Home Lifestyle Food ကြက်သွန်ဖြူရနံ့မွှေးပုစွန် ဟင်းတစ်ခွက် ဘယ်လိုချက်မလဲ

ကြက်သွန်ဖြူရနံ့မွှေးပုစွန် ဟင်းတစ်ခွက် ဘယ်လိုချက်မလဲ

0

ဒီတစ်ပတ်ဖော်ပြမှာက ချက်ရတာအလွန်လွယ်ကူ မြန်ဆန်တဲ့ဟင်းတစ်ခွက်ပါ။ ပေါင်မုန့်နဲ့ တွဲဖက်သုံးဆောင်ရမယ့် ဥရောပစတိုင်လ်ဟင်းပွဲပဲဖြစ်ပါတယ်။ ဒါပေမဲ့ထမင်းပူပူနွေးနွေး၊ ဟင်းချိုပူပူတစ်ခွက်၊ အရံဟင်းတစ်ခွက်တို့နဲ့တွဲဖက်ကာ အာရှစတိုင်သုံးဆောင်ပါကလည်း လိုက်ဖက်ပါတယ်။

ပါဝင်ပစ္စည်းများ

ပုစွန်အလတ်စား၊ (အခွံခွာ၊ အကြောထုတ်၍ အမြီးချန်ထားရန်) ၉၀ကျပ်သား၊ သံလွင်ဆီ ၁၅၀ မီလီလီတာ၊ ထောပတ် ငါးကျပ်သား၊ ကြက်သွန်ဖြူနုပ်နုပ်စဉ်း ၁၀မွှာ၊ ငရုတ်သီးစိမ်းအနီရောင် နုပ်နုပ်စဉ်း သုံးတောင့်၊ ကြက်သွန်မြိတ်ပါးပါးလှီး သုံးပင်၊ သံပရိုသီး (အစိတ်လေးများစိတ်ထားပါ) တွဲဖက်သုံးဆောင်ရန်၊ ဆားအနည်းငယ်

ချက်ပြုတ်နည်း

(၁) ပုစွန်ကို ကျောမှထက်ခြမ်း အရာပေးခွဲ၍ အကြောထုတ်ထားပါ။ ဒယ်အိုးကြီးကြီးတစ်လုံးထဲတွင် ဆီနှင့်ထောပတ်တို့ကို မီးပြင်းပြင်းဖြင့် အပူပေး၍ ထောပတ်ပျော်လျှင် ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို မွှေးလာသည်အထိ ဆီသတ်ပါ။

(၂) မွှေးလာပါက ပုစွန်ထည့်၍ ကျက်ရုံချက်ပါ။ ကျက်လောက်ပြီဆိုပါက  ကြက်သွန်မြိတ်နှင့် ဆားခတ်၍ အပေါ့အငံမြည်းပါ။ ထို့နောက် အပူပေးထားသော ပန်းကန်ပြားခြောက်ချပ်ထဲတွင် အညီအမျှခွဲထည့်၍ ပေါင်မုန့်ကင်၊ သံပရိုသီးစိတ်တို့ဖြင့် တွဲဖက်သုံးဆောင်ပါ။

Zawgyi Font : ၾကက္သြန္ျဖဴရနံ႔ေမႊးပုစြန္ ဟင္းတစ္ခြက္ ဘယ္လိုခ်က္မလဲ

ဒီတစ္ပတ္ေဖာ္ျပမွာက ခ်က္ရတာအလြန္လြယ္ကူ ျမန္ဆန္တဲ့ဟင္းတစ္ခြက္ပါ။ ေပါင္မုန္႔နဲ႔ တြဲဖက္သံုးေဆာင္ရမယ့္ ဥေရာပစတိုင္လ္ဟင္းပြဲပဲျဖစ္ပါတယ္။ ဒါေပမဲ့ထမင္းပူပူေႏြးေႏြး၊ ဟင္းခ်ိဳပူပူတစ္ခြက္၊ အရံဟင္းတစ္ခြက္တို႔နဲ႔တြဲဖက္ကာ အာရွစတိုင္သံုးေဆာင္ပါကလည္း လိုက္ဖက္ပါတယ္။

ပါ၀င္ပစၥည္းမ်ား

ပုစြန္အလတ္စား၊ (အခြံခြာ၊ အေၾကာထုတ္၍ အျမီးခ်န္ထားရန္) ၉၀က်ပ္သား၊ သံလြင္ဆီ ၁၅၀ မီလီလီတာ၊ ေထာပတ္ ငါးက်ပ္သား၊ ၾကက္သြန္ျဖဴႏုပ္ႏုပ္စဥ္း ၁၀မႊာ၊ ငရုတ္သီးစိမ္းအနီေရာင္ ႏုပ္ႏုပ္စဥ္း သံုးေတာင့္၊ ၾကက္သြန္ျမိတ္ပါးပါးလွီး သံုးပင္၊ သံပရိုသီး (အစိတ္ေလးမ်ားစိတ္ထားပါ) တြဲဖက္သံုးေဆာင္ရန္၊ ဆားအနည္းငယ္

ခ်က္ျပဳတ္နည္း

(၁) ပုစြန္ကို ေက်ာမွထက္ျခမ္း အရာေပးခြဲ၍ အေၾကာထုတ္ထားပါ။ ဒယ္အိုးၾကီးၾကီးတစ္လံုးထဲတြင္ ဆီႏွင့္ေထာပတ္တို႔ကို မီးျပင္းျပင္းျဖင့္ အပူေပး၍ ေထာပတ္ေပ်ာ္လွ်င္ ၾကက္သြန္ျဖဴႏွင့္ ငရုတ္သီးစိမ္းတို႔ကို ေမႊးလာသည္အထိ ဆီသတ္ပါ။

(၂) ေမႊးလာပါက ပုစြန္ထည့္၍ က်က္ရံုခ်က္ပါ။ က်က္ေလာက္ျပီဆိုပါက  ၾကက္သြန္ျမိတ္ႏွင့္ ဆားခတ္၍ အေပါ့အငံျမည္းပါ။ ထို႔ေနာက္ အပူေပးထားေသာ ပန္းကန္ျပားေျခာက္ခ်ပ္ထဲတြင္ အညီအမွ်ခြဲထည့္၍ ေပါင္မုန္႔ကင္၊ သံပရိုသီးစိတ္တို႔ျဖင့္ တြဲဖက္သံုးေဆာင္ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: