Home News Xiaomi မှ ဂျွန်လတွင် Mi6 Plus ထွက်ရှိမည်ဟု သတင်းပေါက်ကြား

Xiaomi မှ ဂျွန်လတွင် Mi6 Plus ထွက်ရှိမည်ဟု သတင်းပေါက်ကြား

0

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့မှာ ပြသခဲ့တဲ့ Xiaomi Mi 6 ဟာ လူတိုင်းနီးပါးရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပြီး မျက်နှာပြင် ၅.၁၅ လက်မ နဲ့ ထွက်ရှိလာပါတယ်။ Process အပိုင်းအနေနဲ့ Snapdragon 835 SOC  တပ်ဆင်ထားပေးပြီး RAM 6GB ဖြစ်တာကြောင့် Performance ပိုင်းမှာ လုံးဝကို အလန်းစားဖြစ်နေပါတယ်။

ဒါ့အပြင် Storage အနေနဲ့ 64GB နဲ့128 GB အဖြစ် စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်အုံးမှာဖြစ်ပြီး ကင်မရာပိုင်းအနေနဲ့ ကျောဘက် ကင်မရာ နှစ်လုံးတပ်ဆင်ထားပေးပါတယ်။ 10 ဆအထိ ဆွဲချဲ့နိုင်ပြီး 4-axis OlS Stabilization ကြောင့်  လက်တုန်နေတာတောင် ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အထစ်အငေါ့မရှိဘဲ ရိုက်ကူးနိုင်အုံးမှာ ဖြစ်ပါတယ်။ လက်ဗွေရာ စနစ်ကိုလည်း မှန်သားပြင်အောက်မှာ ထည့်ထားပေးတဲ့အတွက် အလန်းစား Feature တစ်ခုလည်း ဖြစ်ပါတယ်။

MIUI 8 နဲ့ထောက်ပံ့ပေးထားတဲ့ Xiaomi Mi6 ဟာ မကြာခင်ရက်ပိုင်းမှာ ဝယ်ယူရရှိနိုင်တော့မှာ ဖြစ်ပါတယ်။ သို့သော်လည်း Xiaomi ကနေ ဂျွန်လ မှာ Mi6 Plus ထွက်မယ်လို့ သတင်းပေါက်ကြားထားပါသေးတယ်။ Hardware ပိုင်းဆိုင်ရာ သိပ်မကွာခြားနိုင်ပေမယ့် ပေါက်ကြားထားတဲ့ သတင်းအရ မျက်နှာပြင်ဟာ ၅.၇ လက်မ နဲ့ ထွက်ရှိမယ်လို့ သိရပါတယ်။

ဒီထက်ပိုပြီး ထူးခြားမှာကတော့ MIUI Version 9 နဲ့ Mi 6 Plus ကို ပွဲထုတ်မှာလို့ သိရပါတယ်။ ပိုမိုတိကျတဲ့ သတင်းတွေကတော့ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

Zawgyi Font : Xiaomi မွ ဂြ်န္လတြင္ Mi6 Plus ထြက္ရွိမည္ဟု သတင္းေပါက္ၾကား

ျပီးခဲ့တဲ့ ဧျပီ ၁၉ ရက္ေန႕မွာ ျပသခဲ့တဲ့ Xiaomi Mi 6 ဟာ လူတိုင္းနီးပါးရဲ႕ စိတ္၀င္စားမႈကို ခံခဲ့ရျပီး မ်က္ႏွာျပင္ ၅.၁၅ လက္မ နဲ႕ ထြက္ရွိလာပါတယ္။ Process အပိုင္းအေနနဲ႕ Snapdragon 835 SOC  တပ္ဆင္ထားေပးျပီး RAM 6GB ျဖစ္တာေၾကာင့္ Performance ပိုင္းမွာ လံုး၀ကို အလန္းစားျဖစ္ေနပါတယ္။

ဒါ့အျပင္ Storage အေနနဲ႕ 64GB နဲ႕128 GB အျဖစ္ စိတ္ၾကိဳက္ေရြးခ်ယ္၀ယ္ယူႏိုင္အံုးမွာျဖစ္ျပီး ကင္မရာပုိင္းအေနနဲ႕ ေက်ာဘက္ ကင္မရာ ႏွစ္လံုးတပ္ဆင္ထားေပးပါတယ္။ 10 ဆအထိ ဆြဲခ်ဲ႕ႏိုင္ျပီး 4-axis OlS Stabilization ေၾကာင့္  လက္တုန္ေနတာေတာင္ ဓာတ္ပံုနဲ႕ ဗီဒီယိုေတြကို အထစ္အေငါ့မရွိဘဲ ရိုက္ကူးႏုိင္အံုးမွာ ျဖစ္ပါတယ္။ လက္ေဗြရာ စနစ္ကိုလည္း မွန္သားျပင္ေအာက္မွာ ထည့္ထားေပးတဲ့အတြက္ အလန္းစား Feature တစ္ခုလည္း ျဖစ္ပါတယ္။

MIUI 8 နဲ႕ေထာက္ပံ့ေပးထားတဲ့ Xiaomi Mi6 ဟာ မၾကာခင္ရက္ပိုင္းမွာ ၀ယ္ယူရရွိႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ သို႕ေသာ္လည္း Xiaomi ကေန ဂြ်န္လ မွာ Mi6 Plus ထြက္မယ္လို႕ သတင္းေပါက္ၾကားထားပါေသးတယ္။ Hardware ပိုင္းဆိုင္ရာ သိပ္မကြာျခားႏုိင္ေပမယ့္ ေပါက္ၾကားထားတဲ့ သတင္းအရ မ်က္ႏွာျပင္ဟာ ၅.၇ လက္မ နဲ႕ ထြက္ရွိမယ္လို႕ သိရပါတယ္။

ဒီထက္ပိုျပီး ထူးျခားမွာကေတာ့ MIUI Version 9 နဲ႕ Mi 6 Plus ကို ပြဲထုတ္မွာလို႕ သိရပါတယ္။ ပိုမိုတိက်တဲ့ သတင္းေတြကေတာ့ ေစာင့္ၾကည့္ရအံုးမွာ ျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: