အမေရိကန် ဖလော်ရီဒါ ပြည်နယ်မှ အသက် ၄၉ နှစ်အရွယ်ရှိ အမျိုးသားတစ်ယောက်ဟာ ကလေးသူငယ် လိင်မှုဆိုင်ရာ ဓာတ်ပုံများ၊ ဗီဒီယိုများ ဖန်တီးမှုကြောင့် ထောင်ဒဏ်နှစ်ပေါင်း ၁၁၄၀ နှစ် ကျခံရဖွယ်ရှိနေပါတယ်။ အဆိုပါ အမျိုးသားမှာ စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက် ဖြစ်ပြီး PlayPen Porn website ရဲ့ ပိုင်ရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ website ဖန်တီးတာ ပြစ်မှုမမြောက်ပေမယ့် ကလေးသူငယ်လိင်မှုဆိုင်ရာ ပါလာရင်တော့ ပြစ်မှု မြောက်ပါတယ်။
အဆိုပါ အမျိုးသားကို ၂၀၁၆ နိုဝင်ဘာ ၁၇ ရက်ထဲက ဖမ်းဆီးထိန်းသိမ်းထားပေမယ့် ယခုအချိန်မှာ ပြစ်မှုတွေ ထပ်မံတိုးလာ တာ ဖြစ်ပါတယ်။ ယခင်က ထောင်ဒဏ် အနှစ် ၃၀ အထိ ပြစ်ဒဏ်ချမှတ်ထားပေမယ့် ယခုအချိန်မှာ ပြစ်မှုပေါင်း ၇၀ နဲ့ ရင်ဆိုင်ရတာ ဖြစ်တဲ့အတွက် ထောင်ဒဏ် ၁၁၄၀ နှစ်အထိ ဖြစ်သွားတာ ဖြစ်ပါတယ်။
အသက် ၅ နှစ်အရွယ် ကလေးကိုတောင် မညှာမတာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းကို ဓာတ်ပုံ၊ ဗီဒီယိုအဖြစ် ဖန်တီးပြီး သူ့ရဲ့ Website မှာ တင်တာ ဖြစ်ပါတယ်။ အရွယ်မရောက်ခင် မိန်းကလေးများ၊ အပျိုဝင်ခါစ မိန်းကလေးများအား လိင်ဆက်ဆံခြင်းတို့ကို ပြုလုပ်မှတ်တမ်းတင်ခဲ့တဲ့အတွက် ပြစ်ဒဏ်ကတော့ အင်မတန်မှ ကြီးလေးပါတယ်။
Via : Hackread
Zawgyi Font : ကေလးသူငယ္ လိင္မႈဆိုင္ရာ ဗီဒီယို၊ဓာတ္ပံုမ်ား ဖန္တီးမႈေၾကာင့္ ေထာင္ဒဏ္ ႏွစ္ေပါင္း ၁၁၄၀ ႏွစ္ က်ခံဖြယ္ရွိတဲ့ အမ်ိဳးသား
အေမရိကန္ ဖေလာ္ရီဒါ ျပည္နယ္မွ အသက္ ၄၉ ႏွစ္အရြယ္ရွိ အမ်ိဳးသားတစ္ေယာက္ဟာ ကေလးသူငယ္ လိင္မႈဆိုင္ရာ ဓာတ္ပံုမ်ား၊ ဗီဒီယိုမ်ား ဖန္တီးမႈေၾကာင့္ ေထာင္ဒဏ္ႏွစ္ေပါင္း ၁၁၄၀ ႏွစ္ က်ခံရဖြယ္ရွိေနပါတယ္။ အဆိုပါ အမ်ိဳးသားမွာ စားေသာက္ဆိုင္ပိုင္ရွင္တစ္ေယာက္ ျဖစ္ျပီး PlayPen Porn website ရဲ႕ ပိုင္ရွင္တစ္ဦးလည္း ျဖစ္ပါတယ္။ လိင္ပိုင္းဆိုင္ရာ website ဖန္တီးတာ ျပစ္မႈမေျမာက္ေပမယ့္ ကေလးသူငယ္လိင္မႈဆိုင္ရာ ပါလာရင္ေတာ့ ျပစ္မႈ ေျမာက္ပါတယ္။
အဆိုပါ အမ်ိဳးသားကို ၂၀၁၆ ႏုိ၀င္ဘာ ၁၇ ရက္ထဲက ဖမ္းဆီးထိန္းသိမ္းထားေပမယ့္ ယခုအခ်ိန္မွာ ျပစ္မႈေတြ ထပ္မံတိုးလာ တာ ျဖစ္ပါတယ္။ ယခင္က ေထာင္ဒဏ္ အႏွစ္ ၃၀ အထိ ျပစ္ဒဏ္ခ်မွတ္ထားေပမယ့္ ယခုအခ်ိန္မွာ ျပစ္မႈေပါင္း ၇၀ နဲ႕ ရင္ဆိုင္ရတာ ျဖစ္တဲ့အတြက္ ေထာင္ဒဏ္ ၁၁၄၀ ႏွစ္အထိ ျဖစ္သြားတာ ျဖစ္ပါတယ္။
အသက္ ၅ ႏွစ္အရြယ္ ကေလးကိုေတာင္ မညွာမတာ လိင္ပိုင္းဆိုင္ရာ အႏုိင္က်င့္ျခင္းကို ဓာတ္ပံု၊ ဗီဒီယိုအျဖစ္ ဖန္တီးျပီး သူ႕ရဲ႕ Website မွာ တင္တာ ျဖစ္ပါတယ္။ အရြယ္မေရာက္ခင္ မိန္းကေလးမ်ား၊ အပ်ိဳ၀င္ခါစ မိန္းကေလးမ်ားအား လိင္ဆက္ဆံျခင္းတို႕ကို ျပဳလုပ္မွတ္တမ္းတင္ခဲ့တဲ့အတြက္ ျပစ္ဒဏ္ကေတာ့ အင္မတန္မွ ၾကီးေလးပါတယ္။
Via : Hackread