Home News ဒီဂီယာကို မန်ယူမှာဆက်မြင်နေရဖို့ ယုံကြည်ချက်ရှိတယ်ဆိုတဲ့ မော်ရင်ဟို

ဒီဂီယာကို မန်ယူမှာဆက်မြင်နေရဖို့ ယုံကြည်ချက်ရှိတယ်ဆိုတဲ့ မော်ရင်ဟို

0

မန်ယူအသင်းနည်းပြ ဟိုးဆေးမော်ရင်ဟိုက အသင်းရဲ့အဓိကဂိုးသမား ဒေးဗစ်ဒီဂီယာအနေနဲ့ ရာသီအကုန်မှာ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းကို မပြောင်းရွေ့ပဲ အသင်းမှာသာ ဆက်လက်ရှိနေမှာကို ယုံကြည်နေကြောင်း ပြောဆိုသွားခဲ့ပါတယ်။

PFA ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမား ၁၁စာရင်းမှာ ပါဝင်လာခဲ့တဲ့ ဂိုးသမားဒီဂီယာကို ရီးရဲလ်မက်ဒရစ်အသင်းက အရခေါ်ယူနိုင်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးပမ်းခဲ့ဖူးပြီး ၂၀၁၅ခုနှစ်တုန်းကလည်း အသင်းကိုရောက်ရှိဖို့ နီးစပ်ခဲ့ပေမယ့် စာရွှက်စာတမ်းကိစ္စများကြောင့် ပျက်ပြယ်သွားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အခုတစ်ကြိမ်မှာတော့ ရီးရဲလ်အသင်းဟာ ဒီဂီယာကို အရခေါ်ယူသွားမယ့် အနေအထားမျိုးရှိနေပြီး မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဆောက်သမ်တန်ပွဲမှာလည်း ဒီဂီယာမပါဝင်လာခဲ့တာကြောင့် ဒီဂီယာရဲ့ အပြောင်းအရွေ့က ဖြစ်နိုင်ခြေရှိကြောင်း သုံးသပ်မှုတွေ တိုးမြှင့်လာခဲ့ပါတယ်။ ဒါပေမယ့် မန်ယူနည်းပြမော်ရင်ဟိုကတော့ ဒီဂီယာကို လက်လွတ်ဖို့ အစီအစဉ်မရှိကြောင်းနဲ့ ဒီဂီယာရော အရန်ဂိုးသမား ရိုမဲရိုးကရော နိုင်ငံအသင်းတွေရဲ့ လက်ရွေးစင်ဂိုးသမားများဖြစ်လို့ နှစ်ဦးလုံးဟာ အသင်းအတွက် အရေးပါကြောင်း ဒီဂီယာအနေနဲ့လည်း အသင်းမှာဆက်ရှိနေမယ်လို့ ယုံကြည်မိကြောင်း ပြောဆိုထားခဲ့ပါတယ်။

နည်းပြမော်ရင်ဟို လာမယ့်တနင်္ဂနွေမှာ ယှဉ်ပြိုင်ကစားသွားမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်မှာ လူငယ်ဂိုးသမားလေးဖြစ်တဲ့ ဂျိုရယ်ပီရဲရားကို ပွဲထွက်အသုံးပြုသွားဖယ်ရှိတယ်လို့ အရိပ်အမြွက် ပြောဆိုထားခဲ့ပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း ရိုမဲရိုးကိုသာ ပွဲထွက်စေမှာဖြစ်တာကြောင့် ဒီဂီယာအနေနဲ့ ရာသီပိတ်ပွဲနှစ်လုံးကို လွဲချော်သွားရမယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပါတယ်ခင်ဗျာ။

Zawgyi Font : ဒီဂီယာကုိ မန္ယူမွာဆက္ျမင္ေနရဖုိ႔ ယုံၾကည္ခ်က္ရွိတယ္ဆုိတဲ႔ ေမာ္ရင္ဟုိ

မန္ယူအသင္းနည္းျပ ဟုိးေဆးေမာ္ရင္ဟုိက အသင္းရဲ႕အဓိကဂုိးသမား ေဒးဗစ္ဒီဂီယာအေနနဲ႔ ရာသီအကုန္မွာ စပိန္ထိပ္သီးကလပ္ ရီးရဲလ္မက္ဒရစ္အသင္းကုိ မေျပာင္းေရြ႕ပဲ အသင္းမွာသာ ဆက္လက္ရွိေနမွာကုိ ယုံၾကည္ေနေၾကာင္း ေျပာဆုိသြားခဲ႔ပါတယ္။

PFA ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံး ကစားသမား ၁၁စာရင္းမွာ ပါဝင္လာခဲ႔တဲ႔ ဂုိးသမားဒီဂီယာကုိ ရီးရဲလ္မက္ဒရစ္အသင္းက အရေခၚယူႏုိင္ဖုိ႔ အႀကိမ္ေပါင္းမ်ားစြာ ႀကိဳးပမ္းခဲ႔ဖူးၿပီး ၂၀၁၅ခုႏွစ္တုန္းကလည္း အသင္းကုိေရာက္ရွိဖုိ႔ နီးစပ္ခဲ႔ေပမယ့္ စာရႊက္စာတမ္းကိစၥမ်ားေၾကာင့္ ပ်က္ျပယ္သြားခဲ႔ရတာျဖစ္ပါတယ္။ ဒါေပမယ့္ အခုတစ္ႀကိမ္မွာေတာ့ ရီးရဲလ္အသင္းဟာ ဒီဂီယာကုိ အရေခၚယူသြားမယ့္ အေနအထားမ်ိဳးရွိေနၿပီး မေန႔ညက ယွဥ္ၿပိဳင္ကစားသြားခဲ႔တဲ႔ ေဆာက္သမ္တန္ပြဲမွာလည္း ဒီဂီယာမပါဝင္လာခဲ႔တာေၾကာင့္ ဒီဂီယာရဲ႕ အေျပာင္းအေရြ႕က ျဖစ္ႏုိင္ေျခရွိေၾကာင္း သုံးသပ္မႈေတြ တုိးျမွင့္လာခဲ႔ပါတယ္။ ဒါေပမယ့္ မန္ယူနည္းျပေမာ္ရင္ဟုိကေတာ့ ဒီဂီယာကုိ လက္လြတ္ဖုိ႔ အစီအစဥ္မရွိေၾကာင္းနဲ႔ ဒီဂီယာေရာ အရန္ဂုိးသမား ရုိမဲရုိးကေရာ ႏုိင္ငံအသင္းေတြရဲ႕ လက္ေရြးစင္ဂုိးသမားမ်ားျဖစ္လုိ႔ ႏွစ္ဦးလုံးဟာ အသင္းအတြက္ အေရးပါေၾကာင္း ဒီဂီယာအေနနဲ႔လည္း အသင္းမွာဆက္ရွိေနမယ္လုိ႔ ယုံၾကည္မိေၾကာင္း ေျပာဆုိထားခဲ႔ပါတယ္။

နည္းျပေမာ္ရင္ဟုိ လာမယ့္တနဂၤေႏြမွာ ယွဥ္ၿပိဳင္ကစားသြားမယ့္ ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ ပရီးမီးယားလိဂ္ ရာသီပိတ္ပြဲစဥ္မွာ လူငယ္ဂုိးသမားေလးျဖစ္တဲ႔ ဂ်ိဳရယ္ပီရဲရားကုိ ပြဲထြက္အသုံးျပဳသြားဖယ္ရွိတယ္လုိ႔ အရိပ္အျမြက္ ေျပာဆုိထားခဲ႔ပါတယ္။ ဒါ့အျပင္ ယူရုိပါလိဂ္ဗုိလ္လုပြဲမွာလည္း ရုိမဲရုိးကုိသာ ပြဲထြက္ေစမွာျဖစ္တာေၾကာင့္ ဒီဂီယာအေနနဲ႔ ရာသီပိတ္ပြဲႏွစ္လုံးကုိ လြဲေခ်ာ္သြားရမယ့္ အေျခအေနမ်ိဳးနဲ႔ ရင္ဆုိင္ေနရပါတယ္ခင္ဗ်ာ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: