Home News ရုရှားမှ မြောက်ကိုးရီးယား၏ ဒုံးကျည်ပစ်လွှတ်ခြမ်းခြောက်နေမှုကို သတိပေး

ရုရှားမှ မြောက်ကိုးရီးယား၏ ဒုံးကျည်ပစ်လွှတ်ခြမ်းခြောက်နေမှုကို သတိပေး

0

ရုရှားဟာ မြောက်ကိုးရီးယား နူကလိယားလက်နက်စမ်းသပ်မှုကိစ္စနှင့် ပတ်သတ်၍ ဝင်မပါခဲ့သော်လည်း ယခုအချိန်တွင် မြောက်ကိုးရီးယား၏ ဒုံးကျည်ပစ်လွှတ်ခြင်းကိစ္စနှင့်ပတ်သတ်၍ သတိပေးလိုက်သည်။ မေလ ၁၄ ရက်နေ့ မနက်တွင် ပစ်လွှတ်ခဲ့သော ဒုံးကျည်မှာ ဂျပန်ရေပိုင်နက်အတွင်းသို့ကျရောက်ပြီး ရုရှားပိုင်နက်အဖြစ် ကြည့်မယ်ဆိုလျှင် မိုင် ၆၀ သာ ကွာဝေးသော နေရာတွင် ဒုံးကျည်ကျခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ရုရှားမှ နိုင်ငံတော် လုံခြုံရေးအတွက် ဝေဟင်လုံခြုံရေးစနစ်များဖြင့် စောင့်ကြည့်ခဲ့သည်။ ရုရှားသမ္မတ ပူတင်မှ နူကလိယားလက်နက်ကိစ္စနှင့်ပတ်သတ်၍ ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တိုက်တွန်းခဲ့သည်။ သို့သော်လည်း မေလ ၁၄ ရက်နေ့ တွင် မြောက်ကိုးရီးယား၏ ဒုံးကျည်ထပ်မံပစ်လွှတ်မှုကြောင့် ရုရှားအနေဖြင့် ထိုအရေးတွင် တစ်ဖြည်းဖြည်းနဲ့ ဝင်ရောက်လာရမည့် အခြေအနေဖြစ်လာသည်။

missile-ru-nk

မြောက်ကိုးရီးယား နိုင်ငံပိုင်သတင်းစာ KCNA ၏ ထုတ်ပြန်ချက်အရ အမေရိကန်နှင့် ပစိဖိတ်ဒေသတို့သည် မြောက်ကိုးရီးယားတို့၏ ပစ်ခတ်နိုင်သော အကွာအဝေးအတွင်း ရောက်ရှိနေပြီ ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ အမေရိကန်ဘက်မှလည်း မြောက်ကိုးရီးယားတို့၏ လက်နက်ကို အဆင့်မြင့် စစ်လေယာဉ်ဖြစ်သော B-1s, B-2s နှင့် B-52s တို့ဖြင့် တုံ့ပြန်နိုင်သည်ဟု ကြေငြာလိုက်သည်။ သို့သော်လည်း မြောက်ကိုးရီးယားကမူ ၎င်းတို့၏ နူကလိယား ပရိုဂရမ်အား ရပ်တန့်ရန် မဖြစ်နိုင်တော့ကြောင်း ထုတ်ပြန်ကြေငြာလိုက်သည်။

Zawgyi Font : ရုရွားမွ ေျမာက္ကိုးရီးယား၏ ဒံုးက်ည္ပစ္လႊတ္ျခမ္းေျခာက္ေနမႈကို သတိေပး

ရုရွားဟာ ေျမာက္ကိုးရီးယား ႏူကလိယားလက္နက္စမ္းသပ္မႈကိစၥႏွင့္ ပတ္သတ္၍ ၀င္မပါခဲ့ေသာ္လည္း ယခုအခ်ိန္တြင္ ေျမာက္ကိုးရီးယား၏ ဒံုးက်ည္ပစ္လႊတ္ျခင္းကိစၥႏွင့္ပတ္သတ္၍ သတိေပးလုိက္သည္။ ေမလ ၁၄ ရက္ေန႕ မနက္တြင္ ပစ္လႊတ္ခဲ့ေသာ ဒံုးက်ည္မွာ ဂ်ပန္ေရပိုင္နက္အတြင္းသို႕က်ေရာက္ျပီး ရုရွားပုိင္နက္အျဖစ္ ၾကည့္မယ္ဆိုလွ်င္ မိုင္ ၆၀ သာ ကြာေ၀းေသာ ေနရာတြင္ ဒံုးက်ည္က်ခဲ့ျခင္း ျဖစ္သည္။

ထို႕ေၾကာင့္ ရုရွားမွ ႏုိင္ငံေတာ္ လံုျခံဳေရးအတြက္ ေ၀ဟင္လံုျခံဳေရးစနစ္မ်ားျဖင့္ ေစာင့္ၾကည့္ခဲ့သည္။ ရုရွားသမၼတ ပူတင္မွ ႏူကလိယားလက္နက္ကိစၥႏွင့္ပတ္သတ္၍ ျငိမ္းခ်မ္းစြာ ေျဖရွင္းၾကရန္ တိုက္တြန္းခဲ့သည္။ သို႕ေသာ္လည္း ေမလ ၁၄ ရက္ေန႕ တြင္ ေျမာက္ကိုးရီးယား၏ ဒံုးက်ည္ထပ္မံပစ္လႊတ္မႈေၾကာင့္ ရုရွားအေနျဖင့္ ထိုအေရးတြင္ တစ္ျဖည္းျဖည္းနဲ႕ ၀င္ေရာက္လာရမည့္ အေျခအေနျဖစ္လာသည္။

ေျမာက္ကိုးရီးယား ႏုိုင္ငံပိုင္သတင္းစာ KCNA ၏ ထုတ္ျပန္ခ်က္အရ အေမရိကန္ႏွင့္ ပစိဖိတ္ေဒသတို႕သည္ ေျမာက္ကုိးရီးယားတို႕၏ ပစ္ခတ္ႏုိင္ေသာ အကြာအေ၀းအတြင္း ေရာက္ရွိေနျပီ ျဖစ္သည္ဟု ထုတ္ျပန္ခဲ့သည္။ အေမရိကန္ဘက္မွလည္း ေျမာက္ကိုးရီးယားတို႕၏ လက္နက္ကို အဆင့္ျမင့္ စစ္ေလယာဥ္ျဖစ္ေသာ B-1s, B-2s ႏွင့္ B-52s တို႕ျဖင့္ တုံ႕ျပန္ႏုိင္သည္ဟု ေၾကျငာလိုက္သည္။ သို႕ေသာ္လည္း ေျမာက္ကိုးရီးယားကမူ ၎တို႕၏ ႏူကလိယား ပရိုဂရမ္အား ရပ္တန္႕ရန္ မျဖစ္ႏုိင္ေတာ့ေၾကာင္း ထုတ္ျပန္ေၾကျငာလိုက္သည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: