Home News လက်မှတ်တစ်စောင်ကို ဒေါ်လာ ၁သောင်းဝန်းကျင်အထိ ကျသင့်မယ့် ဂျပန်နိုင်ငံက ဇိမ်ခံရထား

လက်မှတ်တစ်စောင်ကို ဒေါ်လာ ၁သောင်းဝန်းကျင်အထိ ကျသင့်မယ့် ဂျပန်နိုင်ငံက ဇိမ်ခံရထား

0

ဇိမ်ခံကား၊ ဇိမ်ခံ လေယာဉ်ဆိုတာ ကြားဖူးမြင်ဖူး ကြပေမယ့် ဇိမ်ခံ ရထားကိုတော့ လူတိုင်းကြားဖူးမှာမဟုတ်ပါဘူး။ ဂျပန်နိုင်ငံရဲ့ ပထမဆုံးသော ဇိမ်ခံရထားကို စတင်မိတ်ဆက်လိုက်ပြီး လက်မှတ်တစ်စောင်ကို ဒေါ်လာ ၁သောင်းဝန်းကျင်အထိ ကျသင့်မှာ ဖြစ်ပါတယ်။ ငွေကြေးတတ်နိုင်မယ်၊ ဇိမ်ခံရထားကိုလည်း စမ်းသပ်ပြီး စီးဖူးချင်တယ်ဆိုရင်တော့ ဂျပန်နိုင်ငံကို ခရီးထွက်သင့်ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့ကနေ မြောက်ဘက်ကျွန်းဆွယ်ဖြစ်တဲ့ ဟိုကိုင်းဒို ကျွန်းအထိ ပြေးဆွဲမယ့် ဇိမ်ခံရထားဟာ Class အမျိုးမျိုး ခွဲခြားထားပြီး အနိမ့်ဆုံး လက်မှတ်ခအနေနဲ့ ဒေါ်လာ ၄၄၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ အဆင့်မြင့် Premium Class အနေနဲ့ စီးချင်ရင်တော့ ဒေါ်လာ ၉၃၀၀ ကျသင့်မှာ ဖြစ်ပြီး ၂ည အိပ် ၃ရက်ခရီး သွားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် Normal Class လက်မှတ်ခကို မြန်မာငွေအနေနဲ့ တွက်ကြည့်တဲ့အခါ သိန်း၆၀ ဝန်းကျင်ခန့်ရှိပြီး Premium Class ကို ၁၂၆ သိန်းကျော်ခန့်ကုန်ကျမှာ ဖြစ်ပါတယ်။ လက်မှတ်ခကို ကြည့်ပြီး ဈေးများတယ်လို့ မဆုံးဖြတ်လိုက်ပါနဲ့အုံး။ ပေးရတာနဲ့ တန်အောင် ဝန်ဆောင်မှုတွေကလည်း အံ့မခန်းပါဘဲ။

ထမင်းစားခန်း၊ ရေချိုးခန်း၊ အိမ်သာ၊ ရေစိမ်ကန်၊ စာကြည့်ခန်း စသဖြင့် ထည့်သွင်းပေးထားပြီး ကိုယ်ပိုင် တိုက်ခန်းငယ်ကဲ့သို့ တည်ဆောက်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရထားတစ်စီးလုံးမှာ ခရီးသည် ၃၄ ယောက်သာ လိုက်ပါ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

အောက်ပါပုံကတော့ အခန်းရဲ့ဖွဲ့စည်းပုံဖြစ်ပါတယ်။

Jpn-train

အောက်ပါပုံကတော့ ရေချိုးခန်းဘဲ ဖြစ်ပါတယ်။

jpn-train-room

ဒါကတော့ ရထားရဲ့ အတွင်းခန်းဖြစ်ပါတယ်။

jpn-train-inner

Zawgyi Font : လက်မှတ်တစ်စောင်ကို ဒေါ်လာ ၁သောင်းဝန်းကျင်အထိ ကျသင့်မယ့် ဂျပန်နိုင်ငံက ဇိမ်ခံရထား






Jpn-train


jpn-train-room


jpn-train-inner

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: