Home Knowledge မြို့နှစ်မြို့ ကပေးတဲ့ ဘဝသင်ခန်းစာ

မြို့နှစ်မြို့ ကပေးတဲ့ ဘဝသင်ခန်းစာ

0

မြို့ကြီးတစ်မြို့၏ အဝင်ဝနားတွင် ခရီးသွားတစ်ယောက်ဆိုက်ရောက်လာသည်။

မြို့ထဲမဝင်မီ လမ်းဘေးမှာထိုင်နေသော မိန်းမတစ်ယောက်ကို သူမေးသည်။

“ဒီမြို့မှာနေထိုင်တဲ့သူတွေရဲ့ စိတ်နေသဘောထားတွေဘယ်လိုမျိုးရှိကြလဲဗျ” ။ ထိုအခါအမျိုးသမီးက ပြန်၍ မေးခွန်းထုတ်လေသည်။ “ရှင်ထွက်လာခဲ့တဲ့ မြို့ကလူတွေကကော ဘယ်လိုသဘောထားတွေရှိကြလဲ” ဟုမေးရာ…။

“ဆိုးပါတယ်ဗျာ၊ အင်မတန် ယုတ်မာကောက်ကျစ်တဲ့လူတွေ၊ လုံးဝယုံကြည်လို့မရတဲ့လူတွေ၊ ကောင်းကွက်ဆိုလို့ တစ်စက်ကလေးတောင်မှမရှိတဲ့လူတွေ” ဟု သူက မဲ့မဲ့ရွဲ့ရွဲ့ပြန်ဖြေလေသည်။

“အင်း… ဒီမြို့ထဲကလူတွေလဲ အဲ့ဒီပုံစံအတိုင်းပဲ ရှင်တွေ့ရဦးမှာပါ” လို့ ထိုအမျိုးသမီးကဆိုလေသည်။

များမကြာခင်လေးမှာပဲ နောက်ခရီးသည်တစ်ယောက် မြို့နားကိုရောက်လာပြန်ကာ အမျိုးသမီးအား မြို့ထဲကလူတွေအကြောင်းကိုမေးပြန်လေသည်။ ထိုအခါ အမျိုးသမီးက ပထမခရီးသည်အားမေးခဲ့တုန်းကအတိုင်း သူလာခဲ့သည့်မြို့လေးက လူတွေအကြောင်းကိုမေးလေသည်။

ထိုအခါ ဒုတိယခရီးသည်က “အင်မတန်မှ စိတ်သဘောထားကောင်းကြပါတယ်၊ရိုးသားကြတယ်၊အလုပ်လည်းကြိုးစားကြတယ်၊သူမတူအောင်လည်း ရက်ရောကြပါတယ်၊ ကျွန်တော် အဲ့ဒီက ထွက်လာရတာစိတ်တောင်မကောင်းဖူးဗျာ” လို့ လှိုက်လှဲသောလေသံဖြင့်ဆိုလေသည်။

သည်အခါ ပညာရှိ အမျိုးသမီးက ဤသိုအဖြေပြန်ပေးလိုက်လေသည်။

“ရှေ့က မြို့ထဲမှာလဲ အဲ့ဒီလိုလူမျိုးတွေပဲ ရှင်ထပ်တွေ့ရမှာပါ” လို ပြောခဲ့လေသည်။

ပုံပြင်ရဲ့ ဆိုလိုရင်းက ကျနော်တို့ပတ်ဝန်းကျင်မှာ မြင်ရတွေ့ရတာတွေကို မိမိဘက်က ဘယ်လိုအမြင်မျိုးနဲ့ တုံ့ပြန်ယူဆလဲ ဆိုတာပါဘဲ။ သူတစ်ပါးကို အမြဲတမ်း အဆိုးစိတ်မြင်တဲ့သူဟာ ဘဝတစ်လျှောက်လုံး မကောင်းတဲ့အရာတွေနဲ့ဘဲ အဆုံးသတ်သွားရသလို လူတွေကို ကောင်းသောစိတ်နဲ့ မြင်တတ်ကြသူတွေကတော့ သူတို့ရဲ့ ဘဝမှာ ကောင်းခြင်းအရာတွေနဲ့ဘဲ ပြည့်နှက်နေပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့ ဘဝမှာ ကောင်းမွန်တာတွေကို ရရှိခံစားလိုရင်တော့ အမြဲတမ်းအဆိုးမြင်စိတ်ကို ဖယ်ရှားပစ်ဖို့လိုပါလိမ့်မယ်။

မူရင်း>>>A Tale of Two Cities of The Best of Bits and Pieces

Zawgyi Font : ျမိဳ႕ႏွစ္ျမိဳ႕ ကေပးတဲ့ ဘ၀သင္ခန္းစာ

ၿမိဳ႕ႀကီးတစ္ၿမိဳ႕၏ အဝင္ဝနားတြင္ ခရီးသြားတစ္ေယာက္ဆိုက္ေရာက္လာသည္။

ၿမိဳ႕ထဲမဝင္မီ လမ္းေဘးမွာထိုင္ေနေသာ မိန္းမတစ္ေယာက္ကို သူေမးသည္။

“ဒီၿမိဳ႕မွာေနထိုင္တဲ့သူေတြရဲ႕ စိတ္ေနသေဘာထားေတြဘယ္လိုမ်ိဳး႐ွိၾကလဲဗ်” ။ ထိုအခါအမ်ိဳးသမီးက ျပန္၍ ေမးခြန္းထုတ္ေလသည္။ “႐ွင္ထြက္လာခဲ့တဲ့ ၿမိဳ႕ကလူေတြကေကာ ဘယ္လိုသေဘာထားေတြ႐ွိၾကလဲ” ဟုေမးရာ…။

“ဆိုးပါတယ္ဗ်ာ၊ အင္မတန္ ယုတ္မာေကာက္က်စ္တဲ့လူေတြ၊ လံုးဝယံုၾကည္လို႔မရတဲ့လူေတြ၊ ေကာင္းကြက္ဆိုလို႔ တစ္စက္ကေလးေတာင္မွမ႐ွိတဲ့လူေတြ” ဟု သူက မဲ့မဲ့ရြဲ႕ရြဲ႕ျပန္ေျဖေလသည္။

“အင္း… ဒီၿမိဳ႕ထဲကလူေတြလဲ အဲ့ဒီပံုစံအတိုင္းပဲ ႐ွင္ေတြ႔ရဦးမွာပါ” လို႔ ထိုအမ်ိဳးသမီးကဆိုေလသည္။

မ်ားမၾကာခင္ေလးမွာပဲ ေနာက္ခရီးသည္တစ္ေယာက္ ၿမိဳ႕နားကိုေရာက္လာျပန္ကာ အမ်ိဳးသမီးအား ၿမိဳ႕ထဲကလူေတြအေၾကာင္းကိုေမးျပန္ေလသည္။ ထိုအခါ အမ်ိဳးသမီးက ပထမခရီးသည္အားေမးခဲ့တုန္းကအတိုင္း သူလာခဲ့သည့္ၿမိဳ႕ေလးက လူေတြအေၾကာင္းကိုေမးေလသည္။

ထိုအခါ ဒုတိယခရီးသည္က “အင္မတန္မွ စိတ္သေဘာထားေကာင္းၾကပါတယ္၊႐ိုးသားၾကတယ္၊အလုပ္လည္းႀကိဳးစားၾကတယ္၊သူမတူေအာင္လည္း ရက္ေရာၾကပါတယ္၊ ကြၽန္ေတာ္ အဲ့ဒီက ထြက္လာရတာစိတ္ေတာင္မေကာင္းဖူးဗ်ာ” လို႔ လိႈက္လွဲေသာေလသံျဖင့္ဆိုေလသည္။

သည္အခါ ပညာ႐ွိ အမ်ိဳးသမီးက ဤသိုအေျဖျပန္ေပးလိုက္ေလသည္။

“ေ႐ွ႕က ၿမိဳ႕ထဲမွာလဲ အဲ့ဒီလိုလူမ်ိဳးေတြပဲ ႐ွင္ထပ္ေတြ႔ရမွာပါ” လို ေျပာခဲ့ေလသည္။

ပံုျပင္ရဲ႕ ဆိုလိုရင္းက က်ေနာ္တို႕ပတ္၀န္းက်င္မွာ ျမင္ရေတြ႕ရတာေတြကို မိမိဘက္က ဘယ္လိုအျမင္မ်ိဳးနဲ႕ တုံ႕ျပန္ယူဆလဲ ဆိုတာပါဘဲ။ သူတစ္ပါးကို အျမဲတမ္း အဆိုးစိတ္ျမင္တဲ့သူဟာ ဘ၀တစ္ေလွ်ာက္လံုး မေကာင္းတဲ့အရာေတြနဲ႕ဘဲ အဆံုးသတ္သြားရသလို လူေတြကို ေကာင္းေသာစိတ္နဲ႕ ျမင္တတ္ၾကသူေတြကေတာ့ သူတို႕ရဲ႕ ဘ၀မွာ ေကာင္းျခင္းအရာေတြနဲ႕ဘဲ ျပည့္ႏွက္ေနပါလိမ့္မယ္။ ဒါေၾကာင့္ က်ေနာ္တို႕ ဘ၀မွာ ေကာင္းမြန္တာေတြကို ရရွိခံစားလိုရင္ေတာ့ အျမဲတမ္းအဆိုးျမင္စိတ္ကို ဖယ္ရွားပစ္ဖို႕လိုပါလိမ့္မယ္။

မူရင္း>>>A Tale of Two Cities of The Best of Bits and Pieces

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: