Home News Samsung Galaxy S8 ကို ယှဉ်ပြိုင်နိုင်ဖို့ မကြာမှီထွက်ရှိလာမယ့် OnePlus 5

Samsung Galaxy S8 ကို ယှဉ်ပြိုင်နိုင်ဖို့ မကြာမှီထွက်ရှိလာမယ့် OnePlus 5

0

OnePlus စမတ်ဖုန်းတွေက အရည်အသွေးမြင့်မားပြီး ဈေးနှုန်းလည်း သင့်တင့်တာကြောင့် အချိန်တိုအတွင်းမှာ အရှိန်အဟုန်နဲ့ အဆင့်တက်လာတဲ့ စမတ်ဖုန်း ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိထားတာကတော့ OnePlus 3T ဖြစ်ပြီး OnePlus ရဲ့ အောင်မြင်မှုအရဆုံး စမတ်ဖုန်းလို့ပြောရင် မမှားပါဘူး။ မကြာမှီကာလအတွင်းမှာ OnePlus 5 စမတ်ဖုန်းထွက်ရှိမှာ ဖြစ်ပြီး ပေါက်ကြားထားတဲ့ သတင်းအရဆိုရင် အတော်လေးကို မြင့်မားတဲ့ လုပ်ဆောင်ချက်တွေနဲ့ Android စမတ်ဖုန်းလောကမှာ အနိုင်ယူဖို့ ရှိနေပါတယ်။

လက်ရှိမှာ Android စမတ်ဖုန်းလောကမှာ Samsung Galaxy S8 ဟာ နာမည်ကြီးနေပြီး Samsung Galaxy S8 ထက် ပိုပြီး Performance ကောင်းမွန်တဲ့ OnePlus 5 ကို အလန်းစား Hardware specification တွေနဲ့ မကြာမှီ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ ဘယ်လို feature တွေ ပါမလဲဆိုတာ ကြည့်လိုက်ရအောင်။

ဘတ်ထရီအနေနဲ့စပြောရမယ်ဆိုရင် Samsung Galaxy S8 Plus မှာ 3500 mAh နဲ့ Apple iPhone 7 Plus မှာ ဘတ်ထရီ 2900 mAh  ပါဝင်စဉ်မှာ OnePlus ကတော့ 4000 mAh အနေနဲ့ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ CPU ကို Snapdragon ရဲ့ နောက်ဆုံးထွက် 835 Chipset တပ်ဆင်ပေးထားမှာ ဖြစ်ပြီး RAM 8 GB , Internal Storage 64GB ဖြစ်တာကြောင့် Performance ပိုင်းကတော့ လန်ထွက်နေမှာပါ။ External Storage အနေနဲ့ Micro-SD ကဒ်ကို 128 GB အထိ စိုက်နိုင်အုံးမှာပါ။

Selfie ကင်မရာကို 16 MP ထည့်သွင်းပေးမှာ ဖြစ်တဲ့အတွက် Selfie သမားတွေအတွက် တစ်ကယ့်ကို ကြည်လင်ပြတ်သားပြီး ပုံရိပ်အလန်းစားတွေ ရိုက်ကူးနိုင်မှာပါ။ Back ကင်မရာကိုတော့ 23MP ထည့်သွင်းပေးထားမှာ ဖြစ်တဲ့အတွက် ကင်မရာသဘောတရားကောင်းကောင်းနားလည်ရင် outdoor တောင် ထွက်ရိုက်နိုင်အုံးမှာပါ။

ဒါကြောင့် ယခုလို Hardware အလန်းစားတွေနဲ့လာမယ့် OnePlus 5 ဟာ ၂၀၁၇ ခုနှစ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး Android စမတ်ဖုန်းအဖြစ် သတ်မှတ်ခြင်း ခံရမလား ဒါမှမဟုတ် သူ့ထက်သာတဲ့ စမတ်ဖုန်းတွေ ၂၀၁၇ ခုနှစ်အတွင်းမှာ ထွက်အုံးမှာလားဆိုတာ စောင့်ကြည့်ရအုံးပါမယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကတော့ အကောင်းဆုံး စမတ်ဖုန်းအဖြစ် Google Pixel စမတ်ဖုန်းက ရရှိသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် OnePlus အနေနဲ့ လက်တွေ့မှာ ထွက်ရှိလာတဲ့ အခါ Samsung Galaxy S8, LG G6 နဲ့ Xiaomi Mi6 တို့ကို ကျော်လွှားနိုင်မလားဆိုတာကိုတော့ ထပ်မံစောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

Ref : Mashable

Zawgyi Font : Samsung Galaxy S8 ကို ယွဥ္ျပိဳင္ႏိုင္ဖို႕ မၾကာမွီထြက္ရွိလာမယ့္ OnePlus 5

OnePlus စမတ္ဖုန္းေတြက အရည္အေသြးျမင့္မားျပီး ေစ်းႏႈန္းလည္း သင့္တင့္တာေၾကာင့္ အခ်ိန္တိုအတြင္းမွာ အရွိန္အဟုန္နဲ႕ အဆင့္တက္လာတဲ့ စမတ္ဖုန္း ကုမၸဏီတစ္ခုျဖစ္ပါတယ္။ ေနာက္ဆံုးထြက္ရွိထားတာကေတာ့ OnePlus 3T ျဖစ္ျပီး OnePlus ရဲ႕ ေအာင္ျမင္မႈအရဆံုး စမတ္ဖုန္းလို႕ေျပာရင္ မမွားပါဘူး။ မၾကာမွီကာလအတြင္းမွာ OnePlus 5 စမတ္ဖုန္းထြက္ရွိမွာ ျဖစ္ျပီး ေပါက္ၾကားထားတဲ့ သတင္းအရဆိုရင္ အေတာ္ေလးကို ျမင့္မားတဲ့ လုပ္ေဆာင္ခ်က္ေတြနဲ႕ Android စမတ္ဖုန္းေလာကမွာ အႏုိင္ယူဖို႕ ရွိေနပါတယ္။

လက္ရွိမွာ Android စမတ္ဖုန္းေလာကမွာ Samsung Galaxy S8 ဟာ နာမည္ၾကီးေနျပီး Samsung Galaxy S8 ထက္ ပိုျပီး Performance ေကာင္းမြန္တဲ့ OnePlus 5 ကို အလန္းစား Hardware specification ေတြနဲ႕ မၾကာမွီ ေတြ႕ျမင္ရေတာ့မွာ ျဖစ္ပါတယ္။ ဘယ္လို feature ေတြ ပါမလဲဆိုတာ ၾကည့္လိုက္ရေအာင္။

ဘတ္ထရီအေနနဲ႕စေျပာရမယ္ဆိုရင္ Samsung Galaxy S8 Plus မွာ 3500 mAh နဲ႕ Apple iPhone 7 Plus မွာ ဘတ္ထရီ 2900 mAh  ပါ၀င္စဥ္မွာ OnePlus ကေတာ့ 4000 mAh အေနနဲ႕ထည့္သြင္းေပးထားမွာ ျဖစ္ပါတယ္။ CPU ကို Snapdragon ရဲ႕ ေနာက္ဆံုးထြက္ 835 Chipset တပ္ဆင္ေပးထားမွာ ျဖစ္ျပီး RAM 8 GB , Internal Storage 64GB ျဖစ္တာေၾကာင့္ Performance ပိုင္းကေတာ့ လန္ထြက္ေနမွာပါ။ External Storage အေနနဲ႕ Micro-SD ကဒ္ကို 128 GB အထိ စိုက္ႏုိင္အံုးမွာပါ။

Selfie ကင္မရာကို 16 MP ထည့္သြင္းေပးမွာ ျဖစ္တဲ့အတြက္ Selfie သမားေတြအတြက္ တစ္ကယ့္ကို ၾကည္လင္ျပတ္သားျပီး ပံုရိပ္အလန္းစားေတြ ရိုက္ကူးႏုိင္မွာပါ။ Back ကင္မရာကိုေတာ့ 23MP ထည့္သြင္းေပးထားမွာ ျဖစ္တဲ့အတြက္ ကင္မရာသေဘာတရားေကာင္းေကာင္းနားလည္ရင္ outdoor ေတာင္ ထြက္ရိုက္ႏုိင္အံုးမွာပါ။

ဒါေၾကာင့္ ယခုလို Hardware အလန္းစားေတြနဲ႕လာမယ့္ OnePlus 5 ဟာ ၂၀၁၇ ခုႏွစ္ရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုး Android စမတ္ဖုန္းအျဖစ္ သတ္မွတ္ျခင္း ခံရမလား ဒါမွမဟုတ္ သူ႕ထက္သာတဲ့ စမတ္ဖုန္းေတြ ၂၀၁၇ ခုႏွစ္အတြင္းမွာ ထြက္အံုးမွာလားဆိုတာ ေစာင့္ၾကည့္ရအံုးပါမယ္။ ျပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္တုနး္ကေတာ့ အေကာင္းဆံုး စမတ္ဖုန္းအျဖစ္ Google Pixel စမတ္ဖုန္းက ရရွိသြားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ OnePlus အေနနဲ႕ လက္ေတြ႕မွာ ထြက္ရွိလာတဲ့ အခါ Samsung Galaxy S8, LG G6 နဲ႕ Xiaomi Mi6 တို႕ကို ေက်ာ္လႊားႏုိင္မလားဆိုတာကိုေတာ့ ထပ္မံေစာင့္ၾကည့္ရအံုးမွာ ျဖစ္ပါတယ္။

Ref : Mashable

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: