Home News ပရီးမီးယားလိဂ်မှာ ဘာမဆို ဖြစ်သွားနိုင်တယ်လို့ ပြောဆိုလိုက်တဲ့ မော်ရင်ဟို

ပရီးမီးယားလိဂ်မှာ ဘာမဆို ဖြစ်သွားနိုင်တယ်လို့ ပြောဆိုလိုက်တဲ့ မော်ရင်ဟို

0

မန်ယူအသင်းနည်းပြ ဟိုဆေးမော်ရင်ဟိုက ပရီးမီးယားလိဂ်ကနေတစ်ဆင့် နောက်နှစ်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကို လက်လျှော့သွားမှာမဟုတ်ပဲ ဆက်လက်တိုက်ပွဲဝင်နေမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ မှာ အာဆင်နယ်အသင်းကို အရေးနိမ့်ခဲ့ရပြီး အဆင့်လေးက မန်စီးတီးအသင်းနဲ့ လေးမှတ်ကွာ အနေအထားကို ရောက်ရှိသွားခဲ့ရပါတယ်။ ဒါကြောင့် မန်ယူဟာ အဆင့်လေးအတွင်းဝင်ရောက်ပြီး ချန်ပီယံဝင်ခွင့်ရဖို့ ခဲယဉ်းသွားရပြီဖြစ်တာကြောင့် ယူရိုပါလိဂ်ကို ဗိုလ်စွဲအောင်ကြိုးပမ်းပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် လုပ်ဆောင်သွားဖို့ ဖြစ်နိုင်ခြေပိုများနေပါတယ်။ ဒါပေမယ့် မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ” ကျွန်တော်တို့အနေနဲ့ ယူရိုပါလိဂ်လမ်းကြောင်းကနေ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် အဓိကကြိုးစားနေတယ်ဆိုပေမယ့် ပရီးမီးယားလိဂ်မှာလည်း ရပ်တည်မှုကောင်းကောင်းနဲ့ ရာသီသိမ်းသွားနိုင်အောင် ကြိုးပမ်းသွားမှာပါ။ ပရီးမီးယားလိဂ်မှာက ဘာမဆိုဖြစ်သွားနိုင်တယ်လေ။ ကျွန်တော်တို့အသင်းလည်း အဆင့်လေးအတွင်းဝင်ရောက်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိသွားနိုင်ပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ လာမယ့်ကြာသပတေးနေ့ မနက်အစောပိုင်းမှာ ဆယ်တာဗီဂိုအသင်းနဲ့ ယူရိုပါလိဂ် ဆီးမီးဖိုင်နယ် ဒုတိယအကျော့ကို ယှဉ်ပြိုင်ရမှာဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့မှာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာက စပါးအသင်းနဲ့ ပွဲကျပ်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပြီးရင်တော့ ကြားရက်မှာ ပွဲကျန်အဖြစ် အမှတ်မလိုတော့တဲ့ ဆောက်သမ်တန်အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပြီး  ဒီနှစ်ရာသီ ပရီးမီးယားလိဂ်ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် နောက်ဆုံးအချိန်အထိ အမှတ်လိုနိုင်တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်ခင်ဗျာ။

Zawgyi Font : ပရီးမီးယားလိဂ္မွာ ဘာမဆုိ ျဖစ္သြားႏုိင္တယ္လို႔ ေျပာဆုိလုိက္တဲ႔ ေမာ္ရင္ဟုိ

မန္ယူအသင္းနည္းျပ ဟုိေဆးေမာ္ရင္ဟုိက ပရီးမီးယားလိဂ္ကေနတစ္ဆင့္ ေနာက္ႏွစ္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖုိ႔ကုိ လက္ေလွ်ာ့သြားမွာမဟုတ္ပဲ ဆက္လက္တုိက္ပြဲဝင္ေနမွာျဖစ္တယ္လုိ႔ ေျပာဆုိလုိက္ပါတယ္။

မန္ယူအသင္းဟာ ၿပီးခဲ႔တဲ႔ တနဂၤေႏြေန႔က ယွဥ္ၿပိဳင္ကစားခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ ၃၆ မွာ အာဆင္နယ္အသင္းကုိ အေရးနိမ္႔ခဲ႔ရၿပီး အဆင့္ေလးက မန္စီးတီးအသင္းနဲ႔ ေလးမွတ္ကြာ အေနအထားကုိ ေရာက္ရွိသြားခဲ႔ရပါတယ္။ ဒါေၾကာင့္ မန္ယူဟာ အဆင့္ေလးအတြင္းဝင္ေရာက္ၿပီး ခ်န္ပီယံဝင္ခြင့္ရဖုိ႔ ခဲယဥ္းသြားရၿပီျဖစ္တာေၾကာင့္ ယူရုိပါလိဂ္ကုိ ဗုိလ္စြဲေအာင္ႀကိဳးပမ္းၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ လုပ္ေဆာင္သြားဖုိ႔ ျဖစ္ႏုိင္ေျခပုိမ်ားေနပါတယ္။ ဒါေပမယ့္ မန္ယူအသင္းနည္းျပ ေမာ္ရင္ဟုိက ” ကြ်န္ေတာ္တုိ႔အေနနဲ႔ ယူရုိပါလိဂ္လမ္းေၾကာင္းကေန ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ အဓိကႀကိဳးစားေနတယ္ဆုိေပမယ့္ ပရီးမီးယားလိဂ္မွာလည္း ရပ္တည္မႈေကာင္းေကာင္းနဲ႔ ရာသီသိမ္းသြားႏုိင္ေအာင္ ႀကိဳးပမ္းသြားမွာပါ။ ပရီးမီးယားလိဂ္မွာက ဘာမဆုိျဖစ္သြားႏုိင္တယ္ေလ။ ကြ်န္ေတာ္တုိ႔အသင္းလည္း အဆင့္ေလးအတြင္းဝင္ေရာက္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ကုိ ရရွိသြားႏုိင္ပါတယ္ ” လုိ႔ ေျပာဆုိသြားခဲ႔ပါတယ္။

မန္ယူအသင္းဟာ လာမယ့္ၾကာသပေတးေန႔ မနက္အေစာပုိင္းမွာ ဆယ္တာဗီဂုိအသင္းနဲ႔ ယူရုိပါလိဂ္ ဆီးမီးဖုိင္နယ္ ဒုတိယအေက်ာ့ကုိ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး လာမယ့္တနဂၤေႏြေန႔မွာ အမွတ္ေပးဇယားရဲ႕ ဒုတိယေနရာက စပါးအသင္းနဲ႔ ပြဲက်ပ္ရင္ဆုိင္ရမွာျဖစ္ပါတယ္။ ဒါၿပီးရင္ေတာ့ ၾကားရက္မွာ ပြဲက်န္အျဖစ္ အမွတ္မလုိေတာ့တဲ႔ ေဆာက္သမ္တန္အသင္းနဲ႔ ေတြ႕ဆုံရမွာျဖစ္ၿပီး  ဒီႏွစ္ရာသီ ပရီးမီးယားလိဂ္ရဲ႕ေနာက္ဆုံးပြဲစဥ္အျဖစ္ ေနာက္ဆုံးအခ်ိန္အထိ အမွတ္လုိႏုိင္တဲ႔ ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ ရင္ဆုိင္သြားရမွာျဖစ္ပါတယ္ခင္ဗ်ာ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: