မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆဖြစ်မှုများ တစ်နှစ်ထက် တစ်နှစ်ပိုမိုတိုးပွားလာပြီး ၂၀၁၆ ခုနှစ်၏ ယာဉ်တိုက်မှုစာရင်း အရ ၄၃ ရာခိုင်နှုန်းမှာ ဆိုင်ကယ်မောင်းနှင်သူများကြောင့် ဖြစ်သည် ဟု သိရှိရသည်။ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၄၈၈၇ အနက် ၂၀၉၃ မှာ ဆိုင်ကယ်ကြောင့် သေဆုံးရသည် ဟု သိရှိရသည်။
၂၀၁၆ ခုနှစ်မှတ်တမ်းများအရ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၄၈၈၇ ဦး နှင့် ဒဏ်ရာရရှိသူ ၂၇၇၆၃ ဦး တို့ ဖြစ်ကြောင်း သိရှိရသည်။ ဆိုင်ကယ်မောင်းနှင်သူတို့၏ ယာဉ်စည်းကမ်းမလိုက်နာခြင်း၊ အရှိန်လွန်ကဲစွာ မောင်းနှင်ခြင်းတို့ကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး အများစုမှာ ဆိုင်ကယ်ဦးထုပ် မဆောင်းကြောင်း သိရသည်။
၂၀၁၃ ခုနှစ်တွင် ယာဉ်အရေအတွက် ၄သန်းကျော်စာရင်းရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ယာဉ်အရေအတွက်မှာ ၆ သန်းကျော်သို့ တိုးခဲ့သည့်အတွက် ယာဉ်များ ယခင်ထက် ပိုမိုများပြားလာတဲ့ အတွက် ယာဉ်မောင်းခြင်းကို ပိုမိုစည်းကမ်းရှိဖို့ လိုအပ်လာပါတယ်။
via : Coconuts
Zawgyi Font : ယာဉ်တိုက်မှုကြောင့် ဖြစ်သော သေဆုံးခြင်း ၄၃ရာခိုင်နှုန်းမှာ ဆိုင်ကယ်တိုက်မှုများ ဖြစ်နေ