Home News FBI ဒါရိုက်တာ ဂျိမ်းစ်ကွန်မီ ကို တာဝန်ထမ်းဆောင်ဖို့ ပြန်ခေါ်လိုက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

FBI ဒါရိုက်တာ ဂျိမ်းစ်ကွန်မီ ကို တာဝန်ထမ်းဆောင်ဖို့ ပြန်ခေါ်လိုက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

0

ပြီးခဲ့တဲ့ ရက်ပိုင်းက FBI ဒါရိုက်တာ ဖြစ်တဲ့ ဂျိမ်းစ်ကွန်မီကို အလုပ်ကနေ ဖြုတ်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မှ တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပေမယ့် မေလ ၁၂ ရက်နေ့ သောကြာနေ့မှာကတော့ တာဝန်ပြန်လည်ထမ်းဆောင်ဖို့ ခေါ်ခဲ့ပါတယ်။

ဒီမိုကရက်တစ် ပါတီဝင်များရဲ့ မှတ်ချက်များအရ ဂျိမ်းစ်ကွန်မီ ဟာ သမ္မတ ထရမ့်နဲ့ ရုရှားတို့ရဲ့ ဆက်သွယ်ရေးကိစ္စကို စုံစမ်းစစ်ဆေးနေတာကြောင့် အလုပ်ဖြုတ်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတ ထရမ့်ကတော့ ဒေါသထွက်ချိန်မှာ ဂျိမ်းစ်ကွန်မီကို အလုပ်ဖြုတ်လိုက်ပေမယ့် ယခုအချိန်မှာ တာဝန်ထမ်းဆောင်ဖို့ ပြန်လည်ခေါ်ပေမယ့် နောက်ကျသွားခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂျိမ်းစ်ကွန်မီကို ညစာကျွေးမွေးဧည့်ခံပြီး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပေမယ့် ဂျိမ်းစ်ကွန်မီ ကတော့ သမ္မတ ထရမ့်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပါတယ်။ ဒါကြောင့် ဂျိမ်းစ်ကွန်မီအနေနဲ့ သမ္မတ ထရမ့်ဟာ ရုရှားတွေနဲ့ ဆက်သွယ်မှုပြုလုပ်ခဲ့ကြောင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေအုံးမှာလား ရပ်တန့်ပစ်လိုက်မှာလားဆိုတာ စောင့်ကြည့်ရပါအုံးမယ်။

ဂျိမ်းစ်ကွန်မီ ဟာ FBI ဌာနမှာ တာဝန် ၁၀ နှစ်ထမ်းဆောင်ခဲ့ပြီး ၃ နှစ်မှာ ဒါရိုက်တာရာထူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့ FBI ဒါရိုက်တာ တစ်ယောက်ကို ဒုတိယအကြိမ် အလုပ်ဖြုတ်ခြင်းလည်း ဖြစ်ပါတယ်။  အမေရိကန်နိုင်ငံရဲ့ အုပ်ချုပ်လာတဲ့ သမ္မတအဆက်ဆက်မှာ FBI ဒါရိုက်တာကို အလုပ်ဖြုတ်ခြင်း ဖြစ်ရပ် တစ်ခုရှိခဲ့ပေမယ့် ယခု သမ္မတ ထရမ့် လက်ထက်မှာတော့ ဒုတိယအကြိမ်မြောက် အလုပ်ဖြုတ်ခြင်းလည်း ဖြစ်ပါတယ်။

Zawgyi Font : FBI ဒါရိုက်တာ ဂျိမ်းစ်ကွန်မီ ကို တာဝန်ထမ်းဆောင်ဖို့ ပြန်ခေါ်လိုက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်





LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: