Home News မေလ ၁၄ ရက်နေ့တွင် ပစ်လွှတ်လိုက်သော ဒုံးကျည်မှာ နူကလိယားထိပ်ဖူး သယ်ဆောင်နိုင်ကြောင်း မြောက်ကိုးရီးယားမှ ကြေငြာ

မေလ ၁၄ ရက်နေ့တွင် ပစ်လွှတ်လိုက်သော ဒုံးကျည်မှာ နူကလိယားထိပ်ဖူး သယ်ဆောင်နိုင်ကြောင်း မြောက်ကိုးရီးယားမှ ကြေငြာ

0

မေလ ၁၄ ရက်နေ့ နံနက် ၅ နာရီခန့်မှာ မြောက်ကိုးရီးယားမှ ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှု ပြုလုပ်ခဲ့ပြီး အဆိုပါ ဒုံးကျည်မှာ ဂျပန်ရေပိုက်နက်အတွင်းသို့ ကျဆင်းသွားကြောင်း သိရှိရသည်။ လက်ရှိတွင် နိုင်ငံရေးအခြေအနေများ တင်းမာလျက်ရှိပြီး မြောက်ကိုးရီးယား၏ နူကလိယားလက်နက်တပ်ဆင်မှုနှင့် ပတ်သတ်၍ အမေရိကန်၊ တောင်ကိုးရီးယား၊ ဂျပန် နှင့် တရုတ် တို့မှ အရေးယူမှု ပြုလုပ်နေကြခြင်း ဖြစ်သည်။

မြောက်ကိုးရီးယား၏ နိုင်ငံပိုင်သတင်းစာ (KCNA) မှ ဒုံးကျည်နှင့်ပတ်သတ်သော အချက်အလက်များ ယနေ့တွင် တရားဝင် ကြေငြာလိုက်ခြင်း ဖြစ်ပြီး အဆိုပါ ဒုံးကျည်မှာ မိုင်ပေါင်း ၁၃၁၂ မိုင် အမြင့်အထိ ထိုးတက်ပျံသန်းနိုင်ပြီး ၄၈၉ မိုင်အကွာအဝေးရှိသော နေရာအထိ ပစ်ခတ်နိုင်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ အဆိုပါ စမ်းသပ်မှုအရ ဒုံးကျည်မှာ နူကလိယားထိပ်ဖူးတပ်ဆင်နိုင်သည့် အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ကြေငြာခဲ့သည်။

missile

ဒါ့အပြင် အမေရိကန်နိုင်ငံအား မြောက်ကိုးရီးယားမှ သတိပေးထုတ်ပြန်ကြေငြာခဲ့သည်။ အမေရိကန်နိုင်ငံနဲ့ ပစိဖိတ်ဒေသ တို့ဟာ မြောက်ကိုးရီးယားတို့ရဲ့ တိုက်ခိုက်ပစ်လွှတ်နိုင်သော အကွာအဝေး စက်ဝန်းအောက်တွင်ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောခဲ့သည်။

မေလ ၁၄ ရက်နေ့တွင် စမ်းသပ်ခဲ့သော ဒုံးကျည်မှာ ဂျပန်နိုင်ငံ ရေပိုင်နက်အတွင်းသို့ ကျရောက်ခဲ့ပြီး ရုရှားနိုင်ငံ အရှေ့ဘက်မှ ကြည့်လျှင် မိုင်ပေါင်း ၆၀ သာ ကွာဝေးနေရာတွင် ကျရောက်နေခြင်း ဖြစ်သည်။ စမ်းသပ်ပစ်ချခဲ့သော ဒုံးကျည်မှာ အမျိုးအစားအသစ်တစ်မျိုးဖြစ်ပြီး လက်ရှိတွင် မည်သူမှ မခန့်မှန်းနိုင်ကြသေးကြောင်း သိရှိရသည်။ လက်ရှိတွင် ရုရှား လေတပ်မှလည်း ဝေဟင်လုံခြုံရေးဖြင့် မြောက်ကိုးရီးယား၏ လှုပ်ရှားမှုကို စောင့်ကြည့်နေရပြီ ဖြစ်သည်။

missile-range

မြောက်ကိုးရီးယားအနေဖြင့် အဆိုပါ ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုမှာ ရည်ရွယ်ချက်ရှိရှိဖြင့် နေ့ရက်တို့ကို တွက်ပြီး ပစ်လွှတ်ခြင်း ဖြစ်သည်ဟု နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်ကြသည်။ ဒုံးကျည်မှာ တောင်ကိုးရီးယားနှင့် သွေဖယ်၍ အဘယ်ကြောင့် အမေရိကန်၊ ရုရှားနှင့် ဂျပန် နိုင်ငံမှ ရေဒါစနစ်များထဲသို့ ဖြတ်သန်း၍ ပစ်ချရသည့် အကြောင်းရင်းနှင့် နိုင်ငံတစ်ကာမှ စီးပွားရေးပိတ်ဆို့မှုကိစ္စနှင့် သက်ဆိုင်မည်ဟု မှတ်ချက်ပြုကြသည်။

Zawgyi Font : ေမလ ၁၄ ရက္ေန႕တြင္ ပစ္လႊတ္လိုက္ေသာ ဒံုးက်ည္မွာ ႏူကလိယားထိပ္ဖူးသယ္ေဆာင္ႏုိင္ေၾကာင္း ေျမာက္ကိုးရီးယားမွ ေၾကျငာ

ေမလ ၁၄ ရက္ေန႕ နံနက္ ၅ နာရီခန္႕မွာ ေျမာက္ကိုးရီးယားမွ ဒံုးက်ည္ပစ္လႊတ္စမ္းသပ္မႈ ျပဳလုပ္ခဲ့ျပီး အဆိုပါ ဒံုးက်ည္မွာ ဂ်ပန္ေရပိုက္နက္အတြင္းသို႕ က်ဆင္းသြားေၾကာင္း သိရွိရသည္။ လက္ရွိတြင္ ႏုိင္ငံေရးအေျခအေနမ်ား တင္းမာလ်က္ရွိျပီး ေျမာက္ကိုးရီးယား၏ ႏူကလိယားလက္နက္တပ္ဆင္မႈႏွင့္ ပတ္သတ္၍ အေမရိကန္၊ ေတာင္ကိုးရီးယား၊ ဂ်ပန္ ႏွင့္ တရုတ္ တိုိ႕မွ အေရးယူမႈ ျပဳလုပ္ေနၾကျခင္း ျဖစ္သည္။

ေျမာက္ကိုးရီးယား၏ ႏုိင္ငံပိုင္သတင္းစာ (KCNA) မွ ဒံုးက်ည္ႏွင့္ပတ္သတ္ေသာ အခ်က္အလက္မ်ား ယေန႕တြင္ တရား၀င္ ေၾကျငာလိုက္ျခင္း ျဖစ္ျပီး အဆိုပါ ဒံုးက်ည္မွာ မိုင္ေပါင္း ၁၃၁၂ မိုင္ အျမင့္အထိ ထိုးတက္ပ်ံသန္းႏုိင္ျပီး ၄၈၉ မိုင္အကြာအေ၀းရွိေသာ ေနရာအထိ ပစ္ခတ္ႏုိင္ေၾကာင္း ထုတ္ျပန္ေၾကျငာခဲ့သည္။ အဆိုပါ စမ္းသပ္မႈအရ ဒံုးက်ည္မွာ ႏူကလိယားထိပ္ဖူးတပ္ဆင္ႏုိင္သည့္ အေျခအေနကို ေရာက္ရွိေနျပီ ျဖစ္ေၾကာင္း ေၾကျငာခဲ့သည္။

ဒါ့အျပင္ အေမရိကန္ႏုိင္ငံအား ေျမာက္ကိုးရီးယားမွ သတိေပးထုတ္ျပန္ေၾကျငာခဲ့သည္။ အေမရိကန္ႏိုင္ငံနဲ႕ ပစိဖိတ္ေဒသ တို႕ဟာ ေျမာက္ကိုးရီးယားတို႕ရဲ႕ တိုက္ခိုက္ပစ္လႊတ္ႏုိင္ေသာ အကြာအေ၀း စက္၀န္းေအာက္တြင္ေရာက္ရွိေနျပီ ျဖစ္ေၾကာင္း ေျပာခဲ့သည္။

ေမလ ၁၄ ရက္ေန႕တြင္ စမ္းသပ္ခဲ့ေသာ ဒံုးက်ည္မွာ ဂ်ပန္ႏုိင္ငံ ေရပိုင္နက္အတြင္းသို႕ က်ေရာက္ခဲ့ျပီး ရုရွားႏုိင္ငံ အေရွ႕ဘက္မွ ၾကည့္လွ်င္ မိုင္ေပါင္း ၆၀ သာ ကြာေ၀းေနရာတြင္ က်ေရာက္ေနျခင္း ျဖစ္သည္။ စမ္းသပ္ပစ္ခ်ခဲ့ေသာ ဒံုးက်ည္မွာ အမ်ိဳးအစားအသစ္တစ္မ်ိဳးျဖစ္ျပီး လက္ရွိတြင္ မည္သူမွ မခန္႕မွန္းႏုိင္ၾကေသးေၾကာင္း သိရွိရသည္။ လက္ရွိတြင္ ရုရွား ေလတပ္မွလည္း ေ၀ဟင္လံုျခံဳေရးျဖင့္ ေျမာက္ကိုးရီးယား၏ လႈပ္ရွားမႈကို ေစာင့္ၾကည့္ေနရျပီ ျဖစ္သည္။

ေျမာက္ကိုးရီးယားအေနျဖင့္ အဆိုပါ ဒံုးက်ည္ပစ္လႊတ္စမ္းသပ္မႈမွာ ရည္ရြယ္ခ်က္ရွိရွိျဖင့္ ေန႕ရက္တို႕ကို တြက္ျပီး ပစ္လႊတ္ျခင္း ျဖစ္သည္ဟု ႏုိင္ငံေရးကြ်မ္းက်င္သူမ်ားက သံုးသပ္ၾကသည္။ ဒံုးက်ည္မွာ ေတာင္ကိုးရီးယားႏွင့္ ေသြဖယ္၍ အဘယ္ေၾကာင့္ အေမရိကန္၊ ရုရွားႏွင့္ ဂ်ပန္ ႏုိင္ငံမွ ေရဒါစနစ္မ်ားထဲသို႕ ျဖတ္သန္း၍ ပစ္ခ်ရသည့္ အေၾကာင္းရင္းႏွင့္ ႏုိင္ငံတစ္ကာမွ စီးပြားေရးပိတ္ဆို႕မႈကိစၥႏွင့္ သက္ဆိုင္မည္ဟု မွတ္ခ်က္ျပဳၾကသည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: