Home News အမေရိကန်မှ ကိုးရီးယားကျွန်းဆွယ်သို့ လေယာဉ်တင်စစ်သင်္ဘောတစ်စီး ထပ်မံစေလွှတ်

အမေရိကန်မှ ကိုးရီးယားကျွန်းဆွယ်သို့ လေယာဉ်တင်စစ်သင်္ဘောတစ်စီး ထပ်မံစေလွှတ်

0

ဧပြီလအတွင်းမှာ အမေရိကန်နဲ့ မြောက်ကိုးရီးယားတို့စစ်ရေးအရ တင်းမာမှုမြင့်တက်လာပြီး ကိုးရီးယားကျွန်းဆွယ်သို့ လေယာဉ်တင် စစ်သင်္ဘော USS Carl Vinson ကိုစေလွှတ်ပြီး ဂျပန်နဲ့ပူးပေါင်းကာ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ မြောက်ကိုးရီးယားမှလည်း အမေရိကန် စစ်သင်္ဘော USS Carl Vinson ကို အချိန်မရွေး ရေအောက်သို့ နှစ်မြှုပ်နိုင်ကြောင်း ပြောဆိုခဲ့ပြီးနောက် အမေရိကန်မှ တိုမာဟောက်စ် ဒုံးကျည် ၁၅၀ ကျော်ခန့်တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောကို ထပ်မံစေလွှတ်ခဲ့ပါသေးတယ်။ ယခုအခါမှာတော့ နောက်ထပ် လေယာဉ်တင် စစ်သင်္ဘောတစ်စီးကို ထပ်မံစေလွှတ်မှာ ဖြစ်ပါတယ်။

uss-ronald-reagan

ဒါကြောင့် ကိုးရီးယားကျွန်းဆွယ်နားမှာ စစ်လေယာဉ်တင် သင်္ဘောနှစ်စီး ရှိလာမှာ ဖြစ်ပြီး စစ်ရေးလေ့ကျင့်ဖို့ စေလွှတ်လိုက်တယ်လို့ ဆိုပါတယ်။ ထပ်မံစေလွှတ်လိုက်တဲ့ သင်္ဘောအမည်ကတော့ USS Ronald Reagan ဖြစ်ပါတယ်။ မေလ ၁၄ ရက်နေ့မှာ မြောက်ကိုးရီးယားမှ စမ်းသပ်ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အရေးကိစ္စနဲ့ ပတ်သတ်ပြီး အမေရိကန်မှ မြောက်ကိုးရီးယားသို့ သတိပေးသည့်အနေဖြင့် စစ်သင်္ဘော USS Ronald Reagan ကို ထပ်မံစေလွှတ်တာ ဖြစ်တယ်လို့ နိုင်ငံရေးကျွမ်းကျင်သူများက မှတ်ချက်ပေးကြပါတယ်။

စစ်လေယာဉ်ပေါင်း ၆၀ ကို သယ်ဆောင်နိုင်တဲ့ USS Ronald Reagan ဟာ စစ်သားပေါင်း ၄၅၃၉ ပါဝင်ပြီး တည်ဆောက်စရိတ် အမေရိကန် ဒေါ်လာ ၈.၅ ဘီလီယံ ကုန်ကျတယ်လို့ သိရှိရပါတယ်။

Zawgyi Font : အေမရိကန္မွ ကိုးရီးယားကြ်န္းဆြယ္သို႕ ေလယာဥ္တင္စစ္သေဘၤာတစ္စီး ထပ္မံေစလႊတ္

ဧျပီလအတြင္းမွာ အေမရိကန္နဲ႕ ေျမာက္ကိုးရီးယားတို႕စစ္ေရးအရ တင္းမာမႈျမင့္တက္လာျပီး ကိုးရီးယားကြ်န္းဆြယ္သို႕ ေလယာဥ္တင္ စစ္သေဘၤာ USS Carl Vinson ကိုေစလႊတ္ျပီး ဂ်ပန္နဲ႕ပူးေပါင္းကာ စစ္ေရးေလ့က်င့္ခဲ့ပါတယ္။ ေျမာက္ကိုးရီးယားမွလည္း အေမရိကန္ စစ္သေဘၤာ USS Carl Vinson ကို အခ်ိန္မေရြး ေရေအာက္သို႕ ႏွစ္ျမွဳပ္ႏုိင္ေၾကာင္း ေျပာဆိုခဲ့ျပီးေနာက္ အေမရိကန္မွ တုိမာေဟာက္စ္ ဒံုးက်ည္ ၁၅၀ ေက်ာ္ခန္႕တပ္ဆင္ထားတဲ့ ေရငုပ္သေဘၤာကို ထပ္မံေစလႊတ္ခဲ့ပါေသးတယ္။ ယခုအခါမွာေတာ့ ေနာက္ထပ္ ေလယာဥ္တင္ စစ္သေဘၤာတစ္စီးကို ထပ္မံေစလႊတ္မွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ကိုးရီးယားကြ်န္းဆြယ္နားမွာ စစ္ေလယာဥ္တင္ သေဘၤာႏွစ္စီး ရွိလာမွာ ျဖစ္ျပီး စစ္ေရးေလ့က်င့္ဖို႕ ေစလႊတ္လိုက္တယ္လို႕ ဆိုပါတယ္။ ထပ္မံေစလႊတ္လိုက္တဲ့ သေဘၤာအမည္ကေတာ့ USS Ronald Reagan ျဖစ္ပါတယ္။ ေမလ ၁၄ ရက္ေန႕မွာ ေျမာက္ကိုးရီးယားမွ စမ္းသပ္ပစ္လႊတ္လိုက္တဲ့ ဒံုးက်ည္အေရးကိစၥနဲ႕ ပတ္သတ္ျပီး အေမရိကန္မွ ေျမာက္ကိုးရီးယားသို႕ သတိေပးသည့္အေနျဖင့္ စစ္သေဘၤာ USS Ronald Reagan ကို ထပ္မံေစလႊတ္တာ ျဖစ္တယ္လို႕ ႏုိင္ငံေရးကြ်မ္းက်င္သူမ်ားက မွတ္ခ်က္ေပးၾကပါတယ္။

စစ္ေလယာဥ္ေပါင္း ၆၀ ကို သယ္ေဆာင္ႏုိင္တဲ့ USS Ronald Reagan ဟာ စစ္သားေပါင္း ၄၅၃၉ ပါ၀င္ျပီး တည္ေဆာက္စရိတ္ အေမရိကန္ ေဒၚလာ ၈.၅ ဘီလီယံ ကုန္က်တယ္လို႕ သိရွိရပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: