Home Knowledge ပြင်သစ်နိုင်ငံရဲ့ အသက်ငယ်ဆုံး သမ္မတဖြစ်လာသူ မက်ခ်ရွန်း သို့မဟုတ် အချစ်ကို တန်ဖိုးထား မြတ်နိုးသူ

ပြင်သစ်နိုင်ငံရဲ့ အသက်ငယ်ဆုံး သမ္မတဖြစ်လာသူ မက်ခ်ရွန်း သို့မဟုတ် အချစ်ကို တန်ဖိုးထား မြတ်နိုးသူ

0

အီမန်နျူရယ် မက်ခ်ရွန်း ဟာ မေလ ၇ ရက်နေ့မှာ ကျင်းပတဲ့ ပြင်သစ်နိုင်ငံသမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရရှိသွားပြီး ပြင်သစ်နိုင်ငံရဲ့ အသက်ငယ်ဆုံး သမ္မတအဖြစ် သမိုင်းတွင်ခဲ့ပါပြီ။ မက်ခ်ရွန်းရဲ့ သမ္မတ ရွေးကောက်ပွဲ မတိုင်မှီ သူ့ရဲ့ ဘဝနောက်ကြောင်း အချို့ကို ဖော်ပြလိုက်ရပါတယ်။

မက်ခ်ရွန်းဟာ ပဲရစ်နန်တီးယားတက္ကသိုလ် ကနေ အတွေးအခေါ်ပညာရပ်ကို လေ့လာဆည်းပူးခဲ့ပြီး ပြင်သစ်နိုင်ငံရေးကျောင်းကနေ ပြည်သူ့ရေးရာမဟာဘွဲ့ကိုလည်း ရရှိခဲ့ပါသေးတယ်။ ဒါ့အပြင် အမျိုးသားစီမံခန့်ခွဲမှုကျောင်းကနေ ဘွဲ့ပေါင်းများစွာ ရရှိခဲ့ပြီး ပြင်သစ်အထွေထွေ ဘဏ္ဍရေးဌာနမှာ ဘဏ္ဍာမှူးအနေနဲ့ တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ထို့မှတစ်ဆင့် Rothschild & Cie Banque ဘဏ်မှာ ရင်းနှီးမြှုပ်နှံသူ Banker အဖြစ် ဖြစ်လာပြီး စီးပွားရေးလုပ်ငန်းရှင် အဖြစ် အောင်မြင်လာခဲ့ပါတယ်။ ထို့မှတစ်ဖန် နိုင်ငံရေးလောကထဲထိပါ ဝင်ရောက်လာပြီး ယခုအချိန်မှာတော့ ရွေးကောက်ခံ သမ္မတ ဖြစ်လာပါပြီ။

မက်ခ်ရွန်းရဲ့ ပြိုင်ဘက်ဟာလည်း နယ်နယ်ရရမဟုတ်ပါဘူး။ လက်ယာစွန်းနိုင်ငံရေး အမြင်ရှိသူ မာရင်းလီပန်းကို နောက်ဆုံးအဆင့်မှာ မဲအသာစီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ခ်ရွန်းရဲ့ သဘောထားက အလယ်အလတ်လမ်းစဉ်ဖြစ်ပြီး သူ့ရဲ့ ပြိုင်ဘက် မာရင်းလီပန်းက လက်ယာစွန်းနိုင်ငံရေးလမ်းစဉ် ဖြစ်တဲ့အတွက် အီးယူနိုင်ငံများက မာရင်းလီပန်း အနိုင်ရရှိမှာကို မလိုလားပါဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရရှိသွားသလိုမျိုး ပြင်သစ်ရွေးကောက်ပွဲမှာလည်း မာရင်းလီပန်း ရရှိသွားမှာ စိုးရိမ်တာကြောင့် ဖြစ်ပါတယ်။ တစ်ချိန်ထဲမှာဘဲ မက်ခ်ရွန်းရဲ့ အလယ်အလတ်လမ်းစဉ်ကြောင့် မဲအသာစီးရရှိသွားတာ ဖြစ်ပါတယ်။

မက်ခ်ရွန်းအကြောင်းပြောမယ်ဆိုရင် သူ့ရဲ့ ဘဝလက်တွဲဖော် ကြင်ယာတော်အကြောင်းပါ ထည့်ပြောမှ ပိုပြည့်စုံပါလိမ့်မယ်။ မက်ခ်ရွန်းဟာ ငယ်စဉ်ကျောင်းသားဘ၀ အသက် ၁၅ နှစ်ခန့်ထဲက ကျောင်းဆရာမတစ်ယောက်ကို သဘောကျနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ကျောင်းဆရာမမှာ အိမ်ထောင်ရှိပြီး အသက် ၃၉ နှစ်ရှိနေပြီ ဖြစ်တဲ့အတွက် မက်ခ်ရွန်းနဲ့ ၂၄ နှစ်အသက်ကွာခြားပါတယ်။ ဒါပေမယ့် မက်ခ်ရွန်းကတော့ ဇွဲမလျော့ခဲ့ပါဘူး။ ဒါကြောင့် ဘရစ်တီ ထရော့နက် အမည်ရတဲ့ ဆရာမ က မက်ခ်ရွန်းကို စာကြိုးစားဖို့သာ တိုက်တွန်းခဲ့ပါတယ်။

မက်ခ်ရွန်းကတော့ ဆရာမ ဘရစ်တီ ထရော့နက် ရဲ့ သဘောထားအတိုင်း စာကြိုးစားခဲ့ပြီး ပညာရေးမှာ အောင်မြင်မှုတွေရရှိခဲ့သလို စီးပွားရေးလောကမှာလည်း ဘဏ်လုပ်ငန်းရင်းနှီးမြှုပ်နှံသူအဖြစ် အောင်မြင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ဆရာမ ဘရစ်တီ ထရော့နက် ဟာ သူ့ရဲ့ လင်ယောက်ျားနဲ့ ကွာရှင်းခဲ့ပြီး မက်ခ်ရွန်းနဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ အသက် ၁၅ နှစ်အရွယ်ထဲက အချစ်ကတော့ မက်ခ်ရွန်းရင်ထဲမှာ တစ်စက်လေးမှ မလျော့သွားပါဘူး။ လက်ရှိမှာတော့ မက်ခ်ရွန်းက အသက် ၃၉ နှစ်ရှိပြီး သူ့ရဲ့ အိမ်သူသက်ထား ဆရာမ ဘရစ်တီ ထရော့နက် ကတော့ အသက် ၆၄ နှစ်ရှိပါပြီ။

Brigitte Trogneux

မက်ခ်ရွန်းကတော့ သူဟာ ယခုလိုအောင်မြင်လာတာဟာ ကြင်ယာတော် ဘရစ်တီ ထရော့နက် ရဲ့ အားပေးမှုတွေကြောင့် ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဘယ်လိုဘဲ ဖြစ်နေဖြစ်နေ အမြဲတမ်းဘေးနားမှာ ရှိနေမယ်ဆိုတဲ့အကြောင်းလဲ ပြောခဲ့ပါတယ်။ အလယ်အလတ်လမ်းစဉ်ကို ဖော်ဆောင်ဖို့အတွက် စီမံချက်တွေချမှတ်ခဲ့တဲ့အခါမှာလည်း မက်ခ်ရွန်းရဲ့ ဘေးနားကနေ ကြင်ယာတော် ဆရာမ ဘရစ်တီ ထရော့နက် က အကြံပေးခဲ့လို့ အောင်မြင်ခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် မက်ခ်ရွန်းဟာ ပြင်သစ်နိုင်ငံရဲ့ အသက်ငယ်ဆုံး သမ္မတအဖြစ် သမိုင်းဝင်ခဲ့သလို အချစ်ကို တန်ဖိုးထား မြတ်နိုးတဲ့ သမ္မတ အဖြစ်နဲ့ပါ မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။

Zawgyi Font : ျပင္သစ္ႏုိင္ငံရဲ႕ အသက္ငယ္ဆံုး သမၼတျဖစ္လာသူ မက္ခ္ရြန္း သို႕မဟုတ္ အခ်စ္ကို တန္ဖိုးထား ျမတ္ႏုိးသူ

 

အီမန္ႏ်ဴရယ္ မက္ခ္ရြန္း ဟာ ေမလ ၇ ရက္ေန႕မွာ က်င္းပတဲ့ ျပင္သစ္ႏုိင္ငံသမၼတ ေရြးေကာက္ပြဲမွာ အႏိုင္ရရွိသြားျပီး ျပင္သစ္ႏုိင္ငံရဲ႕ အသက္ငယ္ဆံုး သမၼတအျဖစ္ သမိုင္းတြင္ခဲ့ပါျပီ။ မက္ခ္ရြန္းရဲ႕ သမၼတ ေရြးေကာက္ပြဲ မတိုင္မွီ သူ႕ရဲ႕ ဘ၀ေနာက္ေၾကာင္း အခ်ိဳ႕ကို ေဖာ္ျပလိုက္ရပါတယ္။

မက္ခ္ရြန္းဟာ ပဲရစ္နန္တီးယားတကၠသုိလ္ ကေန အေတြးအေခၚပညာရပ္ကို ေလ့လာဆည္းပူးခဲ့ျပီး ျပင္သစ္ႏိုင္ငံေရးေက်ာင္းကေန ျပည္သူ႕ေရးရာမဟာဘြဲ႕ကိုလည္း ရရွိခဲ့ပါေသးတယ္။ ဒါ့အျပင္ အမ်ိဳးသားစီမံခန္႕ခြဲမႈေက်ာင္းကေန ဘြဲ႕ေပါင္းမ်ားစြာ ရရွိခဲ့ျပီး ျပင္သစ္အေထြေထြ ဘ႑ေရးဌာနမွာ ဘ႑ာမွဴးအေနနဲ႕ တာ၀န္ယူေဆာင္ရြက္ခဲ့ပါတယ္။ ထုိ႕မွတစ္ဆင့္ Rothschild & Cie Banque ဘဏ္မွာ ရင္းႏွီးျမွုပ္ႏွံသူ Banker အျဖစ္ ျဖစ္လာျပီး စီးပြားေရးလုပ္ငန္းရွင္ အျဖစ္ ေအာင္ျမင္လာခဲ့ပါတယ္။ ထို႕မွတစ္ဖန္ ႏိုင္ငံေရးေလာကထဲထိပါ ၀င္ေရာက္လာျပီး ယခုအခ်ိန္မွာေတာ့ ေရြးေကာက္ခံ သမၼတ ျဖစ္လာပါျပီ။

မက္ခ္ရြန္းရဲ႕ ျပိဳင္ဘက္ဟာလည္း နယ္နယ္ရရမဟုတ္ပါဘူး။ လက္ယာစြန္းႏုိင္ငံေရး အျမင္ရွိသူ မာရင္းလီပန္းကို ေနာက္ဆံုးအဆင့္မွာ မဲအသာစီးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ မက္ခ္ရြန္းရဲ႕ သေဘာထားက အလယ္အလတ္လမ္းစဥ္ျဖစ္ျပီး သူ႕ရဲ႕ ျပိဳင္ဘက္ မာရင္းလီပန္းက လက္ယာစြန္းႏုိင္ငံေရးလမ္းစဥ္ ျဖစ္တဲ့အတြက္ အီးယူႏုိင္ငံမ်ားက မာရင္းလီပန္း အႏုိင္ရရွိမွာကို မလိုလားပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အေမရိကန္ေရြးေကာက္ပြဲမွာ ေဒၚနယ္ထရမ့္အႏုိင္ရရွိသြားသလိုမ်ိဳး ျပင္သစ္ေရြးေကာက္ပြဲမွာလည္း မာရင္းလီပန္း ရရွိသြားမွာ စိုးရိမ္တာေၾကာင့္ ျဖစ္ပါတယ္။ တစ္ခ်ိန္ထဲမွာဘဲ မက္ခ္ရြန္းရဲ႕ အလယ္အလတ္လမ္းစဥ္ေၾကာင့္ မဲအသာစီးရရွိသြားတာ ျဖစ္ပါတယ္။

မက္ခ္ရြန္းအေၾကာင္းေျပာမယ္ဆိုရင္ သူ႕ရဲ႕ ဘ၀လက္တြဲေဖာ္ ၾကင္ယာေတာ္အေၾကာင္းပါ ထည့္ေျပာမွ ပိုျပည့္စံုပါလိမ့္မယ္။ မက္ခ္ရြန္းဟာ ငယ္စဥ္ေက်ာင္းသားဘ၀ အသက္ ၁၅ ႏွစ္ခန္႕ထဲက ေက်ာင္းဆရာမတစ္ေယာက္ကို သေဘာက်ေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္ အဆိုပါ ေက်ာင္းဆရာမမွာ အိမ္ေထာင္ရွိျပီး အသက္ ၃၉ ႏွစ္ရွိေနျပီ ျဖစ္တဲ့အတြက္ မက္ခ္ရြန္းနဲ႕ ၂၄ ႏွစ္အသက္ကြာျခားပါတယ္။ ဒါေပမယ့္ မက္ခ္ရြန္းကေတာ့ ဇြဲမေလ်ာ့ခဲ့ပါဘူး။ ဒါေၾကာင့္ ဘရစ္တီ ထေရာ့နက္ အမည္ရတဲ့ ဆရာမ က မက္ခ္ရြန္းကို စာၾကိဳးစားဖို႕သာ တိုက္တြန္းခဲ့ပါတယ္။

မက္ခ္ရြန္းကေတာ့ ဆရာမ ဘရစ္တီ ထေရာ့နက္ ရဲ႕ သေဘာထားအတိုင္း စာၾကိဳးစားခဲ့ျပီး ပညာေရးမွာ ေအာင္ျမင္မႈေတြရရွိခဲ့သလို စီးပြားေရးေလာကမွာလည္း ဘဏ္လုပ္ငန္းရင္းႏွီးျမွဳပ္ႏွံသူအျဖစ္ ေအာင္ျမင္ခဲ့ပါတယ္။ ၂၀၀၆ ခုႏွစ္မွာ ဆရာမ ဘရစ္တီ ထေရာ့နက္ ဟာ သူ႕ရဲ႕ လင္ေယာက္်ားနဲ႕ ကြာရွင္းခဲ့ျပီး မက္ခ္ရြန္းနဲ႕ အိမ္ေထာင္ျပဳခဲ့ပါတယ္။ အသက္ ၁၅ ႏွစ္အရြယ္ထဲက အခ်စ္ကေတာ့ မက္ခ္ရြန္းရင္ထဲမွာ တစ္စက္ေလးမွ မေလ်ာ့သြားပါဘူး။ လက္ရွိမွာေတာ့ မက္ခ္ရြန္းက အသက္ ၃၉ ႏွစ္ရွိျပီး သူ႕ရဲ႕ အိမ္သူသက္ထား ဆရာမ ဘရစ္တီ ထေရာ့နက္ ကေတာ့ အသက္ ၆၄ ႏွစ္ရွိပါျပီ။

မက္ခ္ရြန္းကေတာ့ သူဟာ ယခုလိုေအာင္ျမင္လာတာဟာ ၾကင္ယာေတာ္ ဘရစ္တီ ထေရာ့နက္ ရဲ႕ အားေပးမႈေတြေၾကာင့္ ျဖစ္တယ္လို႕ ဆိုလိုက္ပါတယ္။ ဘယ္လိုဘဲ ျဖစ္ေနျဖစ္ေန အျမဲတမ္းေဘးနားမွာ ရွိေနမယ္ဆိုတဲ့အေၾကာင္းလဲ ေျပာခဲ့ပါတယ္။ အလယ္အလတ္လမ္းစဥ္ကို ေဖာ္ေဆာင္ဖို႕အတြက္ စီမံခ်က္ေတြခ်မွတ္ခဲ့တဲ့အခါမွာလည္း မက္ခ္ရြန္းရဲ႕ ေဘးနားကေန ၾကင္ယာေတာ္ ဆရာမ ဘရစ္တီ ထေရာ့နက္ က အၾကံေပးခဲ့လို႕ ေအာင္ျမင္ခဲ့တာလို႕ ဆိုပါတယ္။

ဒါေၾကာင့္ မက္ခ္ရြန္းဟာ ျပင္သစ္ႏုိင္ငံရဲ႕ အသက္ငယ္ဆံုး သမၼတအျဖစ္ သမိုင္း၀င္ခဲ့သလို အခ်စ္ကို တန္ဖိုးထား ျမတ္ႏိုးတဲ့ သမၼတ အျဖစ္နဲ႕ပါ မွတ္တမ္းတင္ခဲ့တာ ျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: