Facebook မှာ ကြေငြာရှင်များရဲ့ အချက်အလက်များကို ခိုးယူချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြင်သစ်နိုင်ငံမှာ ဒဏ်ငွေဆောင်လိုက်ရပါတယ်။ အကြောင်းရင်းကတော့ လုပ်ငန်းရှင်များရဲ့ အချက်အလက်များနဲ့ browser မှာ အသုံးပြုခဲ့တဲ့ history တွေကို cookie အသုံးပြုပြီး နောက်ယောက်ခံလိုက်ခဲ့တာကြောင့် ဖြစ်ပါတယ်။
အဆိုပါ လုပ်ဆောင်ချက်ကြောင့် ပြင်သစ်နိုင်ငံရဲ့ အချက်အလက်နှင့် ကိုယ်ရေးကိုယ်တာ ကာကွယ်ခြင်း ဥပဒေဖြင့် ငြိစွန်းသွားပြီး Facebook အမြတ်ငွေရဲ့ ဝ.၀၀၂ ရာခိုင်နှုန်းကို ဒဏ်ကြေးဆောင်ဖို့ တရားရုံးမှ အမိန့်ချမှတ်ခဲ့ပါတယ်။ ငွေကြေးအားဖြင့် ယူရို ၁သိန်းခွဲ ဆောင်ခဲ့ရပြီး Facebook အတွက်တော့ မများလှပါဘူး။ ထုတ်ပြန်ချက်များအရ ၂၀၁၇ ခုနှစ်ရဲ့ ပထမ ၄လ မှာ အမြတ်ငွေ ၈.၀၃ ဘီလီယံရှိပါတယ်။ ဒါကြောင့် ဒဏ်ငွေ ဝ.၀၀၂ ရာခိုင်နှုန်းဟာ Facebook အတွက်တော့ ကြမ်းပိုးကိုက်သလောက်တောင် မရှိပါဘူး။
Zawgyi Font : ေၾကျငာရွင္မ်ား၏ အခ်က္အလက္မ်ားကို ခ်ိဳးေဖာက္မိလို႔ ဒဏ္ေငြေဆာင္လိုက္ရတဲ့ Facebook
Facebook မွာ ေၾကျငာရွင္မ်ားရဲ႕ အခ်က္အလက္မ်ားကို ခိုးယူခ်ိဳးေဖာက္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႕ ျပင္သစ္ႏုိင္ငံမွာ ဒဏ္ေငြေဆာင္လိုက္ရပါတယ္။ အေၾကာင္းရင္းကေတာ့ လုပ္ငန္းရွင္မ်ားရဲ႕ အခ်က္အလက္မ်ားနဲ႕ browser မွာ အသံုးျပဳခဲ့တဲ့ history ေတြကို cookie အသံုးျပဳျပီး ေနာက္ေယာက္ခံလိုက္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။
အဆိုပါ လုပ္ေဆာင္ခ်က္ေၾကာင့္ ျပင္သစ္ႏုိင္ငံရဲ႕ အခ်က္အလက္ႏွင့္ ကိုယ္ေရးကိုယ္တာ ကာကြယ္ျခင္း ဥပေဒျဖင့္ ျငိစြန္းသြားျပီး Facebook အျမတ္ေငြရဲ႕ ၀.၀၀၂ ရာခိုင္ႏႈန္းကို ဒဏ္ေၾကးေဆာင္ဖို႕ တရားရံုးမွ အမိန္႕ခ်မွတ္ခဲ့ပါတယ္။ ေငြေၾကးအားျဖင့္ ယူရို ၁သိန္းခြဲ ေဆာင္ခဲ့ရျပီး Facebook အတြက္ေတာ့ မမ်ားလွပါဘူး။ ထုတ္ျပန္ခ်က္မ်ားအရ ၂၀၁၇ ခုႏွစ္ရဲ႕ ပထမ ၄လ မွာ အျမတ္ေငြ ၈.၀၃ ဘီလီယံရွိပါတယ္။ ဒါေၾကာင့္ ဒဏ္ေငြ ၀.၀၀၂ ရာခိုင္ႏႈန္းဟာ Facebook အတြက္ေတာ့ ၾကမ္းပိုးကိုက္သေလာက္ေတာင္ မရွိပါဘူး။