Home News အသက် ၁၈ နှစ်အရွယ် ကျောင်းသားမှ ရင်သားကင်ဆာရှိမရှိ စမ်းသပ်နိုင်သော ဘရာဇီယာကို တီထွင်ခဲ့

အသက် ၁၈ နှစ်အရွယ် ကျောင်းသားမှ ရင်သားကင်ဆာရှိမရှိ စမ်းသပ်နိုင်သော ဘရာဇီယာကို တီထွင်ခဲ့

0

မက္ကစီကို နိုင်ငံမှ အသက် ၁၈ နှစ် အရွယ် ကျောင်းသားမှ ရင်သားကင်ဆာကို စမ်းသပ်စစ်ဆေးနိုင်မည့် ဘရာဇီယာကို တီထွင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဘရာဇီယာကို ဝတ်လိုက်ရုံဖြင့် ရင်သားကင်ဆာရှိမရှိကို စမ်းသပ်စစ်ဆေးနိုင်မည် ဖြစ်ပြီး ရာနှုန်းပြည့်မှန်ကန်သည်ဟု ဆိုသည်။

ဂျူလီယန် ရိုင်ယို ကန်သု အမည်ရှိ ကျောင်းသားမှ တီထွင်ခဲ့ခြင်းဖြစ်ပြီး သူ၏ မိခင်အတွက် အဖြေရှာရင်းဖြင့် အဆိုပါ ရင်သားကင်ဆာစမ်းသပ်ပစ္စည်းကို တီထွင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ မိခင်မှာ ရင်သားနှစ်ဖက်လုံး ကို ဖြတ်တောက်ထားရပြီး အမျိုးသမီးမျာအနေဖြင့် ၎င်း၏ အမေကဲ့သို့ ရင်သားကင်ဆာ မဖြစ်စေရန်အတွက် ကြိုတင် စမ်းသပ်သိရှိနိုင်မည့် ရင်သားကင်ဆာစမ်းသပ် ဘရာဇီယာကို တီထွင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဘရာဇီယာအတွင်းတွင် အာရုံခံကိရိယာပေါင်း ၂၀၀ ခန့်ပါဝင်ပြီး ရင်သား၏ အပူချိန်၊ အရွယ်အစားနှင့် အလေးချိန်တို့ကို တွက်ချက်၍ အာရုံခံခြင်းဖြစ်သည်။ လက်ရှိတွင် ဂျူလီယန် မှာ တီထွင်မှုအတွက် ဆုကြေး အမေရိကန်ဒေါ်လာ ၂၀၀၀၀ ရရှိမည်ဖြစ်ပြီး ကမ္ဘာ့ ကျောင်းသားစွန့်ဦးတီထွင် ဆု အနေအဖြစ်လည်း ဆုလက်ခံရရှိအုံးမည် ဖြစ်သည်။

Zawgyi Font : အသက္ ၁၈ ႏွစ္အရြယ္ ေက်ာင္းသားမွ ရင္သားကင္ဆာရွိမရွိ စမ္းသပ္ႏုိင္ေသာ ဘရာဇီယာကို တီထြင္ခဲ့

မကၠစီကို ႏုိင္ငံမွ အသက္ ၁၈ ႏွစ္ အရြယ္ ေက်ာင္းသားမွ ရင္သားကင္ဆာကို စမ္းသပ္စစ္ေဆးႏုိင္မည့္ ဘရာဇီယာကို တီထြင္ခဲ့ေၾကာင္း သိရွိရသည္။ အဆိုပါ ဘရာဇီယာကို ၀တ္လိုက္ရံုျဖင့္ ရင္သားကင္ဆာရွိမရွိကို စမ္းသပ္စစ္ေဆးႏုိင္မည္ ျဖစ္ျပီး ရာႏႈန္းျပည့္မွန္ကန္သည္ဟု ဆိုသည္။

ဂ်ဴလီယန္ ရိုင္ယို ကန္သု အမည္ရွိ ေက်ာင္းသားမွ တီထြင္ခဲ့ျခင္းျဖစ္ျပီး သူ၏ မိခင္အတြက္ အေျဖရွာရင္းျဖင့္ အဆိုပါ ရင္သားကင္ဆာစမ္းသပ္ပစၥည္းကို တီထြင္ႏုိင္ခဲ့ျခင္း ျဖစ္သည္။ သူ၏ မိခင္မွာ ရင္သားႏွစ္ဖက္လံုး ကို ျဖတ္ေတာက္ထားရျပီး အမ်ိဳးသမီးမ်ာအေနျဖင့္ ၄င္း၏ အေမကဲ့သို႕ ရင္သားကင္ဆာ မျဖစ္ေစရန္အတြက္ ၾကိဳတင္ စမ္းသပ္သိရွိႏုိင္မည့္ ရင္သားကင္ဆာစမ္းသပ္ ဘရာဇီယာကို တီထြင္ခဲ့ျခင္း ျဖစ္သည္။

အဆုိပါ ဘရာဇီယာအတြင္းတြင္ အာရံုခံကိရိယာေပါင္း ၂၀၀ ခန္႕ပါ၀င္ျပီး ရင္သား၏ အပူခ်ိန္၊ အရြယ္အစားႏွင့္ အေလးခ်ိန္တို႕ကို တြက္ခ်က္၍ အာရံုခံျခင္းျဖစ္သည္။ လက္ရွိတြင္ ဂ်ဴလီယန္ မွာ တီထြင္မႈအတြက္ ဆုေၾကး အေမရိကန္ေဒၚလာ ၂၀၀၀၀ ရရွိမည္ျဖစ္ျပီး ကမၻာ႕ ေက်ာင္းသားစြန္႕ဦးတီထြင္ ဆု အေနအျဖစ္လည္း ဆုလက္ခံရရွိအံုးမည္ ျဖစ္သည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: