Home Lifestyle Health :ေလေအးေပးစက္ Airconေၾကာင့္ ျဖစ္ႏိုင္သည့္ က်န္းမာေရးျပႆနာမ်ား

:ေလေအးေပးစက္ Airconေၾကာင့္ ျဖစ္ႏိုင္သည့္ က်န္းမာေရးျပႆနာမ်ား

0

အခုလို ပူျပင္းတဲ ့ ေႏြရာသီမွာ Air-Conေလးဖြင့္ျပီး ေနရတာဟာ အပူဒဏ္ကို သက္သာေစျပီး ဇိမ္ရွိပါတယ္။ Air-Conကို ပိ္တ္ထားရင္ လွ်ပ္စစ္နဲ႔ ပိုက္ဆံကို ေခြ်တာႏိုင္ျပီး ပတ္၀န္းက်င္ စိမ္းလန္းစိုျပည္ေရးအတြက္လည္း ကာကြယ္ႏိုင္သလို ေအာက္ပါ Air-Con ေၾကာင့္ ျဖစ္တဲ့ က်န္းမာေရး ျပႆနာေတြကို လည္း ကာကြယ္ျပီးသား ျဖစ္သြားႏိုင္ပါတယ္။

ႏွာေခါင္းႏွင့္ အသက္ရွဴလမ္းေၾကာင္း ျပႆနာ

ႏွာေခါင္းဟာ ရွဴသြင္းလိုက္တဲ့ေလကို ေႏြးေထြးေစျပီး စိုစြတ္မႈရရွိေအာင္ ႏွာေခါင္းအေျမွးပါးမွ ထြက္လာတဲ့ အစိုဓာတ္ Moistureေတြက ျပဳလုပ္ေပးပါတယ္။

ေအးျမေျခာက္ေသြ႔တဲ့ေလနဲ႔ ရုတ္တရက္ထိေတြ႔ရတာေၾကာင့္ ႏွာေခါင္းအေျမွးပါးေတြ ေရာင္ရမ္းျပီး ခၽြဲေတြပိုထြက္လာကာ ႏွာေစးႏွာပိတ္တာေတြ ျဖစ္လာပါတယ္။ ခၽြဲရည္ေတြမ်ားလာတဲ့အခါ လည္ေခ်ာင္းထဲ စီး၀င္လာျပီး ေခ်ာင္းဆိုးလာပါတယ္။ ႏွာေခါင္းနဲ႔ ဆက္ေနတဲ့ မ်က္ႏွာရိုးေခါင္းေပါက္ထဲေရာက္သြားကာ Sinusေတြမွာ ခၽြဳဲေတြ ပိတ္မိသြားပါတယ္။ ပိတ္မိေနတဲ့ ခၽြဲေတြဟာ ဘက္တီးရီးယားေတြ ေပါက္ဖြားဖို႔ အေကာင္းဆံုးေနရာျဖစ္တဲ့အတြက္ ၾကာလာရင္ ထိပ္ကပ္နာျဖစ္လာပါတယ္။ ဒီအျဖစ္အပ်က္ေတြဟာ ဓာတ္မတည့္မႈရွိသူေတြ Allergic Rhinitisေတြမွာ ပိုသိသာပါတယ္။

ဒါ့အျပင္ ေအးျပီး ေျခာက္ေသြ႔တဲ့ေလေၾကာင့္ ရင္က်ပ္ပန္းနာလည္း ျဖစ္တတ္ပါတယ္။ ေလျပြန္ေတြေရာင္ရမ္းလာျပီး တင္းက်ပ္ကာ ေခ်ာင္းဆိုးတာနဲ႔ အသက္ရွဴရခက္လာတာေၾကာင့္ပါ။

Air-Con ဟာ မႈိနဲ႔ ဘက္တီးရီးယားေတြေပါက္ဖြားဖို႔ သင့္ေတာ္တဲ့ေနရာလည္း ျဖစ္တတ္ျပီး ဘက္တီးရီးယားပါ၀င္တဲ့ ေရေငြ႔ကို ရွဴမိရင္ အသက္ရွဴလမ္းေၾကာင္းမွာ ေရာဂါပိုး ၀င္ေရာက္ႏိုင္ပါတယ္။

အေရျပား ျပႆနာ

Air-Conဟာ ေလထုစိုစြတ္မႈကို ေလ်ာ႔ခ်ႏိုင္တဲ့အတြက္ အေရျပားေျခာက္ေသြ႔တတ္ပါတယ္။

ေျခာက္ေသြ႔တဲ့ေလက အေရျပားေပၚက အစိုဓာတ္ေတြကို စုပ္ယူလိုက္တာေၾကာင့္ပါ။ အေရျပားေျခာက္ေသြ႔တာေၾကာင့္ ျပင္ပရွိ အေရျပားကို လႈံ႔ေဆာ္တဲ့ အရာေတြကို ကာကြယ္မႈမေပးႏိုင္ေတာ့ပဲ ႏွင္းခူေရာဂါနဲ႔ ဂၽြတ္ေရာဂါေတြ ပိုဆိုးလာႏိုင္ပါတယ္။

မ်က္စိျပႆနာ

Air-Coneနဲ႔ အခ်ိန္အၾကာၾကီး ေနရသူေတြဟာ ေလထုေျခာက္ေသြ႔မႈဒဏ္ေၾကာင့္ မ်က္ရည္ေတြခန္းေျခာက္သြားျပီး မ်က္စိေျခာက္ေသြ႔တတ္ပါတယ္။ မ်က္စိေျခာက္ေသြ႔တဲ့ လကၡဏာေတြအေနနဲ႔ မ်က္စိတြင္း ပူစပ္ပူေလာင္ျဖစ္တာနဲ႔ မ်က္စိေညာင္းတာေတြ ျဖစ္တတ္ပါတယ္။

ပတ္၀န္းက်င္စိမ္းလန္းေရး

Air-Conအသံုးျပဳတာေၾကာင့္ စြမ္းအင္ထုတ္ဖို႔ေလာင္စာကၽြမ္းခ်ိန္မွာ ကာဗြန္ဒိုင္ေအာက္ဆိုဒ္အပါအ၀င္ ပတ္၀န္းက်င္စိမ္းလန္းေရးကို ထိခိုက္ေစတဲ့ ဓာတ္ေငြ႔ Greenhouse Gasesေတြ ထြက္လာပါတယ္။ ကမာၻေျမၾကီးရဲ႕ အပူခ်ိန္ဟာ လြန္ခဲ့တဲ့ ၁၀ႏွစ္ကထက္ ၀.၅၈ ဒီဂရီျမင္မားလာတာဟာ Greenhouse Gas ေၾကာင့္ပါ။

Unicode : လေအေးပေးစက်Air-Conကြောင့် ဖြစ်နိုင်သည့် ကျန်းမာရေးပြဿနာများ

အခုလို ပူပြင်းတဲ့ နွေရာသီမှာ Air-Conလေးဖွင့်ပြီး နေရတာဟာ အပူဒဏ်ကို သက်သာစေပြီး ဇိမ်ရှိပါတယ်။ Air-Conကို ပိတ်ထားရင် လျှပ်စစ်နဲ့ ပိုက်ဆံကို ချွေတာနိုင်ပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက်လည်း ကာကွယ်နိုင်သလို အောက်ပါ Air-Con ကြောင့် ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေကို လည်း ကာကွယ်ပြီးသား ဖြစ်သွားနိုင်ပါတယ်။

နှာခေါင်းနှင့် အသက်ရှူလမ်းကြောင်း ပြဿနာ

နှာခေါင်းဟာ ရှူသွင်းလိုက်တဲ့လေကို နွေးထွေးစေပြီး စိုစွတ်မှုရရှိအောင် နှာခေါင်းအမြှေးပါးမှ ထွက်လာတဲ့ အစိုဓာတ် Moistureတွေက ပြုလုပ်ပေးပါတယ်။

အေးမြခြောက်သွေ့တဲ့လေနဲ့ ရုတ်တရက်ထိတွေ့ရတာကြောင့် နှာခေါင်းအမြှေးပါးတွေ ရောင်ရမ်းပြီး ချွဲတွေပိုထွက်လာကာ နှာစေးနှာပိတ်တာတွေ ဖြစ်လာပါတယ်။ ချွဲရည်တွေများလာတဲ့အခါ လည်ချောင်းထဲ စီးဝင်လာပြီး ချောင်းဆိုးလာပါတယ်။ နှာခေါင်းနဲ့ ဆက်နေတဲ့ မျက်နှာရိုးခေါင်းပေါက်ထဲရောက်သွားကာ Sinusတွေမှာ ချွုဲတွေ ပိတ်မိသွားပါတယ်။ ပိတ်မိနေတဲ့ ချွဲတွေဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အကောင်းဆုံးနေရာဖြစ်တဲ့အတွက် ကြာလာရင် ထိပ်ကပ်နာဖြစ်လာပါတယ်။ ဒီအဖြစ်အပျက်တွေဟာ ဓာတ်မတည့်မှုရှိသူတွေ Allergic Rhinitisတွေမှာ ပိုသိသာပါတယ်။

ဒါ့အပြင် အေးပြီး ခြောက်သွေ့တဲ့လေကြောင့် ရင်ကျပ်ပန်းနာလည်း ဖြစ်တတ်ပါတယ်။ လေပြွန်တွေရောင်ရမ်းလာပြီး တင်းကျပ်ကာ ချောင်းဆိုးတာနဲ့ အသက်ရှူရခက်လာတာကြောင့်ပါ။

Air-Con ဟာ မှိုနဲ့ ဘက်တီးရီးယားတွေပေါက်ဖွားဖို့ သင့်တော်တဲ့နေရာလည်း ဖြစ်တတ်ပြီး ဘက်တီးရီးယားပါဝင်တဲ့ ရေငွေ့ကို ရှူမိရင် အသက်ရှူလမ်းကြောင်းမှာ ရောဂါပိုး ဝင်ရောက်နိုင်ပါတယ်။

အရေပြား ပြဿနာ

Air-Conဟာ လေထုစိုစွတ်မှုကို လျော့ချနိုင်တဲ့အတွက် အရေပြားခြောက်သွေ့တတ်ပါတယ်။

ခြောက်သွေ့တဲ့လေက အရေပြားပေါ်က အစိုဓာတ်တွေကို စုပ်ယူလိုက်တာကြောင့်ပါ။ အရေပြားခြောက်သွေ့တာကြောင့် ပြင်ပရှိ အရေပြားကို လှုံ့ဆော်တဲ့ အရာတွေကို ကာကွယ်မှုမပေးနိုင်တော့ပဲ နှင်းခူရောဂါနဲ့ ဂျွတ်ရောဂါတွေ ပိုဆိုးလာနိုင်ပါတယ်။

မျက်စိပြဿနာ

Air-Coneနဲ့ အချိန်အကြာကြီး နေရသူတွေဟာ လေထုခြောက်သွေ့မှုဒဏ်ကြောင့် မျက်ရည်တွေခန်းခြောက်သွားပြီး မျက်စိခြောက်သွေ့တတ်ပါတယ်။ မျက်စိခြောက်သွေ့တဲ့ လက္ခဏာတွေအနေနဲ့ မျက်စိတွင်း ပူစပ်ပူလောင်ဖြစ်တာနဲ့ မျက်စိညောင်းတာတွေ ဖြစ်တတ်ပါတယ်။

ပတ်ဝန်းကျင်စိမ်းလန်းရေး

Air-Conအသုံးပြုတာကြောင့် စွမ်းအင်ထုတ်ဖို့လောင်စာကျွမ်းချိန်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်အပါအဝင် ပတ်ဝန်းကျင်စိမ်းလန်းရေးကို ထိခိုက်စေတဲ့ ဓာတ်ငွေ့ Greenhouse Gasesတွေ ထွက်လာပါတယ်။ ကမ္ဘာမြေကြီးရဲ့ အပူချိန်ဟာ လွန်ခဲ့တဲ့ ၁၀နှစ်ကထက် ဝ.၅၈ ဒီဂရီမြင်မားလာတာဟာ Greenhouse Gas ကြောင့်ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: