Home News ဘောလုံး ကလောင်ရှင်များ ရွေးချယ်ပေးခဲ့တဲ့ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့တဲ့ ကန်တီ

ဘောလုံး ကလောင်ရှင်များ ရွေးချယ်ပေးခဲ့တဲ့ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့တဲ့ ကန်တီ

0

ချဲလ်ဆီးအသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ကန်တီဟာ ဘောလုံးဆောင်းပါးကလောင်ရှင်များ ရွေးချယ်ပေးခဲ့တဲ့ အကောင်းဆုံးကစားသမားဆု ( FWA ) ဆုကို ဆွတ်ခူးသွားနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက လက်စတာအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိနိုင်အောင် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့တဲ့ ကန်တီဟာ ဒီနှစ်ရာသီမှာလည်း အသင်းသစ် ချဲလ်ဆီးအတွက် အကောင်းဆုံးကစားပေးနိုင်ခဲ့ပြီး ပရီးမီးယားချန်ပီယံဆု ရယူပေးဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဒီလို အရည်အသွေးကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ကန်တီဟာ ဘောလုံးသမားများ ရွေးချယ်ပေးတဲ့ တစ်နှစ်တာအတွင်း အကောင်းဆုံးပရီးမီးယားလိဂ် ကစားသမားဆု PFA ဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပြီး အခုအခါမှာလည်း FWA ဆုကိုပါ ထပ်မံဆွတ်ခူးသွားခဲ့ရပြန်တာဖြစ်ပါတယ်။  ကန်တီဟာ မန်ယူအသင်းကို ပြန်လည်ပြောင်းရွေ့လာခဲ့တဲ့ တစ်နိုင်ငံတည်းသား ပေါ့ဘာထက်ကို ပိုမိုခြေစွမ်းပြနိုင်ခဲ့သလို ချဲလ်ဆီးအသင်းကို အမှတ်ပေးချန်ပီယံဖြစ်စေဖို့အတွက် အပြောင်မြောက်ဆုံး စွမ်းဆောင်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

kante-chelse

ကန်တီဟာ FWA ဆုကို အသင်းဖော်ဟာဇက်နဲ့ အနီးစပ်ပြိုင်ဘက် စပါးအသင်းမှ ကွင်းလယ်လူဒယ်လီအလီတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။ ထူးဆန်းတာတစ်ခုကတော့ တန်းဆင်းဇုန်အတွင်းမှာ ရုန်းကန်နေရတဲ့ ဆွမ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ဆီဂတ်ဆန်နဲ့ ပရီးမီးယားလိဂ်ကို တန်းတတ်လာခဲ့တဲ့ ဘရိုက်တန်အသင်းကစားသမား အန်တိုနီတို့ဟာ FWA ဆုအတွက် ဇကာတင်စာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

 

Zawgyi Font : ေဘာလုံး ကေလာင္ရွင္မ်ား ေရြးခ်ယ္ေပးခဲ႔တဲ႔ အေကာင္းဆုံး ကစားသမားဆုကုိ ဆြတ္ခူးခဲ႔တဲ႔ ကန္တီ

ခ်ဲလ္ဆီးအသင္းရဲ႕ အဓိကကြင္းလယ္ကစားသမား ကန္တီဟာ ေဘာလုံးေဆာင္းပါးကေလာင္ရွင္မ်ား ေရြးခ်ယ္ေပးခဲ႔တဲ႔ အေကာင္းဆုံးကစားသမားဆု ( FWA ) ဆုကုိ ဆြတ္ခူးသြားႏုိင္ခဲ႔တယ္လုိ႔ သိရွိရပါတယ္။

ၿပီးခဲ႔တဲ႔ ေဘာလုံးရာသီက လက္စတာအသင္းကုိ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကုိ ရရွိႏုိင္ေအာင္ အေကာင္းဆုံးစြမ္းေဆာင္ေပးခဲ႔တဲ႔ ကန္တီဟာ ဒီႏွစ္ရာသီမွာလည္း အသင္းသစ္ ခ်ဲလ္ဆီးအတြက္ အေကာင္းဆုံးကစားေပးႏုိင္ခဲ႔ၿပီး ပရီးမီးယားခ်န္ပီယံဆု ရယူေပးဖုိ႔ လက္တစ္ကမ္းအလုိကုိ ေရာက္ရွိေနခဲ႔ၿပီျဖစ္ပါတယ္။ ဒီလုိ အရည္အေသြးေကာင္းေတြ ျပသႏုိင္ခဲ႔တာေၾကာင့္ ကန္တီဟာ ေဘာလုံးသမားမ်ား ေရြးခ်ယ္ေပးတဲ႔ တစ္ႏွစ္တာအတြင္း အေကာင္းဆုံးပရီးမီးယားလိဂ္ ကစားသမားဆု PFA ဆုကုိ ဆြတ္ခူးသြားႏုိင္ခဲ႔ၿပီး အခုအခါမွာလည္း FWA ဆုကုိပါ ထပ္မံဆြတ္ခူးသြားခဲ႔ရျပန္တာျဖစ္ပါတယ္။  ကန္တီဟာ မန္ယူအသင္းကုိ ျပန္လည္ေျပာင္းေရြ႕လာခဲ႔တဲ႔ တစ္ႏုိင္ငံတည္းသား ေပါ့ဘာထက္ကုိ ပုိမုိေျခစြမ္းျပႏုိင္ခဲ႔သလုိ ခ်ဲလ္ဆီးအသင္းကုိ အမွတ္ေပးခ်န္ပီယံျဖစ္ေစဖုိ႔အတြက္ အေျပာင္ေျမာက္ဆုံး စြမ္းေဆာင္ေပးႏုိင္ခဲ႔သူလည္းျဖစ္ပါတယ္။

ကန္တီဟာ FWA ဆုကုိ အသင္းေဖာ္ဟာဇက္နဲ႔ အနီးစပ္ၿပိဳင္ဘက္ စပါးအသင္းမွ ကြင္းလယ္လူဒယ္လီအလီတုိ႔ကုိ ေက်ာ္ျဖတ္ၿပီး ဆြတ္ခူးသြားခဲ႔တာျဖစ္ပါတယ္။ ထူးဆန္းတာတစ္ခုကေတာ့ တန္းဆင္းဇုန္အတြင္းမွာ ရုန္းကန္ေနရတဲ႔ ဆြမ္ဆီးအသင္းရဲ႕ ကြင္းလယ္လူ ဆီဂတ္ဆန္နဲ႔ ပရီးမီးယားလိဂ္ကုိ တန္းတတ္လာခဲ႔တဲ႔ ဘရုိက္တန္အသင္းကစားသမား အန္တုိနီတုိ႔ဟာ FWA ဆုအတြက္ ဇကာတင္စာရင္းမွာ ပါဝင္လာခဲ႔တာျဖစ္ပါတယ္ခင္ဗ်ာ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: