Home News Mi 6 သို့မဟုတ် Xiaomi ၏ အကြမ်းခံဆုံး စမတ်ဖုန်း

Mi 6 သို့မဟုတ် Xiaomi ၏ အကြမ်းခံဆုံး စမတ်ဖုန်း

0

Mi 6 စတင်ရောင်းချတာ တစ်လ မပြည့်သေးပေမယ့် လက်ရှိမှာတော့ အကြမ်းခံမှုနဲ့ပတ်သတ်ပြီး စမ်းသပ်ထားတဲ့ video တွေကတော့ ထွက်ရှိလာပါပြီ။ Flagship စမတ်ဖုန်းအမျိုးအစားဖြင့် Xiaomi ဟာ hardware ပိုင်းဆိုင်ရာ မြင့်မားရုံသာမက အကြမ်းခံမှုလည်း မြင့်မားတာကို Youtuber တစ်ယောက်ဖြစ်တဲ့ ဇက်ခ်နယ်လ်ဆင် ကတော့ လက်တွေ့စမ်းသပ်ပြလိုက်ပါတယ်။

Mi 5 စမတ်ဖုန်းရဲ့ အကြမ်းခံမှုကို စမ်းသပ်စဉ် ဖုန်းဟာနှစ်ပိုင်းကျိုးသွားပေမယ့် Mi 6 ကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ တစ်ကယ့်ကို အကြမ်းခံတာဖြစ်သလို ဇက်ခ်နယ်လ်ဆင် ကတော့ ဖုန်းမျက်နှာပြင်ကို မီးနဲ့ ရှို့ပြတာတွေ၊ ဘရိတ်ဓားနဲ့ ခြစ်ပြတာတွေ လုပ်ပြီး စမ်းသပ်ခဲ့ပါတယ်။ အံ့သြစရာကောင်းတာကတော့ Xiaomi ရဲ့ Mi 6 ဟာ အကြမ်းခံလွန်းနေတာပါဘဲ။

mi6-test

ဇက်ခ်နယ်လ်ဆင် ရဲ့ စမ်းသပ်ချက်ထုတ်ပြန်ချက်အရ Mi 6 ဟာ သူစမ်းသပ်ခဲ့သမျှ တစ်နှစ်အတွင်း အကြမ်းခံဆုံး စမတ်ဖုန်းအဖြစ် သတ်မှတ်ခဲ့ပေးပါတယ်။ ဇက်ခ်နယ်လ်ဆင် ဘယ်လိုမျိုး စမ်းသပ်ခဲ့လဲဆိုတာ အောက်ပါ video ကို ကြည့်ရှုလေ့လာနိုင်ပါတယ်။

Zawgyi Font : Mi 6 သို႕မဟုတ္ Xiaomi ၏ အၾကမ္းခံဆံုး စမတ္ဖုန္း

Mi 6 စတင္ေရာင္းခ်တာ တစ္လ မျပည့္ေသးေပမယ့္ လက္ရွိမွာေတာ့ အၾကမ္းခံမႈနဲ႕ပတ္သတ္ျပီး စမ္းသပ္ထားတဲ့ video ေတြကေတာ့ ထြက္ရွိလာပါျပီ။ Flagship စမတ္ဖုန္းအမ်ိဳးအစားျဖင့္ Xiaomi ဟာ hardware ပိုင္းဆိုင္ရာ ျမင့္မားရံုသာမက အၾကမ္းခံမႈလည္း ျမင့္မားတာကို Youtuber တစ္ေယာက္ျဖစ္တဲ့ ဇက္ခ္နယ္လ္ဆင္ ကေတာ့ လက္ေတြ႕စမ္းသပ္ျပလုိက္ပါတယ္။

Mi 5 စမတ္ဖုန္းရဲ႕ အၾကမ္းခံမႈကို စမ္းသပ္စဥ္ ဖုန္းဟာႏွစ္ပိုင္းက်ိဳးသြားေပမယ့္ Mi 6 ကေတာ့ အဲ့ဒီလိုမဟုတ္ပါဘူး။ တစ္ကယ့္ကို အၾကမ္းခံတာျဖစ္သလို ဇက္ခ္နယ္လ္ဆင္ ကေတာ့ ဖုန္းမ်က္ႏွာျပင္ကို မီးနဲ႕ ရိႈ႕ျပတာေတြ၊ ဘရိတ္ဓားနဲ႕ ျခစ္ျပတာေတြ လုပ္ျပီး စမ္းသပ္ခဲ့ပါတယ္။ အံ့ၾသစရာေကာင္းတာကေတာ့ Xiaomi ရဲ႕ Mi 6 ဟာ အၾကမ္းခံလြန္းေနတာပါဘဲ။

ဇက္ခ္နယ္လ္ဆင္ ရဲ႕ စမ္းသပ္ခ်က္ထုတ္ျပန္ခ်က္အရ Mi 6 ဟာ သူစမ္းသပ္ခဲ့သမွ် တစ္ႏွစ္အတြင္း အၾကမ္းခံဆံုး စမတ္ဖုန္းအျဖစ္ သတ္မွတ္ခဲ့ေပးပါတယ္။ ဇက္ခ္နယ္လ္ဆင္ ဘယ္လိုမ်ိဳး စမ္းသပ္ခဲ့လဲဆိုတာ ေအာက္ပါ video ကို ၾကည့္ရႈေလ့လာႏုိင္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: