Home News လန်ဒန်မြို့တွင် စက်ရုပ်ပြည့်တန်ဆာလုပ်ငန်း ဖွင့်လှစ်မယ့် Lumidolls ကုမ္ပဏီ

လန်ဒန်မြို့တွင် စက်ရုပ်ပြည့်တန်ဆာလုပ်ငန်း ဖွင့်လှစ်မယ့် Lumidolls ကုမ္ပဏီ

0

ကမ္ဘာ့ပထမဆုံး စက်ရုပ်ပြည့်တန်ဆာလုပ်ငန်းကို ဘာစီလိုနာ မြို့မှာ Lumidolls ကုမ္ပဏီကဖွင့်လှစ်ခဲ့ပြီး ဒုတိယအနေနဲ့ ဗြိတိန် နိုင်ငံမှာ ဖွင့်လှစ်ဖို့ ကြိုးစားနေပါတယ်။ Lumidolls ကုမ္ပဏီသည် စက်ရုပ်ပြည့်တန်ဆာများ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး လူသားအစစ်နဲ့ပုံစံတူညီအောင် ပြုလုပ်ထားတဲ့ လိင်ဖျော်ဖြေမှု စက်ရုပ်တွေ ထပ်မံထုတ်လုပ်ဖို့ အတွက် ရင်းနှီးမြှုပ်နှံသူတွေလည်း လိုအပ်နေပါတယ်။

Lumidolls နဲ့အတူ ပူးပေါင်းလုပ်ကိုင်လိုသူများကိုလည်း ဆိုင်ခွဲများ ဖွင့်နိုင်အောင် စီစဉ်ပေးမည်ဖြစ်ပြီး လန်ဒန်တွေ ဆိုင်ဖွင့်လိုသူများအား ကြိုဆိုလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ စက်ရုပ်ပြည့်တန်ဆာများနှင့် ပျော်ပါးမည်ဆိုပါက တစ်နာရီလျှင် ၈၆ ဒေါ်လာပေးရမည် ဖြစ်ပြီး မြန်မာငွေနှင့်တွက်ပါက တစ်နာရီလျှင် ၁သိန်းကျော်ခန့်ကုန်ကျမည် ဖြစ်သည်။

lumidolls-feature

နူးညံ့ပျော့ပျောင်းသည့် အထိအတွေ့များကို ပေးနိုင်ရုံသာမက ပုံစံ ၄ မျိုးဖြင့် ဝယ်ယူရရှိနိုင်ကြောင်း Lumidolls က ကြေငြာထားသည်။ ပြည့်တန်ဆာအခန်းများသို့ မသွားလိုသူများလဲ စက်ရုပ်ပြည့်တန်ဆာအရုပ်တစ်ရုပ်လျှင် ၅၆၀၀ ဒေါ်လာ ခန့်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ကြေငြာထားသည်။ Lumidolls ၏ ရည်ရွယ်ချက်မှာ နည်းပညာတိုးတက်မြင့်မားလာမှုနှင့်အတူ လိင်ဖျော်ဖြေမှုအတွက် လူသားနေရာတွင် စက်ရုပ်များဖြင့် အစားထိုးလိုခြင်း ဖြစ်သည်။

Zawgyi Font : လန္ဒန္ျမိဳ႕တြင္ စက္ရုပ္ျပည့္တန္ဆာလုပ္ငန္း ဖြင့္လွစ္မယ့္ Lumidolls ကုမၸဏီ

ကမၻာ့ပထမဆံုး စက္ရုပ္ျပည့္တန္ဆာလုပ္ငန္းကို ဘာစီလိုနာ ျမိဳ႕မွာ Lumidolls ကုမၸဏီကဖြင့္လွစ္ခဲ့ျပီး ဒုတိယအေနနဲ႕ ျဗိတိန္ ႏုိင္ငံမွာ ဖြင့္လွစ္ဖို႕ ၾကိဳးစားေနပါတယ္။ Lumidolls ကုမၸဏီသည္ စက္ရုပ္ျပည့္တန္ဆာမ်ား ထုတ္လုပ္သည့္ ကုမၸဏီတစ္ခုျဖစ္ျပီး လူသားအစစ္နဲ႕ပံုစံတူညီေအာင္ ျပဳလုပ္ထားတဲ့ လိင္ေဖ်ာ္ေျဖမႈ စက္ရုပ္ေတြ ထပ္မံထုတ္လုပ္ဖို႕ အတြက္ ရင္းႏွီးျမွဳပ္ႏွံသူေတြလည္း လိုအပ္ေနပါတယ္။

Lumidolls နဲ႕အတူ ပူးေပါင္းလုပ္ကိုင္လိုသူမ်ားကိုလည္း ဆိုင္ခြဲမ်ား ဖြင့္ႏုိင္ေအာင္ စီစဥ္ေပးမည္ျဖစ္ျပီး လန္ဒန္ေတြ ဆိုင္ဖြင့္လိုသူမ်ားအား ၾကိဳဆိုလ်က္ရွိေၾကာင္း ထုတ္ျပန္ခဲ့သည္။ စက္ရုပ္ျပည့္တန္ဆာမ်ားႏွင့္ ေပ်ာ္ပါးမည္ဆိုပါက တစ္နာရီလွ်င္ ၈၆ ေဒၚလာေပးရမည္ ျဖစ္ျပီး ျမန္မာေငြႏွင့္တြက္ပါက တစ္နာရီလွ်င္ ၁သိန္းေက်ာ္ခန္႕ကုန္က်မည္ ျဖစ္သည္။

ႏူးညံ့ေပ်ာ့ေပ်ာင္းသည့္ အထိအေတြ႕မ်ားကို ေပးႏုိင္ရံုသာမက ပံုစံ ၄ မ်ိဳးျဖင့္ ၀ယ္ယူရရွိႏိုင္ေၾကာင္း Lumidolls က ေၾကျငာထားသည္။ ျပည့္တန္ဆာအခန္းမ်ားသို႕ မသြားလိုသူမ်ားလဲ စက္ရုပ္ျပည့္တန္ဆာအရုပ္တစ္ရုပ္လွ်င္ ၅၆၀၀ ေဒၚလာ ခန္႕ျဖင့္ ၀ယ္ယူႏုိင္မည္ျဖစ္ေၾကာင္း ေၾကျငာထားသည္။ Lumidolls ၏ ရည္ရြယ္ခ်က္မွာ နည္းပညာတိုးတက္ျမင့္မားလာမႈႏွင့္အတူ လိင္ေဖ်ာ္ေျဖမႈအတြက္ လူသားေနရာတြင္ စက္ရုပ္မ်ားျဖင့္ အစားထိုးလိုျခင္း ျဖစ္သည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: