Home Entertainment အချစ်ကြောင့် တော်ဝင်မိသားစုကို စွန့်ခွာရတော့မယ့် ဂျပန်တော်ဝင်မင်းသမီး
အချစ်ကြောင့် တော်ဝင်မိသားစုကို စွန့်ခွာရတော့မယ့် ဂျပန်တော်ဝင်မင်းသမီး
0
အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူး၊ အချစ်မှာ မျက်စိမရှိဘူး ဆိုတဲ့ စကားကတော့ လူတိုင်းရင်းနှီးပြီးသားပါ။ အခုလဲ ဒီလိုပါဘဲ။ ဂျပန်နိုင်ငံရဲ့ တော်ဝင်မင်းသမီး မားကို ( Mako) ကတော့ သူ့ရဲ့ ချစ်သူနဲ့ ပေါင်းစည်းနိုင်ဖို့ တော်ဝင်မိသားစုကို စွန့်ခွာရဖွယ် အခြေအနေဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ ချစ်သူဟာ တော်ဝင်မိသားစု ထဲကမဟုတ်ဘဲ သာမန် အရပ်သားတစ်ယောက် ဖြစ်နေတာ ကြောင့်ပါ။
တော်ဝင်မိသားစုရဲ့ စည်းကမ်းသတ်မှတ်ချက်အရ အရပ်သားကို လက်ထပ်ခဲ့မယ်ဆိုရင် တော်ဝင်မိသားစုအဖြစ်ကနေ စွန့်ခွာရမှာ ဖြစ်ပြီး တော်ဝင်မိသားစုအဖြစ် ဆက်လက်ထိန်းသိမ်းဖို့ဆိုရင်တော့ တော်ဝင်မိသားစု အသိုင်းအဝိုင်းထဲကဘဲ လက်ထပ်ရမှာ ဖြစ်ပါတယ်။ ဂျပန်ဧကရာဇ် ကြီးရဲ့ မြေးဖြစ်တဲ့ မင်းသမီး မားကို ကတော့ သူမရဲ့ ချစ်သူနဲ့ ပေါင်းစည်းဖို့ မိသားစုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီ ဖြစ်ပါတယ်။ မိသားစုရဲ့ ခွင့်ပြုချက်ရပေမယ့် မည်သို့ပင်ဖြစ်စေ တော်ဝင်မိသားစုအဖြစ် စွန့်ခွာပေးရမှာ ဖြစ်ပါတယ်။
တော်ဝင်မင်းသမီးလေး မားကို ရဲ့ အသည်းနှလုံးကို ညှိ့စားနိုင်ခဲ့သူကတော့ ကိုင်ကိုမူရို အမည်ရတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ခရီးသွားဧည့်လမ်းညွှန်တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် အတီးအခတ်နဲ့ အချက်အပြုတ်တို့ကိုလည်း ပိုင်နိုင်တဲ့ အမျိုးသားတစ်ဦးလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တိုကျိုမြို့မှာရှိတဲ့ ရှီဘူရာ စားသောက်ဆိုင်မှာ စတင်ဆုံတွေ့ကြတာဖြစ်ပြီး ချစ်သူဖြစ်ခြင်းရဲ့ အစလည်း ဖြစ်ပါတယ်။
komuro
မည်သို့ပင်ဖြစ်စေ တော်ဝင်မင်းသမီးလေး မားကို ကတော့ အချစ်ရဲ့တန်ခိုးကြောင့် တော်ဝင်မိသားစုကို စွန့်ခွာနိုင်တဲ့ သတ္တိရှိတာ ချီးကျူးထိုက်ပါတယ်။
Zawgyi Font : အချစ်ကြောင့် တော်ဝင်မိသားစုကို စွန့်ခွာရတော့မယ့် ဂျပန်တော်ဝင်မင်းသမီး
mako
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: