ၾကည့္တဲ့ အျမင္ကိုလည္း ေျပာင္းလဲေစပါတယ္။ သာမန္အားျဖင့္ လူတစ္ေယာက္ရဲ႕ စကားသံကို နားမေထာင္ဘဲ ရုပ္ရည္ရူပကာေခ်ာေမာမႈကို ၾကည့္လိုက္ရင္ စြဲလမ္းစရာေကာင္းတယ္လို႕ ထင္ရေပမယ့္ စကားေျပာၾကည့္လိုက္တဲ့အခါ အသံပါ၀ါေၾကာင့္ အထင္ၾကီးမႈ ပိုမို တိုးလာႏုိင္သလို ပိုမိုလည္း ေလ်ာ့က်သြားႏုိင္တယ္လို႕ ဟားဗက္တကၠသိုလ္မွ သုေတသီတို႕က မွတ္ခ်က္ျပဳၾကပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: