Home Tech အရည်အသွေးနိမ့် စာများ၊ ကြေငြာများ၊ မီဒီယာများအား တင်ထားသည့် Website များကို Facebook News Feed စနစ်မှ ဖယ်ရှားရန် စီစဉ်

အရည်အသွေးနိမ့် စာများ၊ ကြေငြာများ၊ မီဒီယာများအား တင်ထားသည့် Website များကို Facebook News Feed စနစ်မှ ဖယ်ရှားရန် စီစဉ်

0

Facebook News Feed တွင် အရည်အသွေးနိမ့် စာများ၊ ကြေငြာများ လက်ခံထားသည့် website များအား ဖယ်ရှားမည် ဖြစ်ကြောင်း Facebook မှ ထုတ်ပြန်ကြေငြာလိုက်သည်။ ပိုစ့်များအား ကြည့်ရှုရန်အတွက် ထောက်လိုက်သည့် အခါ website အတွင်းသို့ ဝင်ရောက်သွားသော်လည်း အဆိုပါ website တွင် မဟုတ်မမှန် သတင်းများ၊ လိင်မှုကိစ္စနှင့်ပတ်သတ်သော ကြေငြာများ၊ Malware ပါသော ကြေငြာများ စသည့် အရည်အသွေးနိမ့် Content များ ရှိပါက Facebook News Feed စနစ်မှ ဖယ်ရှားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လုပ်ဆောင်ချက်အတွက် Website များကို ဆန်းစစ်ပေးနိုင်သော AI နည်းပညာထည့်သွင်းထားပြီး အရည်အသွေးနိမ့် content များကို Facebook Audience Network သုံး၍ ပိုက်ဆံရှာနေသော website ပိုင်ရှင်များမှာ ဝင်ငွေရရှိတော့မည် မဟုတ်ကြောင်း သိရှိရသည်။ Facebook ၏ ရည်ရွယ်ချက်မှာ အရည်အသွေး ပြည့်မှီသော content များ ဖန်တီးနိုင်ရေးအတွက် ထို့သို့သော လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ပိုက်ဆံရရှိလိုမှု ရည်ရွယ်ချက်တစ်ခုထဲဖြင့် အရည်အသွေးနိမ့် content များ၊ ကြေငြာများ ဖန်တီးထည့်သွင်းနေသော Website ပိုင်ရှင်များအနေဖြင့် Facebook News Feed တွင် မကြာမှီဖယ်ရှားခံရတော့မည် ဖြစ်ကြောင်း သိရှိရသည်။ အကယ်၍ Facebook News Feed မှ ဖယ်ရှားခြင်း မခံလိုလျှင် website တွင်လက်ခံထားသော အရည်အသွေးနိမ့် content များနှင့် ကြေငြာများအား ဖျက်ချရန်လိုအပ်ပြီး အရည်အသွေးမြင့် content များအား ဖန်တီးရန် လိုအပ်လာပြီ ဖြစ်ပါတယ်။

Zawgyi Font : အရည္အေသြးနိမ့္ စာမ်ား၊ ေၾကျငာမ်ား၊ မီဒီယာမ်ားအား တင္ထားသည့္ Website မ်ားကို Facebook News Feed စနစ္မွ ဖယ္ရွားရန္ စီစဥ္

Facebook News Feed တြင္ အရည္အေသြးနိမ့္ စာမ်ား၊ ေၾကျငာမ်ား လက္ခံထားသည့္ website မ်ားအား ဖယ္ရွားမည္ ျဖစ္ေၾကာင္း Facebook မွ ထုတ္ျပန္ေၾကျငာလိုက္သည္။ ပိုစ့္မ်ားအား ၾကည့္ရႈရန္အတြက္ ေထာက္လိုက္သည့္ အခါ website အတြင္းသို႕ ၀င္ေရာက္သြားေသာ္လည္း အဆိုပါ website တြင္ မဟုတ္မမွန္ သတင္းမ်ား၊ လိင္မႈကိစၥႏွင့္ပတ္သတ္ေသာ ေၾကျငာမ်ား၊ Malware ပါေသာ ေၾကျငာမ်ား စသည့္ အရည္အေသြးနိမ့္ Content မ်ား ရွိပါက Facebook News Feed စနစ္မွ ဖယ္ရွားမည္ ျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါ လုပ္ေဆာင္ခ်က္အတြက္ Website မ်ားကို ဆန္းစစ္ေပးႏုိင္ေသာ AI နည္းပညာထည့္သြင္းထားျပီး အရည္အေသြးနိိမ့္ content မ်ားကို Facebook Audience Network သံုး၍ ပိုက္ဆံရွာေနေသာ website ပိုင္ရွင္မ်ားမွာ ၀င္ေငြရရွိေတာ့မည္ မဟုတ္ေၾကာင္း သိရွိရသည္။ Facebook ၏ ရည္ရြယ္ခ်က္မွာ အရည္အေသြး ျပည့္မွီေသာ content မ်ား ဖန္တီးႏုိင္ေရးအတြက္ ထုိ႕သို႕ေသာ လုပ္ေဆာင္ခ်က္ကို ထည့္သြင္းလိုက္ျခင္း ျဖစ္သည္။

ထို႕ေၾကာင့္ ပိုက္ဆံရရွိလိုမႈ ရည္ရြယ္ခ်က္တစ္ခုထဲျဖင့္ အရည္အေသြးနိိမ့္ content မ်ား၊ ေၾကျငာမ်ား ဖန္တီးထည့္သြင္းေနေသာ Website ပိုင္ရွင္မ်ားအေနျဖင့္ Facebook News Feed တြင္ မၾကာမွီဖယ္ရွားခံရေတာ့မည္ ျဖစ္ေၾကာင္း သိရွိရသည္။ အကယ္၍ Facebook News Feed မွ ဖယ္ရွားျခင္း မခံလိုလွ်င္ website တြင္လက္ခံထားေသာ အရည္အေသြးနိမ့္ content မ်ားႏွင့္ ေၾကျငာမ်ားအား ဖ်က္ခ်ရန္လိုအပ္ျပီး အရည္အေသြးျမင့္ content မ်ားအား ဖန္တီးရန္ လိုအပ္လာျပီ ျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: