Home Knowledge အိမ်တွင်းဖြစ် ဘီယာလုပ်ငန်းကနေ ဘီလီယံနဲ့ချီပြီး တန်ဖိုးမြင့်တက်ခဲ့တဲ့ BrewDog

အိမ်တွင်းဖြစ် ဘီယာလုပ်ငန်းကနေ ဘီလီယံနဲ့ချီပြီး တန်ဖိုးမြင့်တက်ခဲ့တဲ့ BrewDog

0

BrewDog ဆိုတာ ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး စကော့တလန် ဘီယာတစ်မျိုးဖြစ်ပါတယ်။ လက်ရှိမှာတော့ အမေရိကားအထိ ဈေးကွက်ချဲ့ထွင်နေပြီ ဖြစ်သလို သူ့ရဲ့ ရာဇဝင်နောက်ကြောင်းကို ကြည့်မယ်ဆိုရင် အံ့သြဖွယ်ရာ ဖြစ်ပါတယ်။ BrewDog ဘီယာလုပ်ငန်းကို  ၂၀၀၇ ခုနှစ်မှာ ဂျိန်းစ်ဝက်တ် နဲ့ မာတင် ဒစ်ကီ တို့ တည်ထောင်ခဲ့ပြီး ဆိုင်ခန်းမငှားနိုင်သေးလို့ ကားဂိုထောင်ထဲမှာ လုပ်ငန်းစတင်ခဲ့ပါတယ်။

မာတင်ဒစ်ကီ ရဲ့ အမေ ပိုင်ဆိုင်တဲ့ ကားဂိုဒေါင်ထဲမှာဘဲ ဘီယာချက်လုပ်ပြီး ဈေးနှုန်းချိုသာစွာနဲ့ လူတိုင်းသောက်နိုင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့ တာ ဖြစ်ပါတယ်။ မာတင် ဒစ်ကီ တို့ရဲ့ BrewDog ဘီယာကို လယ်သမားတွေက အမာခံ ပရိတ်သတ်အနေနဲ့ ဝယ်ယူသောက်သုံးတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဂျိန်းစ်ဝက်တ်နဲ့ မာတင် ဒစ်ကီ တို့ဟာ ဘီယာကို ကားပေါ်မှာတင်ပြီး မြို့အတွင်းမှာ လှည့်လည် ရောင်းချခဲ့ပါတယ်။

brewdog-watt-and-dickie

အစပိုင်းမှာတော့ ဝယ်ယူသူ တစ်ယောက်မှ မရှိခဲ့ပေမယ့် BrewDog ကို တည်ထောင်သူ နှစ်ယောက်ကတော့ စိတ်မပျက်ခဲ့ပါဘူး။ ဘီယာကို မြတ်နိုးသူ နှစ်ယောက်ကတော့ သူတို့ဘဝမှာ သူတို့နှစ်သက်တဲ့အရာတွေသာ လုပ်ဖို့ ဆုံးဖြတ်ချက်ချထားသလို အဲ့ဒီလို ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကြောင့် အခွင့်အလမ်းတွေ ဝင်လာတယ်လို့ဘဲ ဆိုရမှာပါ။

အဲ့ဒါကတော့ ဗြိတိန် စူပါမားကတ် က ကျင်းပတဲ့ ဘီယာပြိုင်ပွဲဘဲ ဖြစ်ပါတယ်။ ဂျိန်းစ်နဲ့ ဒစ်ကီတို့ဟာ သူတို့ရဲ့ ဘီယာ  ၄ မျိုးနဲ့ ဝင်ပြိုင်ခဲ့ပြီး ဘီယာရဲ့ အရည်အသွေးကောင်းမွန်မှုကြောင့် ဘီယာ ၄ မျိုးလုံး ပထမ၊ ဒုတိယ၊ တတိယနဲ့ စတုတ္ထ ဆုတို့ကို ရယူခဲ့ပါတယ်။ တစ်ချိန်ထဲမှာဘဲ TESO ရဲ့ Grand Prize ဆုချီးမြှင့်မှုအရ တစ်နိုင်ငံလုံးမှာ ရှိတဲ့ စတိုးပေါင်း ၄၀၀ မှာ ဘီယာတွေကို စတင်ဖြန့်ချီပေးတာ ဖြစ်ပါတယ်။

brewdog-color

တစ်ချိန်ထဲမှာဘဲ ဘီယာထုတ်လုပ်မှုကို ၂ ဆ မြှင့်တင်ခဲ့ရပြီး ထုတ်လုပ်ဖို့အတွက်လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ဖို့ ဘဏ်မှာ ပိုက်ဆံချေးခဲ့ရပါသေးတယ်။ ယခုအချိန်မှာတော့ BrewDog ဟာ ဘီယာဘားပေါင်း ၅၀ ကျော် ဖွင့်လှစ်ထားပြီး နှစ်စဉ် အမေရိကန် ဒေါ်လာ ၉၇ မီလီယံဖိုးခန့် ရောင်းချနေရပါတယ်။ BrewDog ကုမ္ပဏီဟာ ရှယ်ယာရှင်များကိုလည်း ဖိတ်ခေါ်ထားပြီး ယခုဆိုရင် ရင်းနှီးမြှုပ်နှံသူပေါင်း ၅၅၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။ မှတ်တမ်းများအရ BrewDog စတင်ထဲက ရှယ်ယာဝင်ထားတဲ့သူများကတော့ ယခုအချိန်မှာ ၂၈၀၀ ရာခိုင်နှုန်း အမြတ်ထိရရှိခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်း ရှယ်ယာဝင်တဲ့သူတွေကတော့ အဲ့ဒီလောက် အမြတ်နှုန်းမများပါဘူး။ BrewDog နာမည်မကြီးခင်ထဲက ရင်းနှီးမြှုပ်နှံထားတဲ့ ရှယ်ယာရှင်အချို့ကတော့ အရင်းကျေတဲ့အပြင် အမြတ်ပေါင်း များစွာကိုလည်းရရှိလိုက်ပါတယ်။

BrewDog အနေနဲ့ အမေရိကားမှာ ဈေးကွက်ချဲ့ဖို့ ကြိုးစားနေသလို အာရှနဲ့ သြစတေးလျ ဘက်ကိုလည်း ဈေးကွက်ချဲ့ထွင်ဖို့ အစီအစဉ်ရှိကြောင်း ထုတ်ပြန်ကြေငြာထားပါတယ်။ အမေရိကားကိုတော့ နောက်ထပ် ၂ လ ဆိုရင် BrewDog ဘီယာ စတင်ရောင်းချနိုင်တော့မှာ ဖြစ်ပါတယ်။

Zawgyi Font : အိမ္တြင္းျဖစ္ ဘီယာလုပ္ငန္းကေန ဘီလီယံနဲ႕ခ်ီျပီး တန္ဖိုးျမင့္တက္ခဲ့တဲ့ BrewDog

brewdog-bar

BrewDog ဆိုတာ ဘီယာထုတ္လုပ္တဲ့ ကုမၸဏီတစ္ခုျဖစ္ျပီး စေကာ့တလန္ ဘီယာတစ္မ်ိဳးျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အေမရိကားအထိ ေစ်းကြက္ခ်ဲ႕ထြင္ေနျပီ ျဖစ္သလို သူ႕ရဲ႕ ရာဇ၀င္ေနာက္ေၾကာင္းကို ၾကည့္မယ္ဆိုရင္ အံ့ၾသဖြယ္ရာ ျဖစ္ပါတယ္။ BrewDog ဘီယာလုပ္ငန္းကို  ၂၀၀၇ ခုႏွစ္မွာ ဂ်ိန္းစ္၀က္တ္ နဲ႕ မာတင္ ဒစ္ကီ တို႕ တည္ေထာင္ခဲ့ျပီး ဆိုင္ခန္းမငွားႏိုင္ေသးလို႕ ကားဂိုေထာင္ထဲမွာ လုပ္ငန္းစတင္ခဲ့ပါတယ္။

မာတင္ဒစ္ကီ ရဲ႕ အေမ ပိုင္ဆိုင္တဲ့ ကားဂုိေဒါင္ထဲမွာဘဲ ဘီယာခ်က္လုပ္ျပီး ေစ်းႏႈန္းခ်ိဳသာစြာနဲ႕ လူတိုင္းေသာက္ႏုိင္ဖို႕ ရည္ရြယ္ျပီး ထုတ္လုပ္ခဲ့ တာ ျဖစ္ပါတယ္။ မာတင္ ဒစ္ကီ တို႕ရဲ႕ BrewDog ဘီယာကို လယ္သမားေတြက အမာခံ ပရိတ္သတ္အေနနဲ႕ ၀ယ္ယူေသာက္သံုးတာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဂ်ိန္းစ္၀က္တ္နဲ႕ မာတင္ ဒစ္ကီ တို႕ဟာ ဘီယာကို ကားေပၚမွာတင္ျပီး ျမိဳ႕အတြင္းမွာ လွည့္လည္ ေရာင္းခ်ခဲ့ပါတယ္။

အစပိုင္းမွာေတာ့ ၀ယ္ယူသူ တစ္ေယာက္မွ မရွိခဲ့ေပမယ့္ BrewDog ကို တည္ေထာင္သူ ႏွစ္ေယာက္ကေတာ့ စိတ္မပ်က္ခဲ့ပါဘူး။ ဘီယာကို ျမတ္ႏိုးသူ ႏွစ္ေယာက္ကေတာ့ သူတို႕ဘ၀မွာ သူတို႕ႏွစ္သက္တဲ့အရာေတြသာ လုပ္ဖို႕ ဆံုးျဖတ္ခ်က္ခ်ထားသလို အဲ့ဒီလို ခိုင္မာတဲ့ ဆံုးျဖတ္ခ်က္ေတြေၾကာင့္ အခြင့္အလမ္းေတြ ၀င္လာတယ္လို႕ဘဲ ဆိုရမွာပါ။

အဲ့ဒါကေတာ့ ျဗိတိန္ စူပါမားကတ္ က က်င္းပတဲ့ ဘီယာျပိဳင္ပြဲဘဲ ျဖစ္ပါတယ္။ ဂ်ိန္းစ္နဲ႕ ဒစ္ကီတို႕ဟာ သူတို႕ရဲ႕ ဘီယာ  ၄ မ်ိဳးနဲ႕ ၀င္ျပိဳင္ခဲ့ျပီး ဘီယာရဲ႕ အရည္အေသြးေကာင္းမြန္မႈေၾကာင့္ ဘီယာ ၄ မ်ိဳးလံုး ပထမ၊ ဒုတိယ၊ တတိယနဲ႕ စတုတၳ ဆုတို႕ကို ရယူခဲ့ပါတယ္။ တစ္ခ်ိန္ထဲမွာဘဲ TESO ရဲ႕ Grand Prize ဆုခ်ီးျမွင့္မႈအရ တစ္ႏိုင္ငံလံုးမွာ ရွိတဲ့ စတိုးေပါင္း ၄၀၀ မွာ ဘီယာေတြကို စတင္ျဖန္႕ခ်ီေပးတာ ျဖစ္ပါတယ္။

တစ္ခ်ိန္ထဲမွာဘဲ ဘီယာထုတ္လုပ္မႈကို ၂ ဆ ျမွင့္တင္ခဲ့ရျပီး ထုတ္လုပ္ဖို႕အတြက္လိုအပ္တဲ့ ပစၥည္းေတြကို ၀ယ္ဖို႕ ဘဏ္မွာ ပိုက္ဆံေခ်းခဲ့ရပါေသးတယ္။ ယခုအခ်ိန္မွာေတာ့ BrewDog ဟာ ဘီယာဘားေပါင္း ၅၀ ေက်ာ္ ဖြင့္လွစ္ထားျပီး ႏွစ္စဥ္ အေမရိကန္ ေဒၚလာ ၉၇ မီလီယံဖိုးခန္႕ ေရာင္းခ်ေနရပါတယ္။ BrewDog ကုမၸဏီဟာ ရွယ္ယာရွင္မ်ားကိုလည္း ဖိတ္ေခၚထားျပီး ယခုဆိုရင္ ရင္းႏွီးျမွဳပ္ႏွံသူေပါင္း ၅၅၀၀၀ ေက်ာ္ရွိေနျပီ ျဖစ္ပါတယ္။ မွတ္တမ္းမ်ားအရ BrewDog စတင္ထဲက ရွယ္ယာ၀င္ထားတဲ့သူမ်ားကေတာ့ ယခုအခ်ိန္မွာ ၂၈၀၀ ရာခိုင္ႏႈန္း အျမတ္ထိရရွိခဲ့တယ္လို႕ သိရပါတယ္။ ေနာက္ပိုင္း ရွယ္ယာ၀င္တဲ့သူေတြကေတာ့ အဲ့ဒီေလာက္ အျမတ္ႏႈန္းမမ်ားပါဘူး။ BrewDog နာမည္မၾကီးခင္ထဲက ရင္းႏွီးျမွုပ္ႏွံထားတဲ့ ရွယ္ယာရွင္အခ်ိဳ႕ကေတာ့ အရင္းေက်တဲ့အျပင္ အျမတ္ေပါင္း မ်ားစြာကိုလည္းရရွိလိုက္ပါတယ္။

BrewDog အေနနဲ႕ အေမရိကားမွာ ေစ်းကြက္ခ်ဲ႕ဖို႕ ၾကိဳးစားေနသလို အာရွနဲ႕ ၾသစေတးလ် ဘက္ကိုလည္း ေစ်းကြက္ခ်ဲ႕ထြင္ဖို႕ အစီအစဥ္ရွိေၾကာင္း ထုတ္ျပန္ေၾကျငာထားပါတယ္။ အေမရိကားကိုေတာ့ ေနာက္ထပ္ ၂ လ ဆိုရင္ BrewDog ဘီယာ စတင္ေရာင္းခ်ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: