Home News ကင်မရာထဲမှာ ပေါ်လာသမျှ အရာဝတ္ထုတွေကို အလိုအလျောက် ခွဲခြားသတ်မှတ်ပေးနိုင်မယ့် Google Lens
ကင်မရာထဲမှာ ပေါ်လာသမျှ အရာဝတ္ထုတွေကို အလိုအလျောက် ခွဲခြားသတ်မှတ်ပေးနိုင်မယ့် Google Lens
0
အရင်က ကင်မရာဆိုတာ ဓာတ်ပုံရိုက်မှတ်တမ်းတင်ဖို့လောက်ဘဲ အသုံးပြုကြပေမယ့် ယခုအချိန်မှာတော့ ကိုယ့်ရဲ့ လမ်းညွှန်သဖွယ်အသုံးပြုနိုင်မယ့် လုပ်ဆောင်ချက်ကို Google က ဖန်တီးပေးလိုက်ပါတယ်။ အဲ့ဒါကိုတော့ Google Lens လို့ခေါ်ပြီး ကင်မရာထဲမှာ မြင်တွေ့ရတဲ့ အရာဝတ္ထုတွေကို AI နည်းပညာအသုံးပြုပြီး ကိုယ့်ကို လမ်းညွှန်သဖွယ် လုပ်ပေးနိုင်မှာပါ။
google-lens
ဥပမာအားဖြင့် ဆိုင်တစ်ဆိုင်ရဲ့ ဆိုင်းဘုတ်ကို ဓာတ်ပုံရိုက်ပြီး Google Lens နဲ့ လှမ်းဖတ်မယ်ဆိုရင် ဆိုင်ရဲ့ တည်နေရာ၊ အမျိုးအစား၊ ဝန်ဆောင်မှု စတာတွေကို ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ မည်သည့်အရာဝတ္ထုကိုမဆို ခွဲခြားသတ်မှတ်ပေးနိုင်မယ့် မှတ်ဉာဏ်တုနည်းပညာကြောင့် အတော်လေးကို အသုံးဝင်မှာ ဖြစ်ပါတယ်။ Wifi ချိတ်မယ်ဆိုလည်း ဒီအတိုင်းပါဘဲ။ Wifi Security စာတမ်းလေးကပ်ထားတဲ့ နေရာအရှေ့မှာ ကင်မရာလေးဖွင့်ထားရုံနဲ့ Wifi Setting ကို အလိုအလျောက်ဖြည့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းကျရင် AI နည်းပညာတိုးတက်မှုကြောင့် လူတွေကတော့ အလုပ်သိပ်လုပ်စရာမလိုပါဘူူး။ ကိုယ့်ဘေးနားမှာ လက်ထောက်တစ်ယောက် ရောက်နေသလိုပါဘဲ။
Zawgyi Font : ကင်မရာထဲမှာ ပေါ်လာသမျှ အရာဝတ္ထုတွေကို အလိုအလျောက် ခွဲခြားသတ်မှတ်ပေးနိုင်မယ့် Google Lens
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: