Home News FBI ညွှန်ကြားရေးမှူးကို အလုပ်ထုတ်လိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်

FBI ညွှန်ကြားရေးမှူးကို အလုပ်ထုတ်လိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်

0

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် မှ FBI ညွန်ကြားရေးမှူး ဂျိမ်းစ်ကွန်မီ ကို မေလ ၉ ရက် အင်္ဂါနေ့မှာ အလုပ်ထုတ်လိုက်ကြောင်း ကြေငြာလိုက်ပါတယ်။ FBI ညွှန်ကြားရေးမှူး ဂျိမ်းစ်ကွန်မီ ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ရုရှားအစိုးရ ဆက်သွယ်မှုကိစ္စအား လိုက်လံစုံစမ်းနေတဲ့ အတွက် ထုတ်ပယ်ခြင်း ခံရတာ ဖြစ်တယ်လို့ ဒီမိုကရက်တစ် တွေက မှတ်ချက်ပြုပါတယ်။

ဂျိမ်းစ်ကွန်မီ ဟာ ၎င်းအား အလုပ်ထုတ်လိုက်ခြင်းကို ချက်ချင်းမသိရှိသေးဘဲ ရုပ်မြင်သံကြားသတင်းမှာ ကြေငြာလိုက်မှ သိရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းကို တွေ့မြင်ရခြင်းမှာ မယုံနိုင်သေးဘဲ လုပ်ကြံသတင်းဖြစ်မယ်လို့တောင် ထင်မိခဲ့ကြောင်း ဂျိမ်းစ်ကွန်မီက ပြောပါတယ်။

james comey

ဒါ့အပြင် သမ္မတဒေါ်နယ်ထရမ့်ရဲ့ မထင်မှတ်တဲ့ ဆုံးဖြတ်ချက် လှုပ်ရှားမှုတွေကြောင့် ဝေဖန်မှုပေါင်းများစွာ ကြုံတွေ့နေရပါတယ်။ အမေရိကန်နိုင်ငံရဲ့ သက်တမ်းတစ်လျှောက်မှာ FBI ညွှန်ကြားရေးမှူးအား အလုပ်ဖြုတ်တာ ယခုဆိုရင် ၂ ကြိမ်မြောက်ပါတယ်။ ဂျိမ်းစ်ကွန်မီ ဟာ အမေရိကန် FBI အဖွဲ့အစည်းမှာ ၁၀ နှစ် ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ညွှန်ကြားရေးမှူးအဖြစ် ၃ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

Zawgyi Font : FBI ညႊန္ၾကားေရးမွဴးကို အလုပ္ထုတ္လိုက္တဲ့ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္

အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ မွ FBI ညြန္ၾကားေရးမွဴး ဂ်ိမ္းစ္ကြန္မီ ကို ေမလ ၉ ရက္ အဂၤါေန႕မွာ အလုပ္ထုတ္လိုက္ေၾကာင္း ေၾကျငာလုိက္ပါတယ္။ FBI ညႊန္ၾကားေရးမွဴး ဂ်ိမ္းစ္ကြန္မီ ဟာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ နဲ႕ ရုရွားအစိုးရ ဆက္သြယ္မႈကိစၥအား လိုက္လံစံုစမ္းေနတဲ့ အတြက္ ထုတ္ပယ္ျခင္း ခံရတာ ျဖစ္တယ္လို႕ ဒီမိုကရက္တစ္ ေတြက မွတ္ခ်က္ျပဳပါတယ္။

ဂ်ိမ္းစ္ကြန္မီ ဟာ ၎အား အလုပ္ထုတ္လိုက္ျခင္းကို ခ်က္ခ်င္းမသိရွိေသးဘဲ ရုပ္ျမင္သံၾကားသတင္းမွာ ေၾကျငာလိုက္မွ သိရတာ ျဖစ္တယ္လို႕ ဆိုပါတယ္။ သတင္းကို ေတြ႕ျမင္ရျခင္းမွာ မယံုႏုိင္ေသးဘဲ လုပ္ၾကံသတင္းျဖစ္မယ္လို႕ေတာင္ ထင္မိခဲ့ေၾကာင္း ဂ်ိမ္းစ္ကြန္မီက ေျပာပါတယ္။

ဒါ့အျပင္ သမၼတေဒၚနယ္ထရမ့္ရဲ႕ မထင္မွတ္တဲ့ ဆံုးျဖတ္ခ်က္ လႈပ္ရွားမႈေတြေၾကာင့္ ေ၀ဖန္မႈေပါင္းမ်ားစြာ ၾကံဳေတြ႕ေနရပါတယ္။ အေမရိကန္ႏုိင္ငံရဲ႕ သက္တမ္းတစ္ေလွ်ာက္မွာ FBI ညႊန္ၾကားေရးမွဴးအား အလုပ္ျဖဳတ္တာ ယခုဆိုရင္ ၂ ၾကိမ္ေျမာက္ပါတယ္။ ဂ်ိမ္းစ္ကြန္မီ ဟာ အေမရိကန္ FBI အဖြဲ႕အစည္းမွာ ၁၀ ႏွစ္ ေက်ာ္ တာ၀န္ထမ္းေဆာင္ခဲ့ျပီး ညႊန္ၾကားေရးမွဴးအျဖစ္ ၃ ႏွစ္ေက်ာ္ တာ၀န္ထမ္းေဆာင္ခဲ့ျပီး ျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: