Home News မေလ ၂၅ ရက်နေ့တွင် Xiaomi Mi Max 2 မိတ်ဆက်ပြသမည်

မေလ ၂၅ ရက်နေ့တွင် Xiaomi Mi Max 2 မိတ်ဆက်ပြသမည်

0

Xiaomi ရဲ့ Mi Max series ဟာ နောက်ထပ် မျိုးဆက်အသစ်တစ်ခုအဖြစ် Second Generation ဖြစ်တဲ့ Mi Max 2 ကို မေလ ၂၅ ရက်နေ့မှ စတင်မိတ်ဆက်ပြသတော့မှာ ဖြစ်တယ်လို့ Xiaomi ရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ မျက်နှာပြင်ကြီးပြီး ဘတ်ထရီပမာဏများများပါတဲ့ Xiaomi Mi Max ဟာ လူကြိုက်များပြားလာပြီး နောက်မှာ Second Generation အဖြစ် ထပ်မံ Upgrade လုပ်ပြီး ထုတ်လုပ်လိုက်တယ်လို့ ဆိုရမှာပါ။

Mi Max 2 ကို CPU အနေနဲ့ Snapdragon 626 တပ်ဆင်ပေးထားမှာ ဖြစ်ပြီး RAM 4 GB, Storage 128 GB နဲ့ လာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ပြောင်းလဲမှုအနေနဲ့ အားသွင်းပေါက်ကို USB Type-C ဖြစ်သွားမယ်လို့ သုံးသပ်ကြပြီး Battery ကိုတော့ 5000 mAh ထည့်သွင်းပေးမှာ ဖြစ်တဲ့အတွက် အချျိန်အတော်ကြာကြာအသုံးပြုနိုင်မှာပါ။ သုံးသပ်ချက်များအရ Mi Max 2 ဟာ ယခင် Mi Max ကို CPU, RAM, Battery နဲ့ USB Type-C ကို ထပ်မံ upgrade မြှင့်လိုက်တဲ့ မျိုးဆက်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ထပ် ထူးခြားတဲ့ လုပ်ဆောင်ချက်မျိုး အသစ်ကိုတော့ မတွေ့ရှိရပါဘူး။

ဒါပေမယ့် Hardware specification အပြည့်အစုံနဲ့ feature အသစ်တွေကိုတော့ မေလ ၂၅ ရက်နေ့မှာမှ အတိအကျ သိရမှာ ဖြစ်ပါတယ်။ လောလောဆယ် Xiaomi အနေနဲ့ မိတ်ဆက်မယ့် ရက်ကိုသာ တရားဝင်ကြေငြာတာ ဖြစ်ပြီး Feature အသစ်တွေနဲ့ Hardware Specification အတိအကျကိုတော့ လျှို့ဝှက်ထားတာ ဖြစ်ပါတယ်။

Zawgyi Font : ေမလ ၂၅ ရက္ေန႕တြင္ Xiaomi Mi Max 2 မိတ္ဆက္ျပသမည္

Xiaomi ရဲ႕ Mi Max series ဟာ ေနာက္ထပ္ မ်ိဳးဆက္အသစ္တစ္ခုအျဖစ္ Second Generation ျဖစ္တဲ့ Mi Max 2 ကို ေမလ ၂၅ ရက္ေန႕မွ စတင္မိတ္ဆက္ျပသေတာ့မွာ ျဖစ္တယ္လို႕ Xiaomi ရဲ႕ တရား၀င္၀က္ဘ္ဆိုဒ္မွာ ေဖာ္ျပထားပါတယ္။ မ်က္ႏွာျပင္ၾကီးျပီး ဘတ္ထရီပမာဏမ်ားမ်ားပါတဲ့ Xiaomi Mi Max ဟာ လူၾကိဳက္မ်ားျပားလာျပီး ေနာက္မွာ Second Generation အျဖစ္ ထပ္မံ Upgrade လုပ္ျပီး ထုတ္လုပ္လိုက္တယ္လို႕ ဆိုရမွာပါ။

Mi Max 2 ကို CPU အေနနဲ႕ Snapdragon 626 တပ္ဆင္ေပးထားမွာ ျဖစ္ျပီး RAM 4 GB, Storage 128 GB နဲ႕ လာဖြယ္ရွိတယ္လို႕ ခန္႕မွန္းၾကပါတယ္။ ေျပာင္းလဲမႈအေနနဲ႕ အားသြင္းေပါက္ကို USB Type-C ျဖစ္သြားမယ္လို႕ သံုးသပ္ၾကျပီး Battery ကိုေတာ့ 5000 mAh ထည့္သြင္းေပးမွာ ျဖစ္တဲ့အတြက္ အခ်ိ်န္အေတာ္ၾကာၾကာအသံုးျပဳႏုိင္မွာပါ။ သံုးသပ္ခ်က္မ်ားအရ Mi Max 2 ဟာ ယခင္ Mi Max ကို CPU, RAM, Battery နဲ႕ USB Type-C ကို ထပ္မံ upgrade ျမွင့္လိုက္တဲ့ မ်ိဳးဆက္တစ္ခုျဖစ္တယ္လို႕ ဆုိပါတယ္။ ေနာက္ထပ္ ထူးျခားတဲ့ လုပ္ေဆာင္ခ်က္မ်ိဳး အသစ္ကိုေတာ့ မေတြ႕ရွိရပါဘူး။

ဒါေပမယ့္ Hardware specification အျပည့္အစံုနဲ႕ feature အသစ္ေတြကိုေတာ့ ေမလ ၂၅ ရက္ေန႕မွာမွ အတိအက် သိရမွာ ျဖစ္ပါတယ္။ ေလာေလာဆယ္ Xiaomi အေနနဲ႕ မိတ္ဆက္မယ့္ ရက္ကုိသာ တရား၀င္ေၾကျငာတာ ျဖစ္ျပီး Feature အသစ္ေတြနဲ႕ Hardware Specification အတိအက်ကိုေတာ့ လွ်ိဳ႕၀ွက္ထားတာ ျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: