WhatsApp အား လွှဲပြောင်းယူရာတွင် မမှန်ကန်သော အချက်အလက်များ သို့မဟုတ် မှားယွင်းသည့် အချက်အလက်များ ပေးမှုအတွက် ဥရောပကော်မရှင်မှ Facebook အား အမေရိကန်ဒေါ်လာ ၁၂၂ သန်း ပြစ်ဒဏ်ငွေ ချမှတ်လိုက်သည်။
Facebook သည် ၂၀၁၄ ခုနှစ်၌ WhatsApp ကုမ္ပဏီအား အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီး Facebook မှ WhatsApp အား ဝယ်ယူခြင်းသည် လူမှုကွန်ရက်မီဒီယာများအား ထိခိုက်စေသည့် အကြောင်းမရှိကြောင်း ဆုံးဖြတ်ချက်ဖြင့် ဥရောပကော်မရှင်မှ ဝယ်ယူမှုကို ခွင့်ပြုပေးခဲ့သည်။ ၂၀၁၆ ခုနှစ်ကုန်ခါနီး ကာလပတ်တွင် WhatsApp နှင့် Facebook တို့နှစ်ခုအကြား အသုံးပြုသူများ၏ အချက်အလက်ဆိုင်ရာ စည်းမျဉ်းဥပဒေကို ပြုပြင်ရေးဆွဲခဲ့ပြီး ယခုအချိန်တွင် မမှန်ကန်သော အချက်အလက်များ လွှဲပြောင်းမှုအတွက် ဒဏ်ငွေရိုက်ခံရခြင်း ဖြစ်သည်။
သို့သော်လည်း Facebook မှ ရည်ရွယ်၍ တမင်ပြုလုပ်ခြင်းမဟုတ်ဘဲ အကြောင်းတိုက်ဆိုင်၍ အချက်အလက်များ လွဲမှားသွားသည် ဟု ဖြေရှင်းထားသည်။ လွန်ခဲ့သော ၂ ရက်ခန့်ကလည်း ပြင်သစ်နိုင်ငံတွင် ကြေငြာရှင်မာျး၏ အချက်အလက်များအား ချိုးဖောက်သည့် စွပ်စွဲချက်ဖြင့် ယူရိုငွေ ၁၅၀၀၀၀ ကိုလည်း ဒဏ်ငွေဆောင်ထားရသည်။
Zawgyi Font : မမွန္ကန္ေသာ အခ်က္အလက္လႊဲေျပာင္းမႈအတြက္ ဥေရာပေကာ္မရွင္မွ Facebook အား ဒဏ္ေငြ အေမရိကန္ေဒၚလာ ၁၂၂ သန္း ခ်မွတ္
WhatsApp အား လႊဲေျပာင္းယူရာတြင္ မမွန္ကန္ေသာ အခ်က္အလက္မ်ား သို႕မဟုတ္ မွားယြင္းသည့္ အခ်က္အလက္မ်ား ေပးမႈအတြက္ ဥေရာပေကာ္မရွင္မွ Facebook အား အေမရိကန္ေဒၚလာ ၁၂၂ သန္း ျပစ္ဒဏ္ေငြ ခ်မွတ္လိုက္သည္။
Facebook သည္ ၂၀၁၄ ခုႏွစ္၌ WhatsApp ကုမၸဏီအား အေမရိကန္ေဒၚလာ ၁၉ ဘီလီယံျဖင့္ ၀ယ္ယူခဲ့ျပီး Facebook မွ WhatsApp အား ၀ယ္ယူျခင္းသည္ လူမႈကြန္ရက္မီဒီယာမ်ားအား ထိခုိက္ေစသည့္ အေၾကာင္းမရွိေၾကာင္း ဆံုးျဖတ္ခ်က္ျဖင့္ ဥေရာပေကာ္မရွင္မွ ၀ယ္ယူမႈကို ခြင့္ျပဳေပးခဲ့သည္။ ၂၀၁၆ ခုႏွစ္ကုန္ခါနီး ကာလပတ္တြင္ WhatsApp ႏွင့္ Facebook တုိ႕ႏွစ္ခုအၾကား အသံုးျပဳသူမ်ား၏ အခ်က္အလက္ဆိုင္ရာ စည္းမ်ဥ္းဥပေဒကို ျပဳျပင္ေရးဆြဲခဲ့ျပီး ယခုအခ်ိန္တြင္ မမွန္ကန္ေသာ အခ်က္အလက္မ်ား လႊဲေျပာင္းမႈအတြက္ ဒဏ္ေငြရိုက္ခံရျခင္း ျဖစ္သည္။
သို႕ေသာ္လည္း Facebook မွ ရည္ရြယ္၍ တမင္ျပဳလုပ္ျခင္းမဟုတ္ဘဲ အေၾကာင္းတိုက္ဆိုင္၍ အခ်က္အလက္မ်ား လြဲမွားသြားသည္ ဟု ေျဖရွင္းထားသည္။ လြန္ခဲ့ေသာ ၂ ရက္ခန္႕ကလည္း ျပင္သစ္ႏုိင္ငံတြင္ ေၾကျငာရွင္မာ်း၏ အခ်က္အလက္မ်ားအား ခ်ိဳးေဖာက္သည့္ စြပ္စြဲခ်က္ျဖင့္ ယူရိုေငြ ၁၅၀၀၀၀ ကိုလည္း ဒဏ္ေငြေဆာင္ထားရသည္။