ကဖင်းဓာတ်ဟာ လူကို လန်းဆန်းစေတယ်၊ အိပ်မငိုက်စေဘူးလို့ လူတိုင်းသိထားကြပေမယ့် တန်ရင်ဆေး လွန်ရင်ဘေး ဖြစ်သလိုပါဘဲ။ ကော်ဖီ၊ လက်ဖက်ရည်နှင့် အားဖြည့်အချိုရည်တိုင်းမှာ ကဖင်းဓာတ်ပါရှိပါတယ်။ ဒါ့အပြင် ကဖင်းဓာတ်ဟာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ပြဿနာရှိတဲ့သူတွေ သောက်သုံးဖို့ မသင့်ပါဘူး။
အမေရိကန်နိုင်ငံ ကယ်ရိုလိုင်းနား ပြည်နယ် မှ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ယောက်ကတော့ ကဖင်းဓာတ်လွန်ကဲမှုကြောင့် အသက်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ကျောင်းသားဟာ တစ်နေ့ထဲမှာ ကဖင်းဓာတ်များစွာပါဝင်တဲ့ လပ်တီးကော်ဖီ၊ diet လုပ်ဖို့ သောက်ဆုံးကြတဲ့ large Diet Mountain Dew နဲ့ အားဖြည့် အချိုရည်တို့ကို သောက်သုံးခဲ့တာ ဖြစ်ပါတယ်။
အမျိုးအစားတစ်ခုစီတိုင်းမှာ ကဖင်းဓာတ်ပါဝင်မှုမြင့်မားတာကြောင့် နှလုံးခုန်နှုန်း မူမမှန်ဖြစ်လာပြီး သေဆုံးရခြင်း ဖြစ်ပါတယ်။ နေ့လည် ၁၂ခွဲအချိန်မှာ လပ်တီးကော်ဖီတစ်ခွက်ကို သောက်ခဲ့ပြီးနောက်မှာ Large Diet Mountain Dew အချိုရည်ကို ဆက်တိုက် သောက်ခဲ့ပါတယ်။ ဒါ့အပြင် နေ့လည် ၂နာရီခွဲခါနီးမှာ အားဖြည့်အချိုရည် ထပ်မံ သောက်သုံးခဲ့ပြီး ညနေ ၃နာရီ ၄၀ မိနစ်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် FDA အဖွဲ့အစည်းရဲ့ ထုတ်ပြန်ကြေငြာချက်အရ ထုတ်လုပ်ရောင်းချနေတဲ့ ကော်ဖီများဟာ ကလေးသူငယ်တွေ အတွက် သီးသန့်ရည်ရွယ်ထားတဲ့ ကော်ဖီအမျိုးအစားမျိုး မဟုတ်ကြောင်း၊ သာမန် စံချိန်စံညွှန်းများနဲ့သာ ထုတ်လုပ်ထားတဲ့ ကော်ဖီများဖြစ်တဲ့အတွက် အသက် ၁၂ နှစ်နှင့် ၁၈ နှစ်ကြား လူငယ်များ ကဖင်းဓာတ်ပါဝင်သော အစားအသောက်များကို လျော့သင့်ကြောင်း ထုတ်ပြန်ထားသည်။
Zawgyi Font : ကဖင္းဓာတ္ပါ၀င္ေသာ ေဖ်ာ္ရည္ႏွင့္ ေကာ္ဖီ ေသာက္သံုးမႈေၾကာင့္ အသက္ ၁၆ ႏွစ္လူငယ္ တစ္ေယာက္ ေသဆံုး
ကဖင္းဓာတ္ဟာ လူကို လန္းဆန္းေစတယ္၊ အိပ္မငိုက္ေစဘူးလို႕ လူတိုင္းသိထားၾကေပမယ့္ တန္ရင္ေဆး လြန္ရင္ေဘး ျဖစ္သလိုပါဘဲ။ ေကာ္ဖီ၊ လက္ဖက္ရည္ႏွင့္ အားျဖည့္အခ်ိဳရည္တိုင္းမွာ ကဖင္းဓာတ္ပါရွိပါတယ္။ ဒါ့အျပင္ ကဖင္းဓာတ္ဟာ ႏွလံုးနဲ႕ ေသြးေၾကာဆုိင္ရာ ျပႆနာရွိတဲ့သူေတြ ေသာက္သံုးဖို႕ မသင့္ပါဘူး။
အေမရိကန္ႏုိင္ငံ ကယ္ရိုလုိင္းနား ျပည္နယ္ မွ အသက္ ၁၆ ႏွစ္အရြယ္ လူငယ္တစ္ေယာက္ကေတာ့ ကဖင္းဓာတ္လြန္ကဲမႈေၾကာင့္ အသက္ေသဆံုးမႈ ျဖစ္ပြားခဲ့ပါတယ္။ အဆိုပါ ေက်ာင္းသားဟာ တစ္ေန႕ထဲမွာ ကဖင္းဓာတ္မ်ားစြာပါ၀င္တဲ့ လပ္တီးေကာ္ဖီ၊ diet လုပ္ဖို႕ ေသာက္ဆံုးၾကတဲ့ large Diet Mountain Dew နဲ႕ အားျဖည့္ အခ်ိဳရည္တို႕ကို ေသာက္သံုးခဲ့တာ ျဖစ္ပါတယ္။
အမ်ိဳးအစားတစ္ခုစီတိုင္းမွာ ကဖင္းဓာတ္ပါ၀င္မႈျမင့္မားတာေၾကာင့္ ႏွလံုးခုန္ႏႈန္း မူမမွန္ျဖစ္လာျပီး ေသဆံုးရျခင္း ျဖစ္ပါတယ္။ ေန႕လည္ ၁၂ခြဲအခ်ိန္မွာ လပ္တီးေကာ္ဖီတစ္ခြက္ကို ေသာက္ခဲ့ျပီးေနာက္မွာ Large Diet Mountain Dew အခ်ိဳရည္ကို ဆက္တိုက္ ေသာက္ခဲ့ပါတယ္။ ဒါ့အျပင္ ေန႕လည္ ၂နာရီခြဲခါနီးမွာ အားျဖည့္အခ်ိဳရည္ ထပ္မံ ေသာက္သံုးခဲ့ျပီး ညေန ၃နာရီ ၄၀ မိနစ္မွာ ေသဆံုးခဲ့တာ ျဖစ္ပါတယ္။
အေမရိကန္ FDA အဖြဲ႕အစည္းရဲ႕ ထုတ္ျပန္ေၾကျငာခ်က္အရ ထုတ္လုပ္ေရာင္းခ်ေနတဲ့ ေကာ္ဖီမ်ားဟာ ကေလးသူငယ္ေတြ အတြက္ သီးသန္႕ရည္ရြယ္ထားတဲ့ ေကာ္ဖီအမ်ိဳးအစားမ်ိဳး မဟုတ္ေၾကာင္း၊ သာမန္ စံခ်ိန္စံညႊန္းမ်ားနဲ႕သာ ထုတ္လုပ္ထားတဲ့ ေကာ္ဖီမ်ားျဖစ္တဲ့အတြက္ အသက္ ၁၂ ႏွစ္ႏွင့္ ၁၈ ႏွစ္ၾကား လူငယ္မ်ား ကဖင္းဓာတ္ပါ၀င္ေသာ အစားအေသာက္မ်ားကို ေလ်ာ့သင့္ေၾကာင္း ထုတ္ျပန္ထားသည္။