Home News မြောက်ကိုးရီးယားမှ Ballistic ဒုံးကျည်အမျိုးအစား ထပ်မံစမ်းသပ်ပစ်လွှတ်

မြောက်ကိုးရီးယားမှ Ballistic ဒုံးကျည်အမျိုးအစား ထပ်မံစမ်းသပ်ပစ်လွှတ်

0

မေလ ၂၁ ရက်နေ့ တနင်္ဂနွေနေ့တွင် မြောက်ကိုးရီးယားမှ ballistic ဒုံးကျည်အမျိုးအစားတစ်ခုကို ထပ်မံစမ်းသပ် ပစ်လွှတ်ခဲ့သည်။ ထို့ကြောင့် တစ်ပတ်အတွင်း ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှု ၂ ကြိမ်တိတိရှိပြီး မြောက်ကိုးရီးယားတို့၏ အောင်မြင်သော ဒုံးကျည်စမ်းသပ်မှုဟု ခေါ်ဆိုနိုင်သည်။

ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခြင်းကို ကြိုတင်ကြေငြာထားခြင်း မရှိဘဲ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန် ကိုယ်တိုင် ပါဝင်ကြည့်ရှုအားပေးခဲ့သည်။ ရလဒ်များအရ ကျေနပ်အားရဖွယ်ရှိပြီး မြေပြင်အခြေစိုက် ဒုံးပစ်ကားဖြင့် စမ်းသပ်ခြင်း ဖြစ်သည်။ ကင်ဂျုံအန်း မှ ဒုံးကျည်များမှာ နူကလိယားထိပ်ဖူးများ တပ်ဆင်သယ်ဆောင်နိုင်သည့် အခြေအနေသို့ ရောက်ရှိ အောင်မြင်နေပြီဟု နိုင်ငံပိုင် သတင်းစာဖြစ်သော KCNA တွင် ဖော်ပြခဲ့သည်။ KCNA ၏ ထုတ်ပြန်ရေးသားချက်များအရ ဒုံးကျည်များကို အမြောက်အမြားထုတ်လုပ်သွားမည်ဟု ဖော်ပြခဲ့သည်။

missile-test

မြောက်ကိုးရီးယားတို့၏ Pukguksong-2 မှာ မြေပြင်အခြေစိုက် ဒုံးပစ်ကားအမျိုးအစားဖြစ်ပြီး ဒုံးကျည်၏ လောင်စာအတွက် Solid Fuel ကို အသုံးပြုထားသည်။ ဒုံးကျည်မှာ မြောက်ကိုးရီးယားနိုင်ငံ၏ အရှေ့ဘက်ကမ်းခြေ ဒေသသို့ ကျဆင်းသွားကြောင်း သိရှိရသည်။ တောင်ကိုးရီးယားမှ တာဝန်ရှိသူများ၏ ခန့်မှန်းချက်များအရ မြောက်ကိုးရီးယားတို့၏ Ballistic ဒုံးကျည်မှာ မိုင် ၃၀၀ ခန့် ပျံသန်းနိုင်ကြောင်း မှတ်ချက်ပြုခဲ့ကြသည်။

မေလ ၁၄ ရက်နေ့တွင် စမ်းသပ်ခဲ့သော ဒုံးကျည်မှာ တာဝေးပစ်အမျိုးအစားဖြစ်ပြီး မိုင်ပေါင်း ၁၃၀၀ ခန့် ပျံသန်းနိုင်ကြောင်း သိရှိရသည်။ မေလ ၂၁ ရက်နေ့တွင် စမ်းသပ်သော ဒုံးကျည်မှာ Mid-Range Missile အမျိုးအစားဖြစ်သည်။

မြောက်ကိုးရီးယားတို့၏ ထုတ်ပြန်ချက်များအရ အမေရိကန်တို့၏ မခန့်လေးစားလုပ်မှုတို့ကို တုံ့ပြန်သွားမည်ဖြစ်ပြီး တာဝေးပစ်ဒုံးကျည်များမှာ အမေရိကန်နှင့် ပစိဖိတ်ဒေသကြီးတို့အား အချိန်မရွေး ပစ်ချနိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် Ballistic ဒုံးကျည်များမှာ နူကလိယားသယ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီဟု ထုတ်ပြန်ခဲ့သည်။

Zawgyi Font : ေျမာက္ကိုးရီးယားမွ Ballistic ဒံုးက်ည္အမ်ိဳးအစား ထပ္မံစမ္းသပ္ပစ္လႊတ္

ေမလ ၂၁ ရက္ေန႕ တနဂၤေႏြေန႕တြင္ ေျမာက္ကိုးရီးယားမွ ballistic ဒံုးက်ည္အမ်ိဳးအစားတစ္ခုကို ထပ္မံစမ္းသပ္ ပစ္လႊတ္ခဲ့သည္။ ထို႕ေၾကာင့္ တစ္ပတ္အတြင္း ဒံုးက်ည္ပစ္လႊတ္စမ္းသပ္မႈ ၂ ၾကိမ္တိတိရွိျပီး ေျမာက္ကိုးရီးယားတို႕၏ ေအာင္ျမင္ေသာ ဒံုးက်ည္စမ္းသပ္မႈဟု ေခၚဆိုႏုိင္သည္။

ဒံုးက်ည္စမ္းသပ္ပစ္လႊတ္ျခင္းကို ၾကိဳတင္ေၾကျငာထားျခင္း မရွိဘဲ ေျမာက္ကိုးရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္ ကိုယ္တိုင္ ပါ၀င္ၾကည့္ရႈအားေပးခဲ့သည္။ ရလဒ္မ်ားအရ ေက်နပ္အားရဖြယ္ရွိျပီး ေျမျပင္အေျခစိုက္ ဒံုးပစ္ကားျဖင့္ စမ္းသပ္ျခင္း ျဖစ္သည္။ ကင္ဂ်ံဳအန္း မွ ဒံုးက်ည္မ်ားမွာ ႏူကလိယားထိပ္ဖူးမ်ား တပ္ဆင္သယ္ေဆာင္ႏုိင္သည့္ အေျခအေနသို႕ ေရာက္ရွိ ေအာင္ျမင္ေနျပီဟု ႏုိင္ငံပုိင္ သတင္းစာျဖစ္ေသာ KCNA တြင္ ေဖာ္ျပခဲ့သည္။ KCNA ၏ ထုတ္ျပန္ေရးသားခ်က္မ်ားအရ ဒံုးက်ည္မ်ားကို အေျမာက္အျမားထုတ္လုပ္သြားမည္ဟု ေဖာ္ျပခဲ့သည္။

ေျမာက္ကိုးရီးယားတို႕၏ Pukguksong-2 မွာ ေျမျပင္အေျခစိုက္ ဒံုးပစ္ကားအမ်ိဳးအစားျဖစ္ျပီး ဒံုးက်ည္၏ ေလာင္စာအတြက္ Solid Fuel ကို အသံုးျပဳထားသည္။ ဒံုးက်ည္မွာ ေျမာက္ကိုးရီးယားႏုိင္ငံ၏ အေရွ႕ဘက္ကမ္းေျခ ေဒသသို႕ က်ဆင္းသြားေၾကာင္း သိရွိရသည္။ ေတာင္ကိုးရီးယားမွ တာ၀န္ရွိသူမ်ား၏ ခန္႕မွန္းခ်က္မ်ားအရ ေျမာက္ကိုးရီးယားတို႕၏ Ballistic ဒံုးက်ည္မွာ မိုင္ ၃၀၀ ခန္႕ ပ်ံသန္းႏုိင္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ၾကသည္။

ေမလ ၁၄ ရက္ေန႕တြင္ စမ္းသပ္ခဲ့ေသာ ဒံုးက်ည္မွာ တာေ၀းပစ္အမ်ိဳးအစားျဖစ္ျပီး မိုင္ေပါင္း ၁၃၀၀ ခန္႕ ပ်ံသန္းႏုိင္ေၾကာင္း သိရွိရသည္။ ေမလ ၂၁ ရက္ေန႕တြင္ စမ္းသပ္ေသာ ဒံုးက်ည္မွာ Mid-Range Missile အမ်ိဳးအစားျဖစ္သည္။

ေျမာက္ကိုးရီးယားတို႕၏ ထုတ္ျပန္ခ်က္မ်ားအရ အေမရိကန္တို႕၏ မခန္႕ေလးစားလုပ္မႈတို႕ကို တုံ႕ျပန္သြားမည္ျဖစ္ျပီး တာေ၀းပစ္ဒံုးက်ည္မ်ားမွာ အေမရိကန္ႏွင့္ ပစိဖိတ္ေဒသၾကီးတို႕အား အခ်ိန္မေရြး ပစ္ခ်ႏုိင္ျပီ ျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့သည္။ လက္ရွိတြင္ Ballistic ဒံုးက်ည္မ်ားမွာ ႏူကလိယားသယ္ေဆာင္ဖို႕ အဆင္သင့္ျဖစ္ေနျပီဟု ထုတ္ျပန္ခဲ့သည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: