Home News မြောက်ကိုးရီးယားမှ ဒုံးကျည်စတင်ပစ်လွှတ်ခြင်း သို့မဟုတ် အမေရိကန်နှင့် တရုတ် အား စိန်ခေါ်ခြင်း

မြောက်ကိုးရီးယားမှ ဒုံးကျည်စတင်ပစ်လွှတ်ခြင်း သို့မဟုတ် အမေရိကန်နှင့် တရုတ် အား စိန်ခေါ်ခြင်း

0

မြောက်ကိုးရီးယား မေလ ၁၄ ရက်နေ့မှာ ဒုံးကျည်တစ်စင်းကို နံနက် ၅ နာရီခန့်မှ စတင်ပစ်လွှတ်ခဲ့ကြောင်း သိရှိရပါတယ်။ နိုင်ငံရဲ့ အနောက်မြောက်ဘက်ခြမ်းဖြစ်တဲ့ ကူဆောင်းမြို့တော်ကနေ ပစ်လွှတ်လိုက်တာ ဖြစ်ပြီး တာဝေးပစ်ဒုံးကျည် အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

မိုင်ပေါင်း ၄၃၅ မိုင်အကွာအဝေးထိ ပစ်ခတ်နိုင်သော ဒုံးကျည်ကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုးရီးယားစစ်ဌာနချုပ်မှ အတည်ပြုခဲ့ပါတယ်။ ဒါဟာ မြောက်ကိုးရီးယားအနေနဲ့ ယခုမှ အသစ်တက်ရောက်လာသော တောင်ကိုးရီးယား သမ္မတ ကို စမ်းသပ်ခြင်း တစ်ခုဖြစ်နိုင်သလို အမေရိကန်နဲ့ တရုတ်တို့ကိုလည်း ဂရုမစိုက်ကြောင်း သက်သေပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။

တောင်ကိုးရီးယားသမ္မတ အနေနဲ့ ယနေ့နံနက် ၇ နာရီမှာ အရေးကြီး အစည်းအဝေးပြုလုပ်ခဲ့ပြီး မြောက်ကိုးရီးယား၏အရေးကိစ္စကို မည်သို့ ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ဆွေးနွေးခဲ့ပါတယ်။ မြောက်ကိုးရီးယားမှ စမ်းသပ်ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ICBM အမျိုးအစား မဟုတ်ဘူးလို့ အမေရိကန်စစ်တပ်မှ ပြောလိုက်ပါတယ်။ ကူဆောင်းမြို့ကနေ ပစ်လွှတ်လိုက်တဲ့ တာဝေးပစ်ဒုံးကျည်ဟာ ကိုးရီးယားကျွန်းဆွယ်နဲ့ ဂျပန်နိုင်ငံရဲ့ ရေပိုင်နက်အကြား ကျရောက်သွားပြီး ဂျပန်ဝန်ကြီးချုပ် ရှီဇိုအာဘေး ကတော့ ဒါဟာ လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်း၊ မြောက်ကိုးရီးယားဟာ နိုင်ငံတစ်ကာရဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ဖောက်ဖျက်ကြောင်း၊ ဒါကို တွန်းလှန်နိုင်ဖို့လုပ်ရမယ် ဟူ၍ ပြောခဲ့သည်။

မြောက်ကိုးရီးယားအနေဖြင့် လွန်ခဲ့သော တစ်လခွဲခန့်က ဒုံးကျည်စမ်းသပ်မှုကြောင့် ဂျပန်စီးပွားရေးဇုန် ရေပိုင်နက်ထဲသို့ ဒုံးကျည်ကျရောက်ခဲ့သေးသည်။ သို့သော်လည်း ယခုပစ်လွှတ်လိုက်သည့် ဒုံးကျည်အမျိုးအစားမှာ ICBM ဒုံးကျည် အမျိုးအစား မဟုတ်သည့်အတွက် အမေရိကန်အနေနှင့်မည်သို့ တုံ့ပြန်မလဲဆိုတာ ဒီရက်ပိုင်းမှာ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

Source : CNN

Zawgyi Font : ေျမာက္ကိုးရီးယားမွ ဒုံးက်ည္စတင္ပစ္လႊတ္ျခင္း သို႔မဟုတ္ အေမရိကန္ႏွင့္ တ႐ုတ္ အား စိန္ေခၚျခင္း

ေျမာက္ကိုးရီးယား ေမလ ၁၄ ရက္ေန႕မွာ ဒံုးက်ည္တစ္စင္းကို နံနက္ ၅ နာရီခန္႕မွ စတင္ပစ္လႊတ္ခဲ့ေၾကာင္း သိရွိရပါတယ္။ ႏုိင္ငံရဲ႕ အေနာက္ေျမာက္ဘက္ျခမ္းျဖစ္တဲ့ ကူေဆာင္းျမိဳ႕ေတာ္ကေန ပစ္လႊတ္လိုက္တာ ျဖစ္ျပီး တာေ၀းပစ္ဒံုးက်ည္ အမ်ိဳးအစားျဖစ္တယ္လို႕ သိရပါတယ္။

မိုင္ေပါင္း ၄၃၅ မိုင္အကြာအေ၀းထိ ပစ္ခတ္ႏုိင္ေသာ ဒံုးက်ည္ကို ပစ္လႊတ္ခဲ့ေၾကာင္း ေတာင္ကိုးရီးယားစစ္ဌာနခ်ဳပ္မွ အတည္ျပဳခဲ့ပါတယ္။ ဒါဟာ ေျမာက္ကိုးရီးယားအေနနဲ႕ ယခုမွ အသစ္တက္ေရာက္လာေသာ ေတာင္ကိုးရီးယား သမၼတ ကို စမ္းသပ္ျခင္း တစ္ခုျဖစ္ႏုိင္သလို အေမရိကန္နဲ႕ တရုတ္တို႕ကိုလည္း ဂရုမစိုက္ေၾကာင္း သက္ေသျပလိုက္ျခင္းလည္း ျဖစ္ပါတယ္။

ေတာင္ကိုးရီးယားသမၼတ အေနနဲ႕ ယေန႕နံနက္ ၇ နာရီမွာ အေရးၾကီး အစညး္အေ၀းျပဳလုပ္ခဲ့ျပီး ေျမာက္ကိုးရီးယား၏အေရးကိစၥကို မည္သို႕ ကိုင္တြယ္ေျဖရွင္းမလဲဆိုတာ ေဆြးေႏြးခဲ့ပါတယ္။ ေျမာက္ကိုးရီးယားမွ စမ္းသပ္ပစ္လႊတ္လုိက္တဲ့ ဒံုးက်ည္ဟာ ICBM အမ်ိဳးအစား မဟုတ္ဘူးလို႕ အေမရိကန္စစ္တပ္မွ ေျပာလိုက္ပါတယ္။ ကူေဆာင္းျမိဳ႕ကေန ပစ္လႊတ္လိုက္တဲ့ တာေ၀းပစ္ဒံုးက်ည္ဟာ ကိုးရီးယားကြ်န္းဆြယ္နဲ႕ ဂ်ပန္ႏိုင္ငံရဲ႕ ေရပိုင္နက္အၾကား က်ေရာက္သြားျပီး ဂ်ပန္၀န္ၾကီးခ်ဳပ္ ရွီဇိုအာေဘး ကေတာ့ ဒါဟာ လံုး၀လက္ခံႏိုင္ဖြယ္မရွိေၾကာင္း၊ ေျမာက္ကိုးရီးယားဟာ ႏုိင္ငံတစ္ကာရဲ႕ စည္းကမ္းသတ္မွတ္ခ်က္ေတြကို ေဖာက္ဖ်က္ေၾကာင္း၊ ဒါကို တြန္းလွန္ႏုိင္ဖို႕လုပ္ရမယ္ ဟူ၍ ေျပာခဲ့သည္။

ေျမာက္ကိုးရီးယားအေနျဖင့္ လြန္ခဲ့ေသာ တစ္လခြဲခန္႕က ဒံုးက်ည္စမ္းသပ္မႈေၾကာင့္ ဂ်ပန္စီးပြားေရးဇုန္ ေရပိုင္နက္ထဲသို႕ ဒံုးက်ည္က်ေရာက္ခဲ့ေသးသည္။ သို႕ေသာ္လည္း ယခုပစ္လႊတ္လိုက္သည့္ ဒံုးက်ည္အမ်ိဳးအစားမွာ ICBM ဒံုးက်ည္ အမ်ိဳးအစား မဟုတ္သည့္အတြက္ အေမရိကန္အေနႏွင့္မည္သို႕ တုံ႕ျပန္မလဲဆိုတာ ဒီရက္ပိုင္းမွာ ေစာင့္ၾကည့္ရအံုးမွာ ျဖစ္ပါတယ္။

Source : CNN

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: