Home Knowledge ဂျင်းအင်တာနက် တွေ့ဖူးမြင်ဖူး ကြုံဖူးကြပြီလား

ဂျင်းအင်တာနက် တွေ့ဖူးမြင်ဖူး ကြုံဖူးကြပြီလား

0

မြန်မာပြည်မှာ အင်တာနက်နဲ့ပတ်သတ်ပြီး ပြောရရင် ပြောမဆုံးပေါင် တောသုံးထောင် လို့သာ ဆိုချင်ပါတယ်။ ပြောမဆုံးပေါင်ဆိုပေမယ့် သည်းမခံနိုင်တော့ တောသုံးထောင်လဲ ဖြစ်ပါစေ ပြောစရာရှိပြောရမယ့် အခြေအနေကို ရောက်နေပါပြီ။ မြန်မာပြည်ရဲ့ အကောင်းဆုံး အင်တာနက် တို့ ဘာတို့ဆိုပြီး ရုပ်သံလိုင်းတွေ၊ အင်တာနက်တွေမှာ ကြေငြာနေပေမယ့် လက်တွေ့မှာ တစ်လွဲဖြစ်နေတာကို တွေ့ရမှာပါ။

အလုပ်ကိစ္စကြောင့် လုပ်ငန်းလုပ်နေသူများဟာလည်း အင်တာနက်ကွန်နက်ရှင် နှေးကွေးခြင်း ၊ ပြတ်တောင်းခြင်းတို့ ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရသလို စိတ်ဖိစီးမှုကို လျော့ချတဲ့အနေနဲ့ အင်တာနက်ကို သုံးတဲ့သူများကို စိတ်ဒေါသ ထွက်အောင် ပြန်လုပ်နေသလိုလဲ ဖြစ်လာပါတယ်။ ယခု လပိုင်းအတွင်းမှာ မိုဘိုင်းလ် အင်တာနက် ကွန်နက်ရှင်တွေ နေရာအတော်များများမှာ ကျဆင်းနေတာကို မြင်တွေ့နေရပါတယ်။

ယခင်က အင်တာနက်ကွန်နက်ရှင် ကောင်းခဲ့တဲ့နေရာမှာလည်း ပြတ်တောင်းမှုတွေဖြစ်ပေါ်နေပြီး အသုံးပြုရတာ အဆင်မပြေမှုတွေ ဖြစ်လာပါတယ်။ ဒါမှမဟုတ် အင်တာနက်အသုံးပြုသူတွေကို သည်းခံခြင်းတရား ရှုမှတ်အားထုတ် ပွားများစေဖို့ သတ်သတ်ဘဲ ကြံစည်ထားလား အောက်မေ့ရပါတယ်။ သက်ဆိုင်ရာ ဆက်သွယ်ရေးအော်ပရေတာ တွေကတော့ ဒုံရင်းက ဒုံရင်းပါဘဲ။ လိုင်းကောင်းခြင်း မကောင်းခြင်းကို Google home page နဲ့ Facebook news feed လေး တက်ရုံနဲ့ သတ်မှတ်လို့မရပါဘူး။ အခုက facebook လေး ဝင်လို့ရရင်ကိုဖြင့် လိုင်းကောင်းတယ်လို့ သတ်မှတ်နေလား အောက်မေ့ရပါတယ်။

လက်ရှိမှာတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ Gamer တွေနဲ့ အင်တာနက်ကို အဓိက အားထားပြီး လုပ်နေရတဲ့ လုပ်ငန်းရှင်တွေကတော့ မိုဘိုင်းအော်ပရေတာ တွေကို နေ့စဉ်နဲ့အမျှ စက္ကန့်တိုင်းမှာ မေတ္တာပို့နေကြတာ ဖြစ်ပါတယ်။ စာရေးသူအထင်ကတော့ာ မိုဘိုင်းလ်အော်ပရေတာ တွေလည်း မြန်မာနိုင်ငံမှာ ဂျင်းထည့်နည်းပေါင်းစုံတွေ တတ်မြောက်လာပြီး အသုံးပြုသူတွေကို ဂျင်းထည့်တတ်လာတယ်လို့ ယူဆပါတယ်။ Facebook News Feed လေး တက်လာရုံနဲ့ လိုင်းကောင်းတယ်လို့ပြောတဲ့ ဂျင်းအော်ပရေတာများ ပျောက်ဆုံးပါစေလို့ဘဲ ကြိတ်ပြီးဆုတောင်းမိပါတော့တယ်။

Zawgyi Font : ဂ်င္းအင္တာနက္ ေတြ႕ဖူးျမင္ဖူး ၾကံဳဖူးၾကျပီလား

ျမန္မာျပည္မွာ အင္တာနက္နဲ႕ပတ္သတ္ျပီး ေျပာရရင္ ေျပာမဆံုးေပါင္ ေတာသံုးေထာင္ လို႕သာ ဆိုခ်င္ပါတယ္။ ေျပာမဆံုးေပါင္ဆိုေပမယ့္ သည္းမခံႏုိင္ေတာ့ ေတာသံုးေထာင္လဲ ျဖစ္ပါေစ ေျပာစရာရွိေျပာရမယ့္ အေျခအေနကို ေရာက္ေနပါျပီ။ ျမန္မာျပည္ရဲ႕ အေကာင္းဆံုး အင္တာနက္ တို႕ ဘာတို႕ဆိုျပီး ရုပ္သံလိုင္းေတြ၊ အင္တာနက္ေတြမွာ ေၾကျငာေနေပမယ့္ လက္ေတြ႕မွာ တစ္လြဲျဖစ္ေနတာကို ေတြ႕ရမွာပါ။

အလုပ္ကိစၥေၾကာင့္ လုပ္ငန္းလုပ္ေနသူမ်ားဟာလည္း အင္တာနက္ကြန္နက္ရွင္ ေႏွးေကြးျခင္း ၊ ျပတ္ေတာင္းျခင္းတို႕ ေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္ရသလို စိတ္ဖိစီးမႈကို ေလ်ာ့ခ်တဲ့အေနနဲ႕ အင္တာနက္ကို သံုးတဲ့သူမ်ားကို စိတ္ေဒါသ ထြက္ေအာင္ ျပန္လုပ္ေနသလိုလဲ ျဖစ္လာပါတယ္။ ယခု လပိုင္းအတြင္းမွာ မိုဘိုင္းလ္ အင္တာနက္ ကြန္နက္ရွင္ေတြ ေနရာအေတာ္မ်ားမ်ားမွာ က်ဆင္းေနတာကို ျမင္ေတြ႕ေနရပါတယ္။

ယခင္က အင္တာနက္ကြန္နက္ရွင္ ေကာင္းခဲ့တဲ့ေနရာမွာလည္း ျပတ္ေတာင္းမႈေတြျဖစ္ေပၚေနျပီး အသံုးျပဳရတာ အဆင္မေျပမႈေတြ ျဖစ္လာပါတယ္။ ဒါမွမဟုတ္ အင္တာနက္အသံုးျပဳသူေတြကို သည္းခံျခင္းတရား ရႈမွတ္အားထုတ္ ပြားမ်ားေစဖို႕ သတ္သတ္ဘဲ ၾကံစည္ထားလား ေအာက္ေမ့ရပါတယ္။ သက္ဆိုင္ရာ ဆက္သြယ္ေရးေအာ္ပေရတာ ေတြကေတာ့ ဒံုရင္းက ဒံုရင္းပါဘဲ။ လိုင္းေကာင္းျခင္း မေကာင္းျခင္းကို Google home page နဲ႕ Facebook news feed ေလး တက္ရံုနဲ႕ သတ္မွတ္လို႕မရပါဘူး။ အခုက facebook ေလး ၀င္လို႕ရရင္ကိုျဖင့္ လုိင္းေကာင္းတယ္လို႕ သတ္မွတ္ေနလား ေအာက္ေမ့ရပါတယ္။

လက္ရွိမွာေတာ့ တစ္ႏုိင္ငံလံုးမွာရွိတဲ့ Gamer ေတြနဲ႕ အင္တာနက္ကို အဓိက အားထားျပီး လုပ္ေနရတဲ့ လုပ္ငန္းရွင္ေတြကေတာ့ မိုဘိုင္းေအာ္ပေရတာ ေတြကို ေန႕စဥ္နဲ႕အမွ် စကၠန္႕တိုင္းမွာ ေမတၱာပို႕ေနၾကတာ ျဖစ္ပါတယ္။ စာေရးသူအထင္ကေတာ့ာ မိုဘိုင္းလ္ေအာ္ပေရတာ ေတြလည္း ျမန္မာႏုိင္ငံမွာ ဂ်င္းထည့္နည္းေပါင္းစံုေတြ တတ္ေျမာက္လာျပီး အသံုးျပဳသူေတြကို ဂ်င္းထည့္တတ္လာတယ္လို႕ ယူဆပါတယ္။ Facebook News Feed ေလး တက္လာရံုနဲ႕ လိုင္းေကာင္းတယ္လို႕ေျပာတဲ့ ဂ်င္းေအာ္ပေရတာမ်ား ေပ်ာက္ဆံုးပါေစလို႕ဘဲ ၾကိတ္ျပီးဆုေတာင္းမိပါေတာ့တယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: