Home News တန်ဇန်းနီးယား နိုင်ငံတွင် ကျောင်းကားမှောက်မှုဖြစ်၊ ကျောင်းသားနှင့် ဆရာမ အပါအဝင် ၃၆ ယောက် သေဆုံး

တန်ဇန်းနီးယား နိုင်ငံတွင် ကျောင်းကားမှောက်မှုဖြစ်၊ ကျောင်းသားနှင့် ဆရာမ အပါအဝင် ၃၆ ယောက် သေဆုံး

0

အာဖရိကအရှေ့ပိုင်းမှာ တည်ရှိတဲ့ တန်ဇန်းနီးယားနိုင်ငံမှာ ကျောင်းကားမတော်တဆမှုဖြစ်ပြီး လျှိုထဲသို့ ကားမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ စနေနေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စာမေးပွဲဖြေဖို့ လာတဲ့ ကျောင်းသူကျောင်းသားတွေကို ကျောင်းကားကြိုရင်း ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

တောင်စောင်းကနေ လျှောစောက်အတိုင်းဆင်းကွေ့ရာမှာတစ်ဆင့် လျှိုထဲသို့ ကားမှောက်ကျသွားခြင်း ဖြစ်ပြီး ၃၆ ယောက် သေဆုံးတယ်လို့ သိရှိရပါတယ်။ ကံကောင်းထောက်မစွာနဲ့ ကျောင်းသား နှစ်ယောက်သာ အသက်ရှင်ကျန်ရစ်ပြီး ဒဏ်ရာ ပြင်းထန်တယ်လို့ သိရှိရပါတယ်။ ကားမောင်းသူ ဒါရိုက်ဘာနှင့် ဆရာမ တစ်ဦးလည်း သေဆုံးခဲ့ပြီး မိုးရွာသွန်းမှုကြောင့် မြေကြီးပျော့ဝင်ကာ ကားမှောက်သွားခြင်း ဖြစ်ပါတယ်။

တန်ဇန်းနီးယားနိုင်ငံ သမ္မတ John Magufuli ကတော့ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်၍ အလွန်အမင်းစိတ်မကောင်း ဖြစ်ရကြောင်း ဝမ်းနည်းကြောင်း မိန့်ခွန်းပြောခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ ကျောင်းသားများ သေဆုံးခဲ့သဖြင့် နိုင်ငံတော်အတွက်လည်း အလွန်အမင်း နစ်နာစေကြောင်း ပြောခဲ့ပါတယ်။

တန်ဇန်းနီးယားနိုင်ငံရဲ့ ယာဉ်မတော်တဆဖြစ်မှု ရာခိုင်နှုန်းအတော်များများဟာ လမ်းများကြောင့် ဖြစ်ပွားရတယ်လို့ ရဲမှတ်တမ်းများအရ သိရှိရပါတယ်။ တောင်ကုန်း တောင်စောင်းမြင့်မားတဲ့ နိုင်ငံဖြစ်တဲ့အပြင် လမ်းများဟာလည်း မိုးရွာတဲ့အခါ မြေပြိုပျက်စီးတာကြောင့် ကားများမတော်တဆ မှောက်မှု ဖြစ်ပွားလေ့ရှိတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ တန်ဇန်းနီးယား အစိုးရအနေနဲ့ လမ်းပိုင်းဆိုင်ရာကို တတ်နိုင်သမျှ ပြုပြင်ဆောင်ရွက်နေပေမယ့် ယာဉ်မတော်တဆဖြစ်မှုတွေကတော့ မလျော့ကျသေးပါဘူး။

Zawgyi Font : တန္ဇန္းနီးယား ႏုိင္ငံတြင္ ေက်ာင္းကားေမွာက္မႈျဖစ္၊ ေက်ာင္းသားႏွင့္ ဆရာမ အပါအ၀င္ ၃၆ ေယာက္ ေသဆံုး

အာဖရိကအေရွ႕ပိုင္းမွာ တည္ရွိတဲ့ တန္ဇန္းနီးယားႏုိင္ငံမွာ ေက်ာင္းကားမေတာ္တဆမႈျဖစ္ျပီး လွ်ိဳထဲသို႕ ကားေမွာက္မႈ ျဖစ္ပြားခဲ့ပါတယ္။ စေနေန႕ မနက္ပိုင္းမွာ ျဖစ္ပြားခဲ့တာျဖစ္ျပီး စာေမးပြဲေျဖဖို႕ လာတဲ့ ေက်ာင္းသူေက်ာင္းသားေတြကို ေက်ာင္းကားၾကိဳရင္း ျဖစ္သြားခဲ့တာ ျဖစ္ပါတယ္။

ေတာင္ေစာင္းကေန ေလွ်ာေစာက္အတိုင္းဆင္းေကြ႕ရာမွာတစ္ဆင့္ လွ်ိဳထဲသို႕ ကားေမွာက္က်သြားျခင္း ျဖစ္ျပီး ၃၆ ေယာက္ ေသဆံုးတယ္လို႕ သိရွိရပါတယ္။ ကံေကာင္းေထာက္မစြာနဲ႕ ေက်ာင္းသား ႏွစ္ေယာက္သာ အသက္ရွင္က်န္ရစ္ျပီး ဒဏ္ရာ ျပင္းထန္တယ္လို႕ သိရွိရပါတယ္။ ကားေမာင္းသူ ဒါရိုက္ဘာႏွင့္ ဆရာမ တစ္ဦးလည္း ေသဆံုးခဲ့ျပီး မိုးရြာသြန္းမႈေၾကာင့္ ေျမၾကီးေပ်ာ့၀င္ကာ ကားေမွာက္သြားျခင္း ျဖစ္ပါတယ္။

တန္ဇန္းနီးယားႏုိင္ငံ သမၼတ John Magufuli ကေတာ့ အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သတ္၍ အလြန္အမင္းစိတ္မေကာင္း ျဖစ္ရေၾကာင္း ၀မ္းနည္းေၾကာင္း မိန္႕ခြန္းေျပာခဲ့ပါတယ္။ ဒါ့အျပင္ အဆိုပါ ေက်ာင္းသားမ်ား ေသဆံုးခဲ့သျဖင့္ ႏုိင္ငံေတာ္အတြက္လည္း အလြန္အမင္း နစ္နာေစေၾကာင္း ေျပာခဲ့ပါတယ္။

တန္ဇန္းနီးယားႏုိင္ငံရဲ႕ ယာဥ္မေတာ္တဆျဖစ္မႈ ရာခိုင္ႏႈန္းအေတာ္မ်ားမ်ားဟာ လမ္းမ်ားေၾကာင့္ ျဖစ္ပြားရတယ္လို႕ ရဲမွတ္တမ္းမ်ားအရ သိရွိရပါတယ္။ ေတာင္ကုန္း ေတာင္ေစာင္းျမင့္မားတဲ့ ႏုိင္ငံျဖစ္တဲ့အျပင္ လမ္းမ်ားဟာလည္း မိုးရြာတဲ့အခါ ေျမျပိဳပ်က္စီးတာေၾကာင့္ ကားမ်ားမေတာ္တဆ ေမွာက္မႈ ျဖစ္ပြားေလ့ရွိတဲ့ ႏုိင္ငံတစ္ႏုိင္ငံလည္း ျဖစ္ပါတယ္။ တန္ဇန္းနီးယား အစိုးရအေနနဲ႕ လမ္းပုိင္းဆိုင္ရာကို တတ္ႏုိင္သမွ် ျပဳျပင္ေဆာင္ရြက္ေနေပမယ့္ ယာဥ္မေတာ္တဆျဖစ္မႈေတြကေတာ့ မေလ်ာ့က်ေသးပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: