Home News ဂျပန်နိုင်ငံရဲ့ ဖျော်ဖြေရေး ကဏ္ဍမှာ လိုအပ်နေတဲ့ နင်ဂျာများ

ဂျပန်နိုင်ငံရဲ့ ဖျော်ဖြေရေး ကဏ္ဍမှာ လိုအပ်နေတဲ့ နင်ဂျာများ

0

နင်ဂျာဆိုရင် လူတိုင်းသိကြတာ တိုက်ခိုက်ရေးသမားတွေပါ။ လုပ်ကြံသတ်ဖြတ်ခြင်း၊ ခုန်ပျံကျော်လွှားတာတွေ၊ ကိုယ်ယောင်ဖျော်တာတွေ၊ ရေပေါ်လမ်းလျှောက်တာတွေကို ရုပ်ရှင်ထဲမှာ မြင်တွေ့ဖူးမှာပါ။ ဟုတ်ပါတယ် နင်ဂျာ တွေဟာ ဂျပန်နိုင်ငံက စတင်ခဲ့ပြီး လုပ်ကြံမှုတွေမှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီဘက်ခေတ်မှာကတော့ နင်ဂျာတွေဟာ နိုင်ငံရဲ့ ဝင်ငွေကိုရှာပေးနေတဲ့ ဖျော်ဖြေရေး ကဏ္ဍထဲကိုလည်း ဝင်ရောက်လာပါပြီ။ ဂျပန်နိုင်ငံရဲ့ ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ နင်ဂျာတွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါလာပါတယ်။ ကမ္ဘာလှည့်ခရီးသွားလာသူတွေကို ဆွဲဆောင်နိုင်ဖို့ တိုက်ခိုက်ရေး ကျွမ်းကျင်တဲ့ နင်ဂျာတွေ လိုအပ်နေပါတယ်။

ninja-weapon

လက်ရှိမှာ နင်ဂျာပေါင်းမြောက်မြားစွာ လိုအပ်နေပြီး ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို ဝင်ငွေအဖြစ် ပြောင်းလဲလိုသူ နင်ဂျာများအတွက် ဂျပန်နိုင်ငံက ကြိုဆိုလျက်ရှိပါတယ်။ ဒါကြောင့် သင့်ဘဝမှာ နင်ဂျာတစ်ယောက်အဖြစ် လှုပ်ရှားနေထိုင်လိုရင်တော့ ဂျပန်နိုင်ငံမှာ နင်ဂျာအဖြစ် အသက်မွေးဝမ်းကြောင်း ပြုနိုင်ပါသေးတယ်။ ကမ္ဘာလှည့် ခရီးသွားတွေကို နင်ဂျာတစ်ယောက်အနေနဲ့ ဖျော်ဖြေပြရတာကတော့ ninjutsu ပညာရပ်တွေ ဖြစ်တဲ့ ဓားသိုင်း၊ လက်နက်ပုန်းတွေကို အသုံးချပြီး ပစ်ခတ်ပြရတာတွေ လုပ်ရမှာ ဖြစ်ပါတယ်။

 

ဒါပေမယ့် နင်ဂျာအလုပ်ကို လွယ်မယ်မထင်ပါနဲ့။ အမြင့်ခုန်ခြင်း၊ နံရံပေါ်တက်ခြင်း၊ မြစ်ကမ်းကို ကြိုးဖြင့် ဖြတ်ကူးခြင်း စတဲ့ နင်ဂျာပညာရပ် စစ်စစ်တွေကို တက်မြောက်ပြီး နင်ဂျာစာမေးပွဲတွေ အောင်ထားမှ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖျော်ဖြေရေးလုပ်ငန်းဆိုပြီး  အထင်သေးလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီမှာ ဖျော်ဖြေနေတဲ့သူအားလုံးဟာ နင်ဂျာ စစ်စစ်တွေ ဖြစ်နေတာမို့လို့ပါ။

Zawgyi Font : ဂ်ပန္ႏိုင္ငံရဲ႕ ေဖ်ာ္ေျဖေရး က႑မွာ လိုအပ္ေနတဲ့ နင္ဂ်ာမ်ား

နင္ဂ်ာဆိုရင္ လူတိုင္းသိၾကတာ တိုက္ခိုက္ေရးသမားေတြပါ။ လုပ္ၾကံသတ္ျဖတ္ျခင္း၊ ခုန္ပ်ံေက်ာ္လႊားတာေတြ၊ ကိုယ္ေယာင္ေဖ်ာ္တာေတြ၊ ေရေပၚလမ္းေလွ်ာက္တာေတြကို ရုပ္ရွင္ထဲမွာ ျမင္ေတြ႕ဖူးမွာပါ။ ဟုတ္ပါတယ္ နင္ဂ်ာ ေတြဟာ ဂ်ပန္ႏုိင္ငံက စတင္ခဲ့ျပီး လုပ္ၾကံမႈေတြမွာ အသံုးျပဳခဲ့တာ ျဖစ္ပါတယ္။

ninja-combat

ဒါေပမယ့္ ဒီဘက္ေခတ္မွာကေတာ့ နင္ဂ်ာေတြဟာ ႏိုင္ငံရဲ႕ ၀င္ေငြကိုရွာေပးေနတဲ့ ေဖ်ာ္ေျဖေရး က႑ထဲကိုလည္း ၀င္ေရာက္လာပါျပီ။ ဂ်ပန္ႏုိင္ငံရဲ႕ ခရီးသြားလာေရး၀န္ေဆာင္မႈလုပ္ငန္းေတြ၊ ေဖ်ာ္ေျဖေရးလုပ္ငန္းေတြမွာ နင္ဂ်ာေတြရဲ႕ အခန္းက႑ဟာလည္း အေရးပါလာပါတယ္။ ကမၻာလွည့္ခရီးသြားလာသူေတြကို ဆြဲေဆာင္ႏိုင္ဖို႕ တိုက္ခိုက္ေရး ကြ်မ္းက်င္တဲ့ နင္ဂ်ာေတြ လိုအပ္ေနပါတယ္။

လက္ရွိမွာ နင္ဂ်ာေပါင္းေျမာက္ျမားစြာ လိုအပ္ေနျပီး ကိုယ့္ရဲ႕ ကြ်မ္းက်င္မႈကို ၀င္ေငြအျဖစ္ ေျပာင္းလဲလိုသူ နင္ဂ်ာမ်ားအတြက္ ဂ်ပန္ႏုိင္ငံက ၾကိဳဆိုလ်က္ရွိပါတယ္။ ဒါေၾကာင့္ သင့္ဘ၀မွာ နင္ဂ်ာတစ္ေယာက္အျဖစ္ လႈပ္ရွားေနထိုင္လိုရင္ေတာ့ ဂ်ပန္ႏုိင္ငံမွာ နင္ဂ်ာအျဖစ္ အသက္ေမြး၀မ္းေၾကာင္း ျပဳႏုိင္ပါေသးတယ္။ ကမၻာလွည့္ ခရီးသြားေတြကို နင္ဂ်ာတစ္ေယာက္အေနနဲ႕ ေဖ်ာ္ေျဖျပရတာကေတာ့ ninjutsu ပညာရပ္ေတြ ျဖစ္တဲ့ ဓားသိုင္း၊ လက္နက္ပုန္းေတြကို အသံုးခ်ျပီး ပစ္ခတ္ျပရတာေတြ လုပ္ရမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ နင္ဂ်ာအလုပ္ကို လြယ္မယ္မထင္ပါနဲ႕။ အျမင့္ခုန္ျခင္း၊ နံရံေပၚတက္ျခင္း၊ ျမစ္ကမ္းကို ၾကိဳးျဖင့္ ျဖတ္ကူးျခင္း စတဲ့ နင္ဂ်ာပညာရပ္ စစ္စစ္ေတြကို တက္ေျမာက္ျပီး နင္ဂ်ာစာေမးပြဲေတြ ေအာင္ထားမွ အလုပ္လုပ္ႏုိင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေဖ်ာ္ေျဖေရးလုပ္ငန္းဆိုျပီး  အထင္ေသးလို႕မရပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အဲ့ဒီမွာ ေဖ်ာ္ေျဖေနတဲ့သူအားလံုးဟာ နင္ဂ်ာ စစ္စစ္ေတြ ျဖစ္ေနတာမို႕လို႕ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: