တရုတ်နိုင်ငံမှာ စမတ်ဖုန်းဈေးကွက်ပြိုင်ဆိုင်မှု ပိုမိုများပြားလာပြီး တစ်ဖြည်းဖြည်းနဲ့ စမတ်ဖုန်း ကုမ္ပဏီအသစ်တွေကလည်း မှိုလိုပေါက်လာပါတယ်။ ဈေးသက်သာတဲ့ စမတ်ဖုန်းများအပြင် တန်ဖိုးကြီးတဲ့ Flagship ဖုန်း အမျိုးအစားတွေပါ ထုတ်လုပ်လာပြီး ထုတ်ပြန်ချက်များအရ ၂၀၁၇ ပထမ ၄ လ ပတ်မှာ ဈေးကွက်ကို အုပ်စိုးထားနိုင်ခဲ့တာ Xiaomi နဲ့ Oppo တို့ဘဲ ဖြစ်ပါတယ်။
CMR အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ စမတ်ဖုန်းကုမ္ပဏီများအာ ဇန်နဝါရီလနဲ့ မတ်လ အတွင်းမှာ အမြတ်ငွေ ၁၈၀ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး နိုင်ငံတစ်လွှားမှာလည်း တရုတ်စမတ်ဖုန်းကုမ္ပဏီတွေဟာ ဈေးကွက်ရဲ့ ၄၀ ရာခိုင်နှုန်းအထိ နေရာယူလာနိုင်ပြီလို့ ဆိုပါတယ်။
ယခင်က အချိန်တိုအတွင်းမှာ အရှိန်အားကောင်းကောင်းနဲ့ မြင့်တက်လာတာ Xiaomi တစ်ခုသာ ရှိပေမယ့် ၂၀၁၆ ခုနှစ်အတွင်းမှာတော့ တရုတ်နိုင်ငံရဲ့ စမတ်ဖုန်းကုမ္ပဏီများ အားပြိုင်မှုပိုမိုမြင့်တက်လာပြီး Oppo နဲ့ Vivo ကုမ္ပဏီတို့ပါ အဆင့်သတ်မှတ်ချက်တစ်ခုသို့ ရောက်ရှိလာပါတယ်။ ၂၀၁၇ ခုနှစ် ပထမ ၄ လ ပတ်ထဲမှာတော့ ဈေးကွက်ကို Xiaomi နဲ့ Oppo တို့က ဦးဆောင်လျက်ရှိပြီး အမြတ်ငွေများစွာကိုလည်း ရရှိခဲ့ပါတယ်။
Ref : indiatimes
Zawgyi Font : ၂၀၁၇ ခုႏွစ္ ပထမ ၄လ ပတ္ထဲမွာ စမတ္ဖုန္းေလာကကို သိမ္းပိုက္ခဲ့တဲ့ Xiaomi နဲ႕ Oppo
တရုတ္ႏုိင္ငံမွာ စမတ္ဖုန္းေစ်းကြက္ျပိဳင္ဆိုင္မႈ ပိုမိုမ်ားျပားလာျပီး တစ္ျဖည္းျဖည္းနဲ႕ စမတ္ဖုန္း ကုမၸဏီအသစ္ေတြကလည္း မိႈလိုေပါက္လာပါတယ္။ ေစ်းသက္သာတဲ့ စမတ္ဖုန္းမ်ားအျပင္ တန္ဖိုးၾကီးတဲ့ Flagship ဖုန္း အမ်ိဳးအစားေတြပါ ထုတ္လုပ္လာျပီး ထုတ္ျပန္ခ်က္မ်ားအရ ၂၀၁၇ ပထမ ၄ လ ပတ္မွာ ေစ်းကြက္ကို အုပ္စိုးထားႏုိင္ခဲ့တာ Xiaomi နဲ႕ Oppo တို႕ဘဲ ျဖစ္ပါတယ္။
CMR အဖြဲ႕အစည္းရဲ႕ ထုတ္ျပန္ခ်က္အရ စမတ္ဖုန္းကုမၸဏီမ်ားအာ ဇန္န၀ါရီလနဲ႕ မတ္လ အတြင္းမွာ အျမတ္ေငြ ၁၈၀ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာျပီး ႏုိင္ငံတစ္လႊားမွာလည္း တရုတ္စမတ္ဖုန္းကုမၸဏီေတြဟာ ေစ်းကြက္ရဲ႕ ၄၀ ရာခိုင္ႏႈန္းအထိ ေနရာယူလာႏုိင္ျပီလို႕ ဆိုပါတယ္။
ယခင္က အခ်ိန္တိုအတြင္းမွာ အရွိန္အားေကာင္းေကာင္းနဲ႕ ျမင့္တက္လာတာ Xiaomi တစ္ခုသာ ရွိေပမယ့္ ၂၀၁၆ ခုႏွစ္အတြင္းမွာေတာ့ တရုတ္ႏုိင္ငံရဲ႕ စမတ္ဖုန္းကုမၸဏီမ်ား အားျပိဳင္မႈပိုမိုျမင့္တက္လာျပီး Oppo နဲ႕ Vivo ကုမၸဏီတိုိ႕ပါ အဆင့္သတ္မွတ္ခ်က္တစ္ခုသို႕ ေရာက္ရွိလာပါတယ္။ ၂၀၁၇ ခုႏွစ္ ပထမ ၄ လ ပတ္ထဲမွာေတာ့ ေစ်းကြက္ကို Xiaomi နဲ႕ Oppo တို႕က ဦးေဆာင္လ်က္ရွိျပီး အျမတ္ေငြမ်ားစြာကိုလည္း ရရွိခဲ့ပါတယ္။
Ref : indiatimes