Home News နူကလိယားစမ်းသပ်မှုကို ဘယ်တော့မှ လက်လျော့မည်မဟုတ်ကြောင်း ပြောလိုက်တဲ့ မြောက်ကိုးရီးယား

နူကလိယားစမ်းသပ်မှုကို ဘယ်တော့မှ လက်လျော့မည်မဟုတ်ကြောင်း ပြောလိုက်တဲ့ မြောက်ကိုးရီးယား

0

မြောက်ကိုးရီးယားအနေနဲ့ နူကလိယားစမ်းသပ်မှုကို အမေရိကန်မှ မည်သို့ပင် ဆန့်ကျင်နေပါစေ၊ ဘယ်တော့မှ လက်လျော့မည် မဟုတ်ဘဲ စမ်းသပ်သွားမည်ဟု ကတိပေးကြောင်း မြောက်ကိုးရီးယားအစိုးရ အဖွဲ့အစည်းမှ CNN ၏အင်တာဗျုး တစ်ခုတွင် တရားဝင် ထုတ်ပြန်ကြေငြာခဲ့သည်။

မြောက်ကိုးရီးယား နူကလိယားလက်နက်အဖွဲ့အစည်း၏ တာဝန်ရှိသူတစ်ဦးကတော့ နူကလိယားလက်နက်စမ်းသပ်ရေးဟာ မြောက်ကိုးရီယားရဲ့ အရေးကြီးတဲ့ ပရောဂျက်တစ်ခုဖြစ်ပြီး အမေရိကန် က မည်သို့ပင် ထိပ်တိုက်ရင်ဆိုင်မှုတွေ လုပ်ပါစေ ဒါကို ဘယ်တော့မှ လက်လျော့သွားမှာ မဟုတ်ကြောင်း ပြောခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ အစိုးရအဖွဲ့အစည်းဟာ မြောက်ကိုးရီယားတို့ရဲ့ နူကလိယားစမ်းသပ်ရေးကို ဆန့်ကျင်နေပြီး အချိန်မရွေးစစ်ပွဲဖြစ်နိုင်တဲ့ ရလဒ်ကို ဖန်တီးနေတာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ မကြာခင် ရက်ပိုင်းအလိုမှာ အခြေအနေမကောင်းရင် ကိုးရီယားကျွန်းဆွယ်နားမှာ စစ်ပွဲဖြစ်လာနိုင်ပြီး မြောက်ကိုးရီးယားတို့ကလည်း ဒုံးကျည်အစင်းပေါင်း ရာနဲ့ချီ၍ စစ်ရေးပြမှုကို ယမန်နေ့က စစ်ရေးပြခဲ့ပါသေးတယ်။ မြောက်ကိုးရီးယားတို့ရဲ့ Artillery Done များက အမေရိကန် စစ်သင်္ဘောတွေကို အချိန်မရွေး ရေအောက်ထဲသို့ နှစ်မြှုပ်နိုင်ကြောင်းလည်း ပြောခဲ့ပါသေးတယ်။

Artillery done

Zawgyi Font : နူကလိယားစမ်းသပ်မှုကို ဘယ်တော့မှ လက်လျော့မည်မဟုတ်ကြောင်း ပြောလိုက်တဲ့ မြောက်ကိုးရီးယား




LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: