Home News ပြင်သစ်နိုင်ငံ၏ စာမျက်နှာသစ်ဖွင့်လှစ်ခြင်း သို့မဟုတ် သမ္မတအသစ်တင်မြှောက်ခြင်း
ပြင်သစ်နိုင်ငံ၏ စာမျက်နှာသစ်ဖွင့်လှစ်ခြင်း သို့မဟုတ် သမ္မတအသစ်တင်မြှောက်ခြင်း
0
မေလ ၇ ရက်နေ့မှာ ကျင်းပတဲ့ ပြင်သစ်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာ Emmanuel Macron ဟာ သူ့ရဲ့ ပြိုင်ဘက် Marine Le Pen ကို အနိုင်ရရှိသွားကြောင်း သိရပါတယ်။ Emmanuel Macron ဟာ ၆၅.၈ ရာခိုင်နှုန်းနဲ့ ပြိုင်ဘက်ကို မဲ အသာစီးရခဲ့ပြီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
Emmanuel Macron ဟာ  ပြင်သစ်နိုင်ငံရဲ့ နိုင်ငံရေးသမားတစ်ယောက်၊ ဘဏ်လုပ်ငန်းရှင်တစ်ယောက် ဖြစ်ပြီး ယခုအချိန်မှာ သမ္မတအဖြစ် ရွေးကောက်ခံဝင်ခဲ့ပြီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နိုင်ငံရေးအခြေအနေများအရ Emmanuel Macron ကို သဘောမကျသူများလဲ ရှိနေပြီး ဒေါသထွက်နေတဲ့ လူများလဲ ရှိနေပါသေးတယ်။
Emmanuel Macron ဟာ အစိုးရရေးရာ အုပ်ချုပ်ပိုင်းဆိုင်ရာမှာ အတွေ့အကြုံမရှိတဲ့ အတွက် ဝေဖန်မှုကို ခံနေရတာ ဖြစ်ပြီး ဘဏ်လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ နိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်ခံတာကိုလည်း ပြည်သူအချို့က သဘောမကျပါဘူး။
france-election-result
မည်သို့ပင်ဖြစ်စေကာမူ Emmanuel Macron ဟာ မဲအနိုင်ရရှိသွားပြီ ဖြစ်သလို ပြင်သစ်နိုင်ငံရဲ့ စာမျက်နှာသစ်ကိုလည်း ဖွင့်လှစ်လိုက်ပြီလို့ ကြွေးကြော်ခဲ့ပါတယ်။ ပြိုင်ဘက် Marine Le Pen ကတော့ Emmanuel Macron ကို ချီးကျူးပြောဆိုခဲ့ပြီး ပြင်သစ်နိုင်ငံသားတွေကတော့ Emmanuel Macron ကို သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ မဲပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Macron အနေနဲ့ နောင်ဖြစ်လာမယ့် နိုင်ငံရဲ့ရှေ့ရေးနဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ Marine Le Pen က ဆုတောင်းပေးလိုက်ပါတယ်။
Macron ကတော့ ပြင်သစ်နိုင်ငံရဲ့ ပထမဆုံး အသက်ငယ်ဆုံး သမ္မတ တစ်ယောက်အဖြစ် မှတ်တမ်းတင်ခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ Macron ဟာ အသက် ၃၉ နှစ်နဲ့ ပြင်သစ်နိုင်ငံရဲ့ သမ္မတ ဖြစ်လာတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ အခုချိန်မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် အခြားသော နိုင်ငံများမှ သမ္မတများမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့နေကြပါတယ်။
Zawgyi Font : ပြင်သစ်နိုင်ငံ၏ စာမျက်နှာသစ်ဖွင့်လှစ်ခြင်း သို့မဟုတ် သမ္မတအသစ်တင်မြှောက်ခြင်း
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: